(Unicode)

လူတရာမှာ (၉၉) ယောက် သူ့အလိုလို ပျောက်သွားတဲ့ ကိုဗစ်ရောဂါနှင့် နောက်ဆုံး တွေ့ရှိချက်များ…

၁။ လူတရာမှာ (၉၉) ယောက်ဟာ ကိုဗစ်ရောဂါ ကို သူ့အလိုလို ပျောက်သွားတယ်။ ဆေးကုစရာမလိုဘူး။ ဒါပေမဲ့ ကိုယ်ခံအားမကောင်းသူကို ကူးမိရင် အဲ့ဒီလူ ဆေးရုံရောက်တတ်တယ်။

၂။ တော်တော်များများက သိတောင်မသိလိုက်ဘူး၊ ပျောက်သွားတယ်။ မပျောက်ပဲ ဗိုင်းရပ်စ် ကြောင့် ဖျားကြတဲ့ လူအများစုဟာ ဖျားပြီး ၁၀ ရက်ကြာရင် အဲ့ဒီ သူ့ခန္တာကိုယ်ထဲက ကိုရိုနာဗိုင်းရပ်စ်ဟာ သူများကို ကူးနိုင်တဲ့စွမ်းအား မရှိတော့ဘူး။

၃။ HIV လို တသမတ်ထဲအားရှိနေတဲ့ ဗိုင်းရပ်စ်မျိုး မဟုတ်လို့ ကာကွယ်ဆေး ဟာ အစွမ်းပြနိုင်မယ်။



၄။ လူသားရဲ့ ဆဲလ်ကိုလှမ်းချိတ်နိုင်တဲ့ ဗိုင်းရပ်စ်ရဲ့ ပရိုတင်း ခြေထောက်အစွယ်ကို ဖျက်ဆီးပေးနိုင်တဲ့ ကိုယ်ခံအား ကို ကာကွယ်ဆေး ထုတ်နေတာ ကုမ္ပဏီ (၇) ခု ရှိနေတယ်။ ဗိုင်းရပ်စ်မှာ ခြေထောက်အများကြီးပါလို့ ခြေချောင်းတခု မဟုတ် တခု ကို ကာကွယ်ဆေး ကိုယ်ခံစွမ်းအားစနစ် က ခုတ်ဖြတ်နိုင်ရင် ဗိုင်းရပ်စ်သေမယ်။

၅။ ရှေးက ကာကွယ်ဆေးတွေဟာ ဓါတ်မတည့်မှုကြောင့် အဆုတ်လေပြွန်ကို ယောင်ယမ်းစေပြီး ပိတ်တတ်တယ်။ အခုထုတ်နေတဲ့ ကာကွယ်ဆေးဟာ အဲ့လို မဖြစ်အောင်စီမံထားတယ်။

၆။ အမေရိကန်အစိုးရဟာ ကာကွယ်ဆေးဖေါ်နေတဲ့ ကုမ္ပဏီ (၇) ခု ကို ဆေးဖေါ်ဖို့ ငွေ ၈ ဘီလီယံ နဲ့ လိုလေသေးမရှိ စီစဉ်ပေးနေတယ်။ ဆေး အလုံးရေ သန်း ၃၀၀ တိတိ ၂၀၂၁ ဇန္နဝါရီလမှာ ထွက်အောင်လုပ်ရမယ်တဲ့။

၇။ ဆေး ကုမ္ပဏီ (၃) ခု ဟာ ပထမအဆင့် ဒုတိယအဆင့် ကျော်ပြီး တတိယအဆင့်ရောက်နေပြီ။ သူတို့ထုတ်တဲ့ဆေးတွေအကုန်လုံး ဗိုင်းရပ်စ် ကို သတ်နိုင်တယ်။ လူရဲ့ ဗိုင်းရပ်စ်ကို တိုက်တဲ့ ကိုယ်ခံအားလည်း သဘာဝ တရားထက် ၂ ဆ ကနေ ၄ ဆ ပိုထွက်တယ်။

၈။ ဆေးထုတ်သူတွေဟာ စမ်းသပ်ကာလမှာတင် အမြောက်အများ ကြိုထုတ်နေကြတယ်။ မအောင်မြင်ရင် စွန့်ပစ်မယ်။ အောင်မြင်ရင် ရယ်ဒီ ဖြစ်အောင်။



၉။ ဆေးဖြန့်တဲ့ကုမ္ပဏီတွေနဲ့ ထိရောက်တဲ့ ဖြန့်ပုံ ဖြန့်နည်း အခုကတည်းက ဆွေးနွေးနေကြပြီ။ ရုရှဆေးဟာ ထုတ်ဖေါ်နည်း အဆင့်သုံးခုလုံး မဖြတ်ခဲ့လို့ ကမ္ဘာက စိုးရိမ်ကြတယ်။

နိုင်ငံတကာဆောင်းပါးတပုဒ်လုံးဖတ်ပြီး ကိုယ်ကြိုက်တဲ့ အပိုင်းတွေ ခြုံရေးထားတာပါ။ ဘာသာပြန်တာ မဟုတ်ပါ။ (Kyaw Swa Min)


(Zawgyi)


လူတရာမွာ (၉၉) ေယာက္ သူ႔အလိုလို ေပ်ာက္သြားတဲ့ ကိုဗစ္ေရာဂါႏွင့္ ေနာက္ဆုံး ေတြ႕ရွိခ်က္မ်ား…

