(Unicode)

မင်္ဂလာဒုံလူနာ (၇၇၅) နေထိုင်တဲ့ အဆောင်မှာ စက်ရုံအလုပ်သမ (၇၅) ယောက်ကျော်နေထိုင်လျက်ရှိ

မင်္ဂလာဒုံမြို့နယ်၊ ကုန်းတလပေါင်ကျေးရွာမှာတွေ့ခဲ့တဲ့ လူနာအမှတ် (၇၇၅)ရဲ့ သမီးတွေဟာ အထည်ချုပ်စက်ရုံ ဝန်ထမ်းတွေဖြစ်ပြီး သူတို့နေတဲ့အဆောင်မှာ လူ(၇၅)ယောက်ကျော်လောက်နေထိုင်နေတယ်လို့ တိုင်းလွှတ်တော်ကိုယ်စားလှယ်ဆီက သိရပါတယ်။

“အဲဒီအဆောင်မှာကတော့ အထည်ချုပ်စက်ရုံကဝန်ထမ်းလေးတွေလည်းရှိတယ်။ ကျွန်မတို့က အခုချိန်မှာတော့ သူတို့ရဲ့ခြံဝင်းတခုလုံးကိုအသွားအလာကန့်သတ်ထားပါတယ်။



လူနာကအလုပ်မလုပ်ပါဘူး။ သူ့သမီးတွေကတော့ စက်ရုံဆင်းတယ်လို့ ကျွန်မတို့သိထားပါတယ်။” လို့မင်္ဂလာဒုံမြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်သန္တာမိုးက ပြောပါတယ်။

ဒါ့အပြင် အဲဒီကျေးရွာက မိုးမခလမ်းကိုလည်း လော့ဒေါင်းချထားပြီး အဆောင်မှာနေတဲ့ စက်ရုံအလုပ်သမား တွေကိုစိစစ်နေတယ်လို့ သိရပါတယ်။

လူနာအမှတ်(၇၇၅)ဟာ ရောဂါပိုးတွေ့ခဲ့တဲ့သူနဲ့ မထိတွေ့ခဲ့ဖူးသလို ပြည်ပနိုင်ငံကိုလည်း အသွားအလာလုပ်တဲ့သူ တယောက်မဟုတ်ဘဲ အိမ်မှာနေတဲ့ အသက်(၆၀)အရွယ် အမျိုးသမီးဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ ဒီနေ့မနက်အထိတော့ ကိုဗစ်အတည်ပြုလူနာ (၇၈၇) ယောက်မှာ ပြန်ကောင်းမွန်သူ(၃၂၅) ယောက်နဲ့ သေဆုံးသူ(၆)ယောက်ရှိနေတယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ သတင်းတွေအရသိရပါတယ်။


(Zawgyi)


မဂၤလာဒုံလူနာ (၇၇၅) ေနထိုင္တဲ့ အေဆာင္မွာ စက္႐ုံအလုပ္သမ (၇၅) ေယာက္ေက်ာ္ေနထိုင္လ်က္ရွိ

မဂၤလာဒုံၿမိဳ႕နယ္၊ ကုန္းတလေပါင္ေက်း႐ြာမွာေတြ႕ခဲ့တဲ့ လူနာအမွတ္ (၇၇၅)ရဲ႕ သမီးေတြဟာ အထည္ခ်ဳပ္စက္႐ုံ ဝန္ထမ္းေတြျဖစ္ၿပီး သူတို႔ေနတဲ့အေဆာင္မွာ လူ(၇၅)ေယာက္ေက်ာ္ေလာက္ေနထိုင္ေနတယ္လို႔ တိုင္းလႊတ္ေတာ္ကိုယ္စားလွယ္ဆီက သိရပါတယ္။

“အဲဒီအေဆာင္မွာကေတာ့ အထည္ခ်ဳပ္စက္႐ုံကဝန္ထမ္းေလးေတြလည္းရွိတယ္။ ကြၽန္မတို႔က အခုခ်ိန္မွာေတာ့ သူတို႔ရဲ႕ၿခံဝင္းတခုလုံးကိုအသြားအလာကန႔္သတ္ထားပါတယ္။



လူနာကအလုပ္မလုပ္ပါဘူး။ သူ႔သမီးေတြကေတာ့ စက္႐ုံဆင္းတယ္လို႔ ကြၽန္မတို႔သိထားပါတယ္။” လို႔မဂၤလာဒုံၿမိဳ႕နယ္တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚသႏၲာမိုးက ေျပာပါတယ္။

ဒါ့အျပင္ အဲဒီေက်း႐ြာက မိုးမခလမ္းကိုလည္း ေလာ့ေဒါင္းခ်ထားၿပီး အေဆာင္မွာေနတဲ့ စက္႐ုံအလုပ္သမား ေတြကိုစိစစ္ေနတယ္လို႔ သိရပါတယ္။

လူနာအမွတ္(၇၇၅)ဟာ ေရာဂါပိုးေတြ႕ခဲ့တဲ့သူနဲ႔ မထိေတြ႕ခဲ့ဖူးသလို ျပည္ပႏိုင္ငံကိုလည္း အသြားအလာလုပ္တဲ့သူ တေယာက္မဟုတ္ဘဲ အိမ္မွာေနတဲ့ အသက္(၆၀)အ႐ြယ္ အမ်ိဳးသမီးျဖစ္တယ္လို႔ သိရပါတယ္။

ျမန္မာႏိုင္ငံမွာ ဒီေန႔မနက္အထိေတာ့ ကိုဗစ္အတည္ျပဳလူနာ (၇၈၇) ေယာက္မွာ ျပန္ေကာင္းမြန္သူ(၃၂၅) ေယာက္နဲ႔ ေသဆုံးသူ(၆)ေယာက္ရွိေနတယ္လို႔ က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာနက ထုတ္ျပန္ထားတဲ့ သတင္းေတြအရသိရပါတယ္။

Post a Comment

Previous Post Next Post