(Unicode)


ကြောက်စရာမလိုတဲ့ D614G ကိုဗစ်ရောဂါ အကြောင်း…

ကြောက်စရာမလိုတဲ့ D614G ကိုဗစ်ရောဂါ အကြောင်း…အားလုံးအတွက် ဝမ်းသာစရာပါ ……။

ဒေါက်တာခင်ခင်ကြီးက ပိုပြီး ကူးစက်လွယ်တဲ့ D614G ဘာညာဆိုတော့ လွှတ်ကြောက်နေကြလို့ ကြောက်စရာ မလိုကြောင်းကို သေချာရှင်းပြပါမယ် …။

တွဲထားတဲ့ ပုံကတော့ ကျနော့်လို ဖွတ်ကြားကောင်ပြောရင် မင်းက ဘာကောင်မို့ ယုံရမှာလဲ ထင်မှာစိုးလို့ သက်သေတွဲထားတာပါ။ အရင်ကတည်းက ကျနော် ယုံကြည် ယူဆထားတာနဲ့ ထပ်တူမို့ပါပဲ …။

D614G ဟာ ဆယ်ဆ ပိုပြီး ကူးစက်လွယ်တာ ဟုတ်ပါတယ်။ ဒါပေမယ့် သတင်းကောင်းက အဆိုပါ မျိုးကွဲဟာ ဖေဖေါ်ဝါရီလ အစပိုင်းကတည်းက ပေါ်နေတာဖြစ်ပြီး ဥရောပမှာ အဲဒီ D614G ပေါ်လာပြီးတဲ့ နောက်ပိုင်းမှာ သေဆုံးနှုန်းကျသွားပါတယ်တဲ့ …။

ကူးစက်နှုန်းများပေမယ့် သေဖို့ မလွယ်တော့တဲ့ ဗိုင်းရပ်စ်ဟာ ပိုကောင်းလားမကောင်းလား ……။

သက်သေအနေနဲ့ကတော့ အခု ရခိုင်မှာ ရောဂါတွေ့တဲ့သူတွေ ဖျားတဲ့သူ အရမ်းနည်းပါတယ်။ ဖျားလို့သိတာမဟုတ်ဘဲ contact tracing ကြောင့် ဒီလောက်များများ ပေါ်သွားတာပါ။ ရောဂါ ဘယ်လောက်ပျော့လဲဆိုတာရဲ့ သက်သေပါ …။

ကာကွယ်ဆေးမျှော်နေတဲ့သူတွေအတွက် စိတ်မကောင်းစရာတစ်ခုကတော့ လက်ရှိ ရှာနေတဲ့ ကာကွယ်ဆေး Vaccine တွေဟာ D614G ကို ကာကွယ်နိုင်မလား မသေချာပါဘူးတဲ့ …။

ဗိုင်းရပ်စ်တွေရဲ့ ထုံးစံအတိုင်း အခုလို ဆက်ပြီး Mutate ပြောင်းလဲသွားမယ်ဆိုရင် ဖြစ်လာနိုင်တာ တုတ်ကွေးလိုမျိုး လူများများမှာ ကူးပြီးတော့ ရောဂါပြင်းထန်မှုနှုန်း ကျသွားတာ၊ ရောဂါလက္ခဏာ မပြဘဲနဲ့ အကြာကြီးကိုယ်ထဲမှာ ရှိနေနိုင်တာမျိုးပဲ ဖြစ်ပါလိမ့်မယ်တဲ့ …။

ကျွန်တော် အရင်ပြောဖူးသလိုပဲ ဗိုင်းရပ်စ်ဆိုတာ တခြားကမ္ဘာက ဂြိုလ်သားလို့ တင်စားရတဲ့ အကောင်ပါ၊ သူ့ကို သတ်မယ့်ဆေးပေါ်လာရင် နောက်တစ်မျိုးကို ပြောင်းဖို့ အရမ်းမြန်ဆန်တတ်ပါတယ်။ ဒါကို တကယ်လိုက်ပြောင်းပြီး တိုက်ခိုက်နိုင်တာ လူခန္ဓာကိုယ်ရဲ့ ခုခံအား စနစ်ပဲရှိပါတယ်။

ဒီတော့ ကျန်းမာအောင်နေပါ။ ဆီးချို သွေးတိုး ကင်ဆာစတာတွေမဖြစ်အောင် အစားအစာ ဆင်ခြင်ပါ။ အဝမလွန်ပါစေနဲ့။ လေ့ကျင့်ခန်း မှန်မှန်လုပ်ပါ။ အိပ်ချိန်မှန်မှန်အိပ်ပါ။

ဒီနည်းထက် ကောင်းတဲ့ ဗိုင်းရပ်စ်ကာကွယ်နည်း မရှိပါဘူး။ အိမ်ထဲနေပါ လက်ဆေးပါ Mask တပ်ပါ ဆိုတာတွေက ရေရှည် ဘယ်သူမှ မှန်မှန်မလုပ်နိုင်ပါဘူး …။



Dr. Kyaw Kyaw Sai (M.B.,B.S. IM1)

(Edited – တစ်ယောက်မှ မဖျားသေးဘူးဆိုတဲ့ အသုံးအနှုန်းပြင်လိုက်ပါတယ်။ ဦးဆုံးစသိတဲ့သူက အဖျားပြင်းလို့လာပြရင်း သိတာဆိုတာ မေ့သွားလို့ပါ။ ကျွန်တော့်အမှားပါ)


(Zawgyi)


