(Zawgyi)

ေဆးလိပ္ေသာက္တယ္ဆိုတာ မေကာင္းမွန္းသိေပမယ့္လည္း ၾကိဳက္တဲ့လူကေတာ့ ၾကိဳက္ၾကပါတယ္။ ဒါ့ေၾကာင့္ ေဆးလိပ္ေသာက္ရင္ ဘာေရာဂါျဖစ္မယ္ ညာေရာဂါျဖစ္မယ္လို႔ေတာ့ မေျပာခ်င္ေတာ့ပါဘူး။ ဒါေပမယ့္ ေဆးလိပ္ေသာက္ေနက် ပိုက္ဆံကိုစုျပီး အိမ္ဝယ္ႏိုင္ခဲ့တဲ့ အမ်ိဳးသားတစ္ေယာက္အေၾကာင္းေတာ့ ေျပာျပခ်င္ပါတယ္။ အဆိုပါအမ်ိဳးသားဟာ ၈ ႏွစ္တာ ေဆးလိပ္ျဖတ္ခဲ့ျပီး အဲဒီ ၈ ႏွစ္အတြင္းမွာ ေဆးလိပ္ေသာက္မယ့္ ပိုက္ဆံကိုစုကာ အိမ္အၾကီးၾကီးေဆာက္ႏိုင္ခဲ့ေၾကာင္း Storypick သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ သိရွိရပါတယ္။


အဆိုပါအမ်ိဳးသားကေတာ့ အိႏၵိယႏိုင္ငံ၊ Kerala ျပည္နယ္ရွိ အသက္ ၇၅ ႏွစ္အရြယ္ရွိ Venugopalan Nair လို႔ အမည္ရတဲ့ အမ်ိဳးသားပဲ ျဖစ္ပါတယ္။ Niar ဟာ ဆယ္ေက်ာ္သက္အရြယ္ကတည္းက ေဆးလိပ္ကို ႏွစ္ႏွစ္ျခိဳက္ျခိဳက္ေသာက္သံုးခဲ့ျပီး ေဆးလိပ္ရဲ႕ ဆိုးက်ိဳးဒဏ္ကို အသက္ ၆၀ ေက်ာ္မွ ေကာင္းေကာင္းၾကီး ခံစားခဲ့ရပါတယ္။ ဒီလိုနဲ႔ Niar ဟာ အသက္ ၆၇ ႏွစ္အေရာက္မွာေတာ့ Niar ဟာ ေဆးလိပ္ျဖတ္ႏိုင္ခဲ့ပါတယ္။ ျပီးေတာ့ Niar ဟာ ေန႔စဥ္ ေဆးလိပ္တစ္ဘူးခြဲကို ပံုမွန္ေသာက္သံုးေလ့ ရွိပါတယ္။ ဒါ့ေၾကာင့္ ေန႔စဥ္သူေသာက္ေနက် ေဆးလိပ္ရဲ႕ တန္ဖိုးကို ေန႔တိုင္းစုလာခဲ့ျပီး ၈ ႏွစ္ၾကာမွာေတာ့ ရူပီး ၅ သိန္းေက်ာ္ စုႏိုင္ခဲ့ပါတယ္။ ေနာက္ဆံုးမွာေတာ့ Niar ဟာ သူစုထားတဲ့ ပိုက္ဆံနဲ႔ သူ႔ရဲ႕တစ္ထပ္ပဲရွိတဲ့ အိမ္ေလးကို ေနာက္တစ္ဆင့္ျမွင့္ကာ ႏွစ္ထပ္တိုက္အၾကီးၾကီးေဆာက္ႏိုင္ခဲ့ေၾကာင္း သိရပါတယ္။



“ေဆးလိပ္ေသာက္တာ မေကာင္းတာေတာ့ သိတာၾကာပါျပီ။ ဒါေပမယ့္လည္း ေဆးလိပ္ကို မျဖတ္ႏိုင္ခဲ့ပါဘူး။ ေဆးလိပ္ေသာက္တာၾကာေနတဲ့ လူတစ္ေယာက္ကို ေဆးလိပ္ျဖတ္ဖို႔ေျပာရင္ အဲဒီလူက ဘယ္ေတာ့မွ လက္မခံတတ္ပါဘူး။ သူလက္ခံႏိုင္မယ့္အခ်ိန္က ေဆးလိပ္ေၾကာင့္ ခံစားရတဲ့ ေဝဒနာကို သူကိုယ္တိုင္ခံစားရမွ လက္ခံတာပါ။ ကၽြန္ေတာ္လည္း အဲဒီလိုပါပဲ။ ေတာ္ပါေသးတယ္ အသိေနာက္မက်လို႔။ ပိုေကာင္းတာက အဲဒီေဆးလိပ္ေသာက္မယ့္ ပိုက္ဆံေတြကို စုျပီး ကၽြန္ေတာ့္အိမ္ကို ႏွစ္ထပ္အိမ္ေလးေဆာက္ႏိုင္ခဲ့တာပါပဲ” လို႔ Niar က ေျပာၾကားခဲ့ပါတယ္။

