(Zawgyi)

မႊား မွ တစ္ဆင့္ဗိုင္းရပ္စ္ကူးစက္မႈေၾကာင့္ တ႐ုတ္ႏိုင္ငံ၊ အန္ေဟြး တြင္ လူ(၁၀)ဦးေသဆုံး၊ (၆၇)ဦးကူးစက္ခံရ မႊား မွ တစ္ဆင့္ျဖစ္ေပၚေသာ ဗိုင္းရပ္စ္ကူးစက္မႈအသစ္တစ္မ်ိဳး တ႐ုတ္ႏိုင္ငံအေရွ႕ပိုင္းတြင္ျဖစ္ေပၚလ်က္ရွိေၾကာင္း ႏိုင္ငံပိုင္သတင္းဌာနမွ ေရးသားခ်က္ကို ကိုးကားၿပီး ႏိုင္ငံျခားမီဒီယာမ်ားေတြက ေဖာ္ျပပါတယ္။တ႐ုတ္ႏိုင္ငံအေရွ႕ပိုင္းရွိ အန္ေဟြ႕ ႏွင့္ ခ်န္ဇု ျပည္နယ္မ်ားတြင္ အဆိုပါဗိုင္းရပ္စ္ကူးစက္မႈျဖစ္ေပၚေနျခင္းျဖစ္ၿပီး၊ အန္ေဟြ႕တြင္ လူေပါင္း ၂၃ ဦးကူးစက္ခံေနရသည္ဟု ေရးသားေဖာ္ျပပါတယ္။ အဆိုပါကူးစက္မႈမွာ ဒုတိယအႀကိမ္ျဖစ္ၿပီး ပထမဆုံးကူးစက္မႈမွာ ၂၀၂၀ ႏွစ္အစပိုင္းကတည္းကျဖစ္ေပၚေနတာ ျဖစ္ပါတယ္။ ပထမဆုံးကူးစက္မႈအတြင္း ခ်န္ဇုျပည္နယ္ရွိ လူေပါင္း ၃၇ ဦးကူးစက္ခံခဲ့ရပါတယ္။


                          

ခ်န္ဇုျပည္နယ္ၿမိဳ႕ေတာ္၊ နန္က်င္း ရွိ အမ်ိဳးသမီးတစ္ဦးမွာ ေခ်ာင္းဆိုးျခင္း၊ ေခါင္းကိုက္ျခင္း၊ အနီစက္မ်ားထြက္ေပၚလာျခင္းမ်ားျဖစ္ေပၚခဲ့ၿပီး ေဆး႐ုံတက္ေရာက္ကုသခဲ့ရာတြင္ အဆိုပါ ဗိုင္းရပ္စ္ (SFTS) မွန္းသိရွိခဲ့ရပါတယ္။ တစ္လခန႔္ကုသအၿပီးတြင္ ထိုအမ်ိဳးသမီးမွာ ေဆး႐ုံမွ ဆင္းခြင့္ရရွိခဲ့ပါတယ္။အဆိုပါ SFTS ဗိုင္းရပ္စ္ေၾကာင့္ အန္ေဟြး ရွိ လူေပါင္း (၁၀) ဦးတိတိေသဆုံးခဲ့ၿပီးျဖစ္သည္။ သို႔ေသာ္ SFTS မွာ ဗိုင္းရပ္စ္အမ်ိဳးအစားသစ္တစ္ခုေတာ့မဟုတ္ေပ။ ၂၀၁၁ ခုႏွစ္ကတည္းက အဆိုပါဗိုင္းရပ္စ္ကို တ႐ုတ္ဗိုင္းရပ္စ္သိပၸံပညာရွင္မ်ားက ေတြ႕ရွိခဲ့ျခင္းျဖစ္ၿပီး Bunyarvirus အမ်ိဳးအစားထဲတြင္ပါဝင္ေသာ အုပ္စုျဖစ္ပါတယ္။



