(Zawgyi)


ျမန္မာႏိုင္ငံရဲ႕ ထိပ္တန္းမင္းသား ျမင့္ျမတ္က သ႐ုပ္ေဆာင္ေကာင္းၿပီး က်ရာဇာတ္႐ုပ္ကို ပီပီျပင္ျပင္ သ႐ုပ္ေဆာင္ႏိုင္တာေၾကာင့္ သဘာဝမင္းသားလို႔ေတာင္ တင္စားၾကတာ ျဖစ္ပါတယ္။ ျမင့္ျမတ္က အက္႐ွင္ကား၊ ဟာသကား၊ ဒရမ္မာစတဲ့ ဇာတ္ရုပ္တိုင္းကို အေကာင္းဆံုး



သ႐ုပ္ေဆာင္ႏိုင္တာေၾကာင့္ အကယ္ဒမီဆုႀကီးတစ္ဆုကို လက္ဝယ္ပိုင္ဆိုင္ခဲ့ၿပီး တစ္နိုင္ငံလံုးအတိုင္းအတာနဲ့ ပရိသတ္ေတြရဲ႕ အားေပးမႈကို မ်ားစြာရရိွခဲ့တာ ျဖစ္ပါတယ္။ နိုင္ငံေက်ာ္မင္းသားတစ္ေယာက္ပီပီ သိုသုိသိပ္သိပ္ေနတတ္တဲ့ ျမင့္ျမတ္က အလွဴအတန္းေတြမ်ားစြာကို ျပဳလုပ္ခဲ့တာပဲ ျဖစ္ပါတယ္။ ဒီကေန့ ျမန္မာတို့ရဲ့ အထြတ္အျမတ္ေန့ေလးျဖစ္တဲ့ ဝါဆိုလျပည့္ေန့ေလးမွာ


လည္း ျမင့္ျမတ္တို့ မိသားစုက ေျမာက္ဒဂံုျမိဳ့နယ္အတြင္းရိွ ဘုန္းၾကီးေက်ာင္းမွာ ဝါဆိုသကၤန္းနဲ့ အရုဏ္ဆြမ္းဆက္ကပ္လွဴဒါန္းခဲ့ျပီး မိသားစုအလွဴေလးတစ္ခုကို ျပဳလုပ္ခဲ့တာပဲ ျဖစ္ပါတယ္။ ျမင့္ျမတ္ကေတာ့ အလွဴအတန္းေတြမ်ားစြာကို ျပဳလုပ္ခဲ့ေပမယ့္ ဘယ္ေတာ့မွာ


သူကုိယ္တိုင္လူလံုးထုတ္မျပပဲ တပည့္တပန္းေတြနဲ့သာ လွဴဒါန္းမႈေတြျပဳေနတာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း ျမင့္ျမတ္တို့မိသားစုရဲ့ ဒီကေန့ အလွဴေလးကို သာဓုေခၚဆိုေပးၾကပါဦးေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ၾကီးအားလံုး သာယာေပ်ာ္ရႊင္တဲ့ ေန့ေလးတစ္ေန့ကို ပိုင္ဆိုင္နိုင္ၾကပါေစလို့ ဆုေတာင္းေပးလုိက္ပါတယ္။


(Unicode)



မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသား မြင့်မြတ်က သရုပ်ဆောင်ကောင်းပြီး ကျရာဇာတ်ရုပ်ကို ပီပီပြင်ပြင် သရုပ်ဆောင်နိုင်တာကြောင့် သဘာဝမင်းသားလို့တောင် တင်စားကြတာ ဖြစ်ပါတယ်။ မြင့်မြတ်က အက်ရှင်ကား၊ ဟာသကား၊ ဒရမ်မာစတဲ့ ဇာတ်ရုပ်တိုင်းကို အကောင်းဆုံး


သရုပ်ဆောင်နိုင်တာကြောင့် အကယ်ဒမီဆုကြီးတစ်ဆုကို လက်ဝယ်ပိုင်ဆိုင်ခဲ့ပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပရိသတ်တွေရဲ့ အားပေးမှုကို များစွာရရှိခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံကျော်မင်းသားတစ်ယောက်ပီပီ သိုသိုသိပ်သိပ်နေတတ်တဲ့ မြင့်မြတ်က အလှူအတန်းတွေများစွာကို ပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒီကနေ့ မြန်မာတို့ရဲ့ အထွတ်အမြတ်နေ့လေးဖြစ်တဲ့ ဝါဆိုလပြည့်နေ့လေးမှာ


လည်း မြင့်မြတ်တို့ မိသားစုက မြောက်ဒဂုံမြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်းမှာ ဝါဆိုသင်္ကန်းနဲ့ အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပြီး မိသားစုအလှူလေးတစ်ခုကို ပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ မြင့်မြတ်ကတော့ အလှူအတန်းတွေများစွာကို ပြုလုပ်ခဲ့ပေမယ့် ဘယ်တော့မှာ


သူကိုယ်တိုင်လူလုံးထုတ်မပြပဲ တပည့်တပန်းတွေနဲ့သာ လှူဒါန်းမှုတွေပြုနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း မြင့်မြတ်တို့မိသားစုရဲ့ ဒီကနေ့ အလှူလေးကို သာဓုခေါ်ဆိုပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Credit Original

Post a Comment

Previous Post Next Post