(Zawgyi)


သ႐ုပ္ေဆာင္ ညီနႏၵဟာ ဒါ႐ိုက္တာ ယုန္ေလး ပုံေဖာ္႐ိုက္ကူးထားတဲ့ “ ငါတို႔ အားလုံးရဲ႕ေျမ” သီခ်င္းမွာ ပါဝင္သ႐ုပ္ေဆာင္ ခဲ့ပါတယ္။ ဒီသီခ်င္း MTV ထဲမွာေတာ့ ညီနႏၵဟာ စစ္ဗိုလ္ခ်ဳပ္ ကာ႐ိုက္တာအျဖစ္ ပါဝင္သ႐ုပ္ေဆာင္ထားတာပါ။ “ ငါတို႔ အားလုံးရဲ႕ေျမ” သီခ်င္း နဲ႔ပတ္သက္ၿပီး သူ႔ရဲ႕ ခံစားခ်က္ေတြကို မီဒီယာကေနတစ္ဆင့္ ေျပာျပလာပါတယ္။


“ အဓိက ကေတာ့ အစ္ကိုတို႔က ဒါ႐ိုက္တာ ခိုင္းတာကို သ႐ုပ္ေဆာင္တယ္။ အကုန္လုံးကို ၿခဳံၿပီးၾကည့္လိုက္ရင္ တင္ျပပုံကေတာ့ ဘယ္သူနဲ႔ဆိုင္သလဲဆိုတာ အားလုံးသိပါတယ္။ ဒါေပမယ့္ အစ္ကို႔ရဲ႕ သမိုင္းေၾကာင္းကို ျပန္ၾကည့္ရင္ အစ္ကိုသည္ ႏိုင္ငံေရးနဲ႔ ပတ္သက္ၿပီး ဘာမွ အရႈပ္အရွင္းမရွိခဲ့ဖူးဘူး။ အခုလည္း ဘာမွရႈပ္ဖို႔ စိတ္ကူးမရွိဘူး။ ေနာင္လည္း အဲဒီလို လုပ္မွာမဟုတ္ဘူး။ ဘာပဲျဖစ္ျဖစ္ ဒီအခ်ိန္မွာ ဒီလိုျဖစ္သြားတဲ့အေပၚ ဘယ္သူ႔ကိုမွ အျပစ္မတင္ခ်င္ပါဘူး။ ကိုယ့္ကိုယ္ကိုယ္ပဲ အျပစ္တင္ပါတယ္။ ေနာက္ ဒီလိုမျဖစ္ေအာင္ အတတ္ႏိုင္ဆုံး ဆင္ျခင္မယ္လို႔ ေျပာခ်င္ပါတယ္” လို႔ ၾသဂုတ္လ(၄) ရက္ေန႔က ေျဖဆိုခဲ့တာပါ။


“ငါတို႔ အားလုံးရဲ႕ ေျမ” သီခ်င္းမွာ ပါဝင္သ႐ုပ္ေဆာင္ဖို႔ အတြက္ ဒါ႐ိုက္တာ ယုန္ေလးဘက္က စတင္ကမ္းလွမ္းခဲ့တယ္လို႔ ညီနႏၵ ကဆိုပါတယ္။ သီခ်င္းတစ္ပုဒ္လုံး ပီးေအာင္ ၾကည့္ၿပီးတဲ့ အခ်ိန္မွာ သူ႔ရဲ႕ သေဘာထားကို အခုလို ေျပာျပလာပါတယ္။ “ အစ္ကို႔ရဲ႕ ေဖ့စ္ဘြတ္အေကာင့္မွာေတာင္မွ အစ္ကိုပါဝင္သ႐ုပ္ေဆာင္ထားတယ္ဆိုေပမယ့္ ျပန္ မ Share ထားဘူး။ အဲဒီေလာက္ဆိုရင္ေတာ့ အစ္ကို အႏုပညာကိုပဲ လုပ္တယ္ဆိုတာ သိေစခ်င္တာပါ။ ေနာက္တစ္ခါ ဒါမ်ိဳး မျဖစ္ေအာင္လို႔ပဲ ဆင္ျခင္ေတာ့မယ္လို႔ ေျပာခ်င္တယ္” လို႔ ဆက္လက္ ေျပာျပထားပါတယ္။


ညီနႏၵက ကိုေတာ့ ဗီဒီယို ဇာတ္ကားေတြကေနတဆင့္ ပရိသတ္အားေပးခဲ့ၾကတာပါ။ အဲဒီေနာက္ သူဟာ စီးပြားေရးဘက္ကို ဦးစားေပးလိုက္တဲ့ အခ်ိန္မွာ အႏုပညာေလာကနဲ႔ ၃ ႏွစ္ေက်ာ္ ေဝးကြာသြားတယ္လို႔လည္း သိရပါတယ္။ သူ႔ရဲ႕ အႏုပညာသက္တမ္းက အႏွစ္ ၂၀ ေက်ာ္ ရပ္တည္ လွ်က္ ရွိပါတယ္။ အခုခ်ိန္မွာေတာ့ သူဟာ ႐ုပ္ရွင္ဇာတ္ကားႀကီးေတြ၊ ႐ုပ္သံ ဇာတ္လမ္းတြဲေတြမွာ ပါဝင္သ႐ုပ္ေဆာင္ထားတာကိုလည္း ေတြ႕ရပါတယ္။