ဗိုင္းရပ္စ္ကြၽမ္းက်င္သူ ႏွင့္ ဓာတ္ခြဲခန္းရလာဒ္မ်ားအရ အဆိုပါ ဗိုင္းရပ္စ္သည္ မႊားေကာင္ (Tick) မ်ားမွ တဆင့္လူခႏၶာကိုယ္ထဲဝင္ေရာက္ႏိုင္ၿပီး လူမွလူသို႔ကူးစက္ႏိုင္ (human to human transmission) ေသာဗိုင္းရပ္စ္ျဖစ္တယ္လို႔ သိရပါတယ္။ အဆိုပါ ရလာဒ္ႏွင့္ပတ္သက္ၿပီး ရွင္က်န္းတကၠသိုလ္ မွ ပါေမာကၡေဒါက္တာ ရွန္က်ိဖန္ (Sheng Jifang) က မွတ္တမ္းမွတ္ရာႏွင့္တကြေရးသားခဲ့ျခင္းျဖစ္ၿပီး လူမွလူသို႔ကူးစက္ရာတြင္အဓိကအေရးပါေသာအခ်က္မ်ားမွာ တံေတြး၊ ႏွပ္ ႏွင့္ သလိပ္ ကဲ့သို႔ခႏၶာကိုယ္မွထြက္လာေသာ အရည္မ်ားျဖစ္တယ္လို႔ ဆိုပါတယ္။ေဒါက္တာ ရွန္ မွ ထပ္မံျဖည့္စြက္ေျပာၾကားရာတြင္ SFTS ဗိုင္းရပ္စ္အဓိက ကူးစက္ရေသာအခ်က္မွာ မႊားေကာင္ကိုက္ခံရျခင္းမွျဖစ္ၿပီး အေနအထိုင္ (ကုသမႈခံယူျခင္း၊ တျခားသို႔မကူးစက္ေအာင္ေနထိုင္ျခင္း) ဆင္ျခင္သမွ် ေၾကာက္႐ြံ႕ရန္မလိုအပ္သလို၊ လက္ရွိျဖစ္ေနေသာ ကို႐ိုနာဗိုင္းရပ္စ္ ကဲ့သို႔ Pandemic ျဖစ္ရန္လည္း အလားအလာမရွိပါလို႔ ဆိုပါတယ္။



Credit to Original


(Unicode)


မွှား မှ တစ်ဆင့်ဗိုင်းရပ်စ်ကူးစက်မှုကြောင့် တရုတ်နိုင်ငံ၊ အန်ဟွေး တွင် လူ(၁၀)ဦးသေဆုံး၊ (၆၇)ဦးကူးစက်ခံရ မွှား မှ တစ်ဆင့်ဖြစ်ပေါ်သော ဗိုင်းရပ်စ်ကူးစက်မှုအသစ်တစ်မျိုး တရုတ်နိုင်ငံအရှေ့ပိုင်းတွင်ဖြစ်ပေါ်လျက်ရှိကြောင်း နိုင်ငံပိုင်သတင်းဌာနမှ ရေးသားချက်ကို ကိုးကားပြီး နိုင်ငံခြားမီဒီယာများတွေက ဖော်ပြပါတယ်။တရုတ်နိုင်ငံအရှေ့ပိုင်းရှိ အန်ဟွေ့ နှင့် ချန်ဇု ပြည်နယ်များတွင် အဆိုပါဗိုင်းရပ်စ်ကူးစက်မှုဖြစ်ပေါ်နေခြင်းဖြစ်ပြီး၊ အန်ဟွေ့တွင် လူပေါင်း ၂၃ ဦးကူးစက်ခံနေရသည်ဟု ရေးသားဖော်ပြပါတယ်။ အဆိုပါကူးစက်မှုမှာ ဒုတိယအကြိမ်ဖြစ်ပြီး ပထမဆုံးကူးစက်မှုမှာ ၂၀၂၀ နှစ်အစပိုင်းကတည်းကဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။ ပထမဆုံးကူးစက်မှုအတွင်း ချန်ဇုပြည်နယ်ရှိ လူပေါင်း ၃၇ ဦးကူးစက်ခံခဲ့ရပါတယ်။