Credit – shwemom


(Unicode)


ဆေးလိပ်သောက်တယ်ဆိုတာ မကောင်းမှန်းသိပေမယ့်လည်း ကြိုက်တဲ့လူကတော့ ကြိုက်ကြပါတယ်။ ဒါ့ကြောင့် ဆေးလိပ်သောက်ရင် ဘာရောဂါဖြစ်မယ် ညာရောဂါဖြစ်မယ်လို့တော့ မပြောချင်တော့ပါဘူး။ ဒါပေမယ့် ဆေးလိပ်သောက်နေကျ ပိုက်ဆံကိုစုပြီး အိမ်ဝယ်နိုင်ခဲ့တဲ့ အမျိုးသားတစ်ယောက်အကြောင်းတော့ ပြောပြချင်ပါတယ်။ အဆိုပါအမျိုးသားဟာ ၈ နှစ်တာ ဆေးလိပ်ဖြတ်ခဲ့ပြီး အဲဒီ ၈ နှစ်အတွင်းမှာ ဆေးလိပ်သောက်မယ့် ပိုက်ဆံကိုစုကာ အိမ်အကြီးကြီးဆောက်နိုင်ခဲ့ကြောင်း Storypick သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။



အဆိုပါအမျိုးသားကတော့ အိန္ဒိယနိုင်ငံ၊ Kerala ပြည်နယ်ရှိ အသက် ၇၅ နှစ်အရွယ်ရှိ Venugopalan Nair လို့ အမည်ရတဲ့ အမျိုးသားပဲ ဖြစ်ပါတယ်။ Niar ဟာ ဆယ်ကျော်သက်အရွယ်ကတည်းက ဆေးလိပ်ကို နှစ်နှစ်ခြိုက်ခြိုက်သောက်သုံးခဲ့ပြီး ဆေးလိပ်ရဲ့ ဆိုးကျိုးဒဏ်ကို အသက် ၆၀ ကျော်မှ ကောင်းကောင်းကြီး ခံစားခဲ့ရပါတယ်။ ဒီလိုနဲ့ Niar ဟာ အသက် ၆၇ နှစ်အရောက်မှာတော့ Niar ဟာ ဆေးလိပ်ဖြတ်နိုင်ခဲ့ပါတယ်။ ပြီးတော့ Niar ဟာ နေ့စဉ် ဆေးလိပ်တစ်ဘူးခွဲကို ပုံမှန်သောက်သုံးလေ့ ရှိပါတယ်။ ဒါ့ကြောင့် နေ့စဉ်သူသောက်နေကျ ဆေးလိပ်ရဲ့ တန်ဖိုးကို နေ့တိုင်းစုလာခဲ့ပြီး ၈ နှစ်ကြာမှာတော့ ရူပီး ၅ သိန်းကျော် စုနိုင်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ Niar ဟာ သူစုထားတဲ့ ပိုက်ဆံနဲ့ သူ့ရဲ့တစ်ထပ်ပဲရှိတဲ့ အိမ်လေးကို နောက်တစ်ဆင့်မြှင့်ကာ နှစ်ထပ်တိုက်အကြီးကြီးဆောက်နိုင်ခဲ့ကြောင်း သိရပါတယ်။



“ဆေးလိပ်သောက်တာ မကောင်းတာတော့ သိတာကြာပါပြီ။ ဒါပေမယ့်လည်း ဆေးလိပ်ကို မဖြတ်နိုင်ခဲ့ပါဘူး။ ဆေးလိပ်သောက်တာကြာနေတဲ့ လူတစ်ယောက်ကို ဆေးလိပ်ဖြတ်ဖို့ပြောရင် အဲဒီလူက ဘယ်တော့မှ လက်မခံတတ်ပါဘူး။ သူလက်ခံနိုင်မယ့်အချိန်က ဆေးလိပ်ကြောင့် ခံစားရတဲ့ ဝေဒနာကို သူကိုယ်တိုင်ခံစားရမှ လက်ခံတာပါ။ ကျွန်တော်လည်း အဲဒီလိုပါပဲ။ တော်ပါသေးတယ် အသိနောက်မကျလို့။ ပိုကောင်းတာက အဲဒီဆေးလိပ်သောက်မယ့် ပိုက်ဆံတွေကို စုပြီး ကျွန်တော့်အိမ်ကို နှစ်ထပ်အိမ်လေးဆောက်နိုင်ခဲ့တာပါပဲ” လို့ Niar က ပြောကြားခဲ့ပါတယ်။

Credit – shwemom

Post a Comment

Previous Post Next Post