ေၾကာက္စရာမလိုတဲ့ D614G ကိုဗစ္ေရာဂါ အေၾကာင္း…

ေၾကာက္စရာမလိုတဲ့ D614G ကိုဗစ္ေရာဂါ အေၾကာင္း…အားလံုးအတြက္ ၀မ္းသာစရာပါ ……။

ေဒါက္တာခင္ခင္ႀကီးက ပိုၿပီး ကူးစက္လြယ္တဲ့ D614G ဘာညာဆိုေတာ့ လႊတ္ေၾကာက္ေနၾကလို႔ ေၾကာက္စရာ မလိုေၾကာင္းကို ေသခ်ာရွင္းျပပါမယ္ …။

တြဲထားတဲ့ ပုံကေတာ့ က်ေနာ့္လို ဖြတ္ၾကားေကာင္ေျပာရင္ မင္းက ဘာေကာင္မို႔ ယုံရမွာလဲ ထင္မွာစိုးလို႔ သက္ေသတြဲထားတာပါ။ အရင္ကတည္းက က်ေနာ္ ယုံၾကည္ ယူဆထားတာနဲ႔ ထပ္တူမို႔ပါပဲ …။

D614G ဟာ ဆယ္ဆ ပိုၿပီး ကူးစက္လြယ္တာ ဟုတ္ပါတယ္။ ဒါေပမယ့္ သတင္းေကာင္းက အဆိုပါ မ်ိဳးကြဲဟာ ေဖေဖၚဝါရီလ အစပိုင္းကတည္းက ေပၚေနတာျဖစ္ၿပီး ဥေရာပမွာ အဲဒီ D614G ေပၚလာၿပီးတဲ့ ေနာက္ပိုင္းမွာ ေသဆုံးႏႈန္းက်သြားပါတယ္တဲ႔ …။

ကူးစက္ႏႈန္းမ်ားေပမယ့္ ေသဖို႔ မလြယ္ေတာ့တဲ့ ဗိုင္းရပ္စ္ဟာ ပိုေကာင္းလားမေကာင္းလား ……။

သက္ေသအေနနဲ႔ကေတာ့ အခု ရခိုင္မွာ ေရာဂါေတြ႕တဲ့သူေတြ ဖ်ားတဲ့သူ အရမ္းနည္းပါတယ္။ ဖ်ားလို႔သိတာမဟုတ္ဘဲ contact tracing ေၾကာင့္ ဒီေလာက္မ်ားမ်ား ေပၚသြားတာပါ။ ေရာဂါ ဘယ္ေလာက္ေပ်ာ့လဲဆိုတာရဲ႕ သက္ေသပါ …။

ကာကြယ္ေဆးေမၽွာ္ေနတဲ့သူေတြအတြက္ စိတ္မေကာင္းစရာတစ္ခုကေတာ့ လက္ရွိ ရွာေနတဲ့ ကာကြယ္ေဆး Vaccine ေတြဟာ D614G ကို ကာကြယ္နိုင္မလား မေသခ်ာပါဘူးတဲ့ …။

ဗိုင္းရပ္စ္ေတြရဲ့ ထုံးစံအတိုင္း အခုလို ဆက္ၿပီး Mutate ေျပာင္းလဲသြားမယ္ဆိုရင္ ျဖစ္လာနိုင္တာ တုတ္ေကြးလိုမ်ိဳး လူမ်ားမ်ားမွာ ကူးၿပီးေတာ့ ေရာဂါျပင္းထန္မႈႏႈန္း က်သြားတာ၊ ေရာဂါလကၡဏာ မျပဘဲနဲ႔ အၾကာႀကီးကိုယ္ထဲမွာ ရွိေနႏိုင္တာမ်ိဳးပဲ ျဖစ္ပါလိမ့္မယ္တဲ့ …။

ကၽြန္ေတာ္ အရင္ေျပာဖူးသလိုပဲ ဗိုင္းရပ္စ္ဆိုတာ တျခားကမၻာက ၿဂိဳလ္သားလို႔ တင္စားရတဲ့ အေကာင္ပါ၊ သူ႔ကို သတ္မယ့္ေဆးေပၚလာရင္ ေနာက္တစ္မ်ိဳးကို ေျပာင္းဖို႔ အရမ္းျမန္ဆန္တတ္ပါတယ္။ ဒါကို တကယ္လိုက္ေျပာင္းၿပီး တိုက္ခိုက္နိုင္တာ လူခႏၶာကိုယ္ရဲ့ ခုခံအား စနစ္ပဲရွိပါတယ္။

ဒီေတာ့ က်န္းမာေအာင္ေနပါ။ ဆီးခ်ိဳ ေသြးတိုး ကင္ဆာစတာေတြမျဖစ္ေအာင္ အစားအစာ ဆင္ျခင္ပါ။ အဝမလြန္ပါေစနဲ႔။ ေလ့က်င့္ခန္း မွန္မွန္လုပ္ပါ။ အိပ္ခ်ိန္မွန္မွန္အိပ္ပါ။

ဒီနည္းထက္ ေကာင္းတဲ့ ဗိုင္းရပ္စ္ကာကြယ္နည္း မရွိပါဘူး။ အိမ္ထဲေနပါ လက္ေဆးပါ Mask တပ္ပါ ဆိုတာေတြက ေရရွည္ ဘယ္သူမွ မွန္မွန္မလုပ္နိုင္ပါဘူး …။



Dr. Kyaw Kyaw Sai (M.B.,B.S. IM1)

(Edited – တစ္ေယာက္မွ မဖ်ားေသးဘူးဆိုတဲ့ အသုံးအႏႈန္းျပင္လိုက္ပါတယ္။ ဦးဆုံးစသိတဲ့သူက အဖ်ားျပင္းလို႔လာျပရင္း သိတာဆိုတာ ေမ့သြားလို႔ပါ။ ကၽြန္ေတာ္႔အမွားပါ)

Post a Comment

Previous Post Next Post