(Unicode)


သရုပ်ဆောင် ညီနန္ဒဟာ ဒါရိုက်တာ ယုန်လေး ပုံဖော်ရိုက်ကူးထားတဲ့ “ ငါတို့ အားလုံးရဲ့မြေ” သီချင်းမှာ ပါဝင်သရုပ်ဆောင် ခဲ့ပါတယ်။ ဒီသီချင်း MTV ထဲမှာတော့ ညီနန္ဒဟာ စစ်ဗိုလ်ချုပ် ကာရိုက်တာအဖြစ် ပါဝင်သရုပ်ဆောင်ထားတာပါ။ “ ငါတို့ အားလုံးရဲ့မြေ” သီချင်း နဲ့ပတ်သက်ပြီး သူ့ရဲ့ ခံစားချက်တွေကို မီဒီယာကနေတစ်ဆင့် ပြောပြလာပါတယ်။


“ အဓိက ကတော့ အစ်ကိုတို့က ဒါရိုက်တာ ခိုင်းတာကို သရုပ်ဆောင်တယ်။ အကုန်လုံးကို ခြုံပြီးကြည့်လိုက်ရင် တင်ပြပုံကတော့ ဘယ်သူနဲ့ဆိုင်သလဲဆိုတာ အားလုံးသိပါတယ်။ ဒါပေမယ့် အစ်ကို့ရဲ့ သမိုင်းကြောင်းကို ပြန်ကြည့်ရင် အစ်ကိုသည် နိုင်ငံရေးနဲ့ ပတ်သက်ပြီး ဘာမှ အရှုပ်အရှင်းမရှိခဲ့ဖူးဘူး။ အခုလည်း ဘာမှရှုပ်ဖို့ စိတ်ကူးမရှိဘူး။ နောင်လည်း အဲဒီလို လုပ်မှာမဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် ဒီအချိန်မှာ ဒီလိုဖြစ်သွားတဲ့အပေါ် ဘယ်သူ့ကိုမှ အပြစ်မတင်ချင်ပါဘူး။ ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ်တင်ပါတယ်။ နောက် ဒီလိုမဖြစ်အောင် အတတ်နိုင်ဆုံး ဆင်ခြင်မယ်လို့ ပြောချင်ပါတယ်” လို့ သြဂုတ်လ(၄) ရက်နေ့က ဖြေဆိုခဲ့တာပါ။


“ငါတို့ အားလုံးရဲ့ မြေ” သီချင်းမှာ ပါဝင်သရုပ်ဆောင်ဖို့ အတွက် ဒါရိုက်တာ ယုန်လေးဘက်က စတင်ကမ်းလှမ်းခဲ့တယ်လို့ ညီနန္ဒ ကဆိုပါတယ်။ သီချင်းတစ်ပုဒ်လုံး ပီးအောင် ကြည့်ပြီးတဲ့ အချိန်မှာ သူ့ရဲ့ သဘောထားကို အခုလို ပြောပြလာပါတယ်။ “ အစ်ကို့ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာတောင်မှ အစ်ကိုပါဝင်သရုပ်ဆောင်ထားတယ်ဆိုပေမယ့် ပြန် မ Share ထားဘူး။ အဲဒီလောက်ဆိုရင်တော့ အစ်ကို အနုပညာကိုပဲ လုပ်တယ်ဆိုတာ သိစေချင်တာပါ။ နောက်တစ်ခါ ဒါမျိုး မဖြစ်အောင်လို့ပဲ ဆင်ခြင်တော့မယ်လို့ ပြောချင်တယ်” လို့ ဆက်လက် ပြောပြထားပါတယ်။


ညီနန္ဒက ကိုတော့ ဗီဒီယို ဇာတ်ကားတွေကနေတဆင့် ပရိသတ်အားပေးခဲ့ကြတာပါ။ အဲဒီနောက် သူဟာ စီးပွားရေးဘက်ကို ဦးစားပေးလိုက်တဲ့ အချိန်မှာ အနုပညာလောကနဲ့ ၃ နှစ်ကျော် ဝေးကွာသွားတယ်လို့လည်း သိရပါတယ်။ သူ့ရဲ့ အနုပညာသက်တမ်းက အနှစ် ၂၀ ကျော် ရပ်တည် လျှက် ရှိပါတယ်။ အခုချိန်မှာတော့ သူဟာ ရုပ်ရှင်ဇာတ်ကားကြီးတွေ၊ ရုပ်သံ ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ထားတာကိုလည်း တွေ့ရပါတယ်။

Credit Original

Post a Comment

Previous Post Next Post