ချန်ဇုပြည်နယ်မြို့တော်၊ နန်ကျင်း ရှိ အမျိုးသမီးတစ်ဦးမှာ ချောင်းဆိုးခြင်း၊ ခေါင်းကိုက်ခြင်း၊ အနီစက်များထွက်ပေါ်လာခြင်းများဖြစ်ပေါ်ခဲ့ပြီး ဆေးရုံတက်ရောက်ကုသခဲ့ရာတွင် အဆိုပါ ဗိုင်းရပ်စ် (SFTS) မှန်းသိရှိခဲ့ရပါတယ်။ တစ်လခန့်ကုသအပြီးတွင် ထိုအမျိုးသမီးမှာ ဆေးရုံမှ ဆင်းခွင့်ရရှိခဲ့ပါတယ်။အဆိုပါ SFTS ဗိုင်းရပ်စ်ကြောင့် အန်ဟွေး ရှိ လူပေါင်း (၁၀) ဦးတိတိသေဆုံးခဲ့ပြီးဖြစ်သည်။ သို့သော် SFTS မှာ ဗိုင်းရပ်စ်အမျိုးအစားသစ်တစ်ခုတော့မဟုတ်ပေ။ ၂၀၁၁ ခုနှစ်ကတည်းက အဆိုပါဗိုင်းရပ်စ်ကို တရုတ်ဗိုင်းရပ်စ်သိပ္ပံပညာရှင်များက တွေ့ရှိခဲ့ခြင်းဖြစ်ပြီး Bunyarvirus အမျိုးအစားထဲတွင်ပါဝင်သော အုပ်စုဖြစ်ပါတယ်။



ဗိုင်းရပ်စ်ကျွမ်းကျင်သူ နှင့် ဓာတ်ခွဲခန်းရလာဒ်များအရ အဆိုပါ ဗိုင်းရပ်စ်သည် မွှားကောင် (Tick) များမှ တဆင့်လူခန္ဓာကိုယ်ထဲဝင်ရောက်နိုင်ပြီး လူမှလူသို့ကူးစက်နိုင် (human to human transmission) သောဗိုင်းရပ်စ်ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ရလာဒ်နှင့်ပတ်သက်ပြီး ရှင်ကျန်းတက္ကသိုလ် မှ ပါမောက္ခဒေါက်တာ ရှန်ကျိဖန် (Sheng Jifang) က မှတ်တမ်းမှတ်ရာနှင့်တကွရေးသားခဲ့ခြင်းဖြစ်ပြီး လူမှလူသို့ကူးစက်ရာတွင်အဓိကအရေးပါသောအချက်များမှာ တံတွေး၊ နှပ် နှင့် သလိပ် ကဲ့သို့ခန္ဓာကိုယ်မှထွက်လာသော အရည်များဖြစ်တယ်လို့ ဆိုပါတယ်။ဒေါက်တာ ရှန် မှ ထပ်မံဖြည့်စွက်ပြောကြားရာတွင် SFTS ဗိုင်းရပ်စ်အဓိက ကူးစက်ရသောအချက်မှာ မွှားကောင်ကိုက်ခံရခြင်းမှဖြစ်ပြီး အနေအထိုင် (ကုသမှုခံယူခြင်း၊ တခြားသို့မကူးစက်အောင်နေထိုင်ခြင်း) ဆင်ခြင်သမျှ ကြောက်ရွံ့ရန်မလိုအပ်သလို၊ လက်ရှိဖြစ်နေသော ကိုရိုနာဗိုင်းရပ်စ် ကဲ့သို့ Pandemic ဖြစ်ရန်လည်း အလားအလာမရှိပါလို့ ဆိုပါတယ်။

Credit to Original

Post a Comment

Previous Post Next Post