(Zawgyi)

မ်က္မျမင္မိသားစုအတြက္ အလႉရွင္ကေတာ့ ဦးျမင့္သိန္းႏွင့္ ေဖာင္ေဒးရွင္းမွ ေကာက္ခံရရွိေငြတို႔ စုေပါင္း လႉေပးတာပါ။ ေလာေလာဆယ္ အခန္းငွားခနဲ႔ လိုအပ္တာသုံးဖို႔ အတြက္လဲလႉေပးခဲ့ပါတယ္။အိမ္ေလးၿပီးမွပဲ ဆက္ေဖာ္ျပေပးပါ့မယ္အိမ္ေလးထဲလိုအပ္တာေလးေတြလဲ ေပးပို႔ လႉဒါန္းေပးသြားပါ အုံး မယ္။ကေလးတို႔အတြက္ လုံၿခဳံနားခိုရာ အိမ္ေလးရမွာမို႔အလႉရွင္မ်ားအား ေက်းဇူး အထူးတင္ရွိပါတယ္။

ဧရာဝတီတိုင္းေဒသႀကီး၊ဝါးခယ္မၿမိဳ႕နယ္၊ က်ဳံမေငးၿမိဳ႕မွ မိဘမ်ားက မ်က္စိျမင္ၾကေပမယ့္ သား၅ေယာက္ မွ သား၄ေယာက္မွာ မ်က္လုံးမ ပါ မျမင္ၾကပါဖူး။သနားစရာ ထူးဆန္းတဲ့ဝဋ္ေႂကြးေတြနဲ႔ အတူ ကံဆုံၾကတဲ့ မိသားစုေလးေပါ့။ဒီေန႔ေတာ့ အလႉရွင္ ေျမာက္ဥကၠလာက ဦးျမင့္သိန္း နဲ႔ အတူသြားျဖစ္ခဲ့ပါတယ္။သားေလးတို႔က မ်က္စိျပန္မျမင္ႏိုင္ေတာ့ပါဘူး။



အႀကီးဆုံးသား ကမ်က္မျမင္ေက်ာင္းမွာ ေက်ာင္းေနၿပီး ဆရာဝန္ေတြ နဲ႔ စစ္ေဆးၾကည့္ဖူးၿပီးပါၿပီ။အခု သားတို႔မိသားစုေတြ မွာ အရင္ေန တဲ့ အိမ္က ႏွင္ခ်ခံရလို႔ အေဆာင္ခန္း ေသးေသးေလး ငွားေနရပါတယ္။ေနထိုင္ေရး အခက္အခဲ ျဖစ္ေနတာမို႔ ၿမိဳ႕ကအသင္းအဖြဲ႕မ်ားကို အကူအညီေတာင္းၿပီးသူတို႔မိသားစုေလး ရပ္တည္ေနထိုင္ႏိူင္ဖို႔ ေျမကြက္ေလးဝယ္ဖို႔ နဲ႔ အိမ္ေလးေဆာက္ဖို႔ စီစဥ္ေပးခိုင္းခဲ့ပါတယ္။

ေဝဠဳေက်ာ္ေဖာင္ေဒးရွင္း 09455500010 09455500014 09776089484

(Unicode)

မျက်မမြင်မိသားစုအတွက် အလှူရှင်ကတော့ ဦးမြင့်သိန်းနှင့် ဖောင်ဒေးရှင်းမှ ကောက်ခံရရှိငွေတို့ စုပေါင်း လှူပေးတာပါ။ လောလောဆယ် အခန်းငှားခနဲ့ လိုအပ်တာသုံးဖို့ အတွက်လဲလှူပေးခဲ့ပါတယ်။အိမ်လေးပြီးမှပဲ ဆက်ဖော်ပြပေးပါ့မယ်အိမ်လေးထဲလိုအပ်တာလေးတွေလဲ ပေးပို့ လှူဒါန်းပေးသွားပါ အုံး မယ်။ကလေးတို့အတွက် လုံခြုံနားခိုရာ အိမ်လေးရမှာမို့အလှူရှင်များအား ကျေးဇူး အထူးတင်ရှိပါတယ်။

ဧရာဝတီတိုင်းဒေသကြီး၊ဝါးခယ်မမြို့နယ်၊ ကျုံမငေးမြို့မှ မိဘများက မျက်စိမြင်ကြပေမယ့် သား၅ယောက် မှ သား၄ယောက်မှာ မျက်လုံးမ ပါ မမြင်ကြပါဖူး။သနားစရာ ထူးဆန်းတဲ့ဝဋ်ကြွေးတွေနဲ့ အတူ ကံဆုံကြတဲ့ မိသားစုလေးပေါ့။ဒီနေ့တော့ အလှူရှင် မြောက်ဥက္ကလာက ဦးမြင့်သိန်း နဲ့ အတူသွားဖြစ်ခဲ့ပါတယ်။သားလေးတို့က မျက်စိပြန်မမြင်နိုင်တော့ပါဘူး။



အကြီးဆုံးသား ကမျက်မမြင်ကျောင်းမှာ ကျောင်းနေပြီး ဆရာဝန်တွေ နဲ့ စစ်ဆေးကြည့်ဖူးပြီးပါပြီ။အခု သားတို့မိသားစုတွေ မှာ အရင်နေ တဲ့ အိမ်က နှင်ချခံရလို့ အဆောင်ခန်း သေးသေးလေး ငှားနေရပါတယ်။နေထိုင်ရေး အခက်အခဲ ဖြစ်နေတာမို့ မြို့ကအသင်းအဖွဲ့များကို အကူအညီတောင်းပြီးသူတို့မိသားစုလေး ရပ်တည်နေထိုင်နိူင်ဖို့ မြေကွက်လေးဝယ်ဖို့ နဲ့ အိမ်လေးဆောက်ဖို့ စီစဉ်ပေးခိုင်းခဲ့ပါတယ်။

ဝေဠုကျော်ဖောင်ဒေးရှင်း 09455500010 09455500014 09776089484

Post a Comment

Previous Post Next Post