၁။ လူတရာမွာ (၉၉) ေယာက္ဟာ ကိုဗစ္ေရာဂါ ကို သူ႔အလိုလို ေပ်ာက္သြားတယ္။ ေဆးကုစရာမလိုဘူး။ ဒါေပမဲ့ ကိုယ္ခံအားမေကာင္းသူကို ကူးမိရင္ အဲ့ဒီလူ ေဆး႐ုံေရာက္တတ္တယ္။

၂။ ေတာ္ေတာ္မ်ားမ်ားက သိေတာင္မသိလိုက္ဘူး၊ ေပ်ာက္သြားတယ္။ မေပ်ာက္ပဲ ဗိုင္းရပ္စ္ ေၾကာင့္ ဖ်ားၾကတဲ့ လူအမ်ားစုဟာ ဖ်ားၿပီး ၁၀ ရက္ၾကာရင္ အဲ့ဒီ သူ႔ခႏၲာကိုယ္ထဲက ကို႐ိုနာဗိုင္းရပ္စ္ဟာ သူမ်ားကို ကူးႏိုင္တဲ့စြမ္းအား မရွိေတာ့ဘူး။

၃။ HIV လို တသမတ္ထဲအားရွိေနတဲ့ ဗိုင္းရပ္စ္မ်ိဳး မဟုတ္လို႔ ကာကြယ္ေဆး ဟာ အစြမ္းျပႏိုင္မယ္။



၄။ လူသားရဲ႕ ဆဲလ္ကိုလွမ္းခ်ိတ္ႏိုင္တဲ့ ဗိုင္းရပ္စ္ရဲ႕ ပ႐ိုတင္း ေျခေထာက္အစြယ္ကို ဖ်က္ဆီးေပးႏိုင္တဲ့ ကိုယ္ခံအား ကို ကာကြယ္ေဆး ထုတ္ေနတာ ကုမၸဏီ (၇) ခု ရွိေနတယ္။ ဗိုင္းရပ္စ္မွာ ေျခေထာက္အမ်ားႀကီးပါလို႔ ေျခေခ်ာင္းတခု မဟုတ္ တခု ကို ကာကြယ္ေဆး ကိုယ္ခံစြမ္းအားစနစ္ က ခုတ္ျဖတ္ႏိုင္ရင္ ဗိုင္းရပ္စ္ေသမယ္။

၅။ ေရွးက ကာကြယ္ေဆးေတြဟာ ဓါတ္မတည့္မႈေၾကာင့္ အဆုတ္ေလႁပြန္ကို ေယာင္ယမ္းေစၿပီး ပိတ္တတ္တယ္။ အခုထုတ္ေနတဲ့ ကာကြယ္ေဆးဟာ အဲ့လို မျဖစ္ေအာင္စီမံထားတယ္။

၆။ အေမရိကန္အစိုးရဟာ ကာကြယ္ေဆးေဖၚေနတဲ့ ကုမၸဏီ (၇) ခု ကို ေဆးေဖၚဖို႔ ေငြ ၈ ဘီလီယံ နဲ႔ လိုေလေသးမရွိ စီစဥ္ေပးေနတယ္။ ေဆး အလုံးေရ သန္း ၃၀၀ တိတိ ၂၀၂၁ ဇႏၷဝါရီလမွာ ထြက္ေအာင္လုပ္ရမယ္တဲ့။

၇။ ေဆး ကုမၸဏီ (၃) ခု ဟာ ပထမအဆင့္ ဒုတိယအဆင့္ ေက်ာ္ၿပီး တတိယအဆင့္ေရာက္ေနၿပီ။ သူတို႔ထုတ္တဲ့ေဆးေတြအကုန္လုံး ဗိုင္းရပ္စ္ ကို သတ္ႏိုင္တယ္။ လူရဲ႕ ဗိုင္းရပ္စ္ကို တိုက္တဲ့ ကိုယ္ခံအားလည္း သဘာဝ တရားထက္ ၂ ဆ ကေန ၄ ဆ ပိုထြက္တယ္။

၈။ ေဆးထုတ္သူေတြဟာ စမ္းသပ္ကာလမွာတင္ အေျမာက္အမ်ား ႀကိဳထုတ္ေနၾကတယ္။ မေအာင္ျမင္ရင္ စြန္႔ပစ္မယ္။ ေအာင္ျမင္ရင္ ရယ္ဒီ ျဖစ္ေအာင္။



၉။ ေဆးျဖန္႔တဲ့ကုမၸဏီေတြနဲ႔ ထိေရာက္တဲ့ ျဖန္႔ပုံ ျဖန္႔နည္း အခုကတည္းက ေဆြးေႏြးေနၾကၿပီ။ ႐ုရွေဆးဟာ ထုတ္ေဖၚနည္း အဆင့္သုံးခုလုံး မျဖတ္ခဲ့လို႔ ကမာၻက စိုးရိမ္ၾကတယ္။

ႏိုင္ငံတကာေဆာင္းပါးတပုဒ္လုံးဖတ္ၿပီး ကိုယ္ႀကိဳက္တဲ့ အပိုင္းေတြ ၿခဳံေရးထားတာပါ။ ဘာသာျပန္တာ မဟုတ္ပါ။ (Kyaw Swa Min)


Post a Comment

Previous Post Next Post