(Unicode)


အဆင်မပြေမှုတွေနဲ့ ခါးသီးနေတဲ့ဘဝအကြောင်းကို ပြောပြလာတဲ့အိစိကွေး

ကလေးသရုပ်ဆောင်ဘဝထဲက ပရိသတ်တွေအားပေးချစ်ခင်မှု ရရှိထားတဲ့ အိစိကွေးဟာ ခုဆိုရင် ဆယ်ကျော်သက်အရွယ် လူငယ်လေးတစ်ယောက်ဖြစ်လို့နေပါပြီနော် ။ လူငယ်သဘဝအတိုင်း ခံစားချက်တွေ ၊ အဆင်မပြေမှုတွေ ၊ ပျော်ရွှင်မှု ဝမ်းနည်းမှုတွေအားလုံးကို ခံစားနေရပြီလို့ဆိုရမှာပါ ။ မကြာခဏဆိုသလို လူမှုကွန်ရက်စာမျက်နှာကနေတဆင့် သူ့ရဲ့ခံစားချက်အချို့ကို ပရိသတ်တွေကို ဝေမျှတတ်ပါတယ် ။



လတ်တလောမှာတော့ အရာအားလုံးက ငါ့အတွက်ဘာလို့ခက်ခဲနေရတာလဲ ဆိုတဲ့ စာသားနဲ့အတူ ချမိတဲ့ သက်ပြင်းတွေက အလင်းနှစ်လောက်ကြာတယ် ဘေးနားမှာ ဖတ်ခနဲပြုတ်ကျလာတဲ့ စိတ်ဓာတ် သူ့ကြည့်တော့ မှောက်လျက်သားနဲ့သနားစရာလေးရယ် မေးချင်တာက ရောက်လာမယ့်နေရက်တွေကရော ဒီလိုပဲ ဆက်ခါးနေဦးမှာလား ဆိုတဲ့ စာသားလေးကို သူ့ရဲ့မိုင်ဒေးကနေတဆင့် အိစိ တစ်ယောက်ရေးသားဖော်ပြခဲ့ပါတယ် ။



အိစိလေးတစ်ယောက် ဘာတွေ ခက်ခဲပြီး အဆင်မပြေဖြစ်နေလည်းမသိပေမယ့် ပရိသတ်တွေကတော့ အိစိလေးအမြန်ဆုံး ပြန်လည်အဆင်ပြေဖို့အတွက်မျှော်လင့်နေကြပါတယ် ။ အိစိတစ်ယောက် အခက်ခဲတွေအားလုံး အမြန်ဆုံးပြေလည်ဖို့အတွက် Cele Gabar TV ကလည်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော် ။



Source : Eisi Kway
Emily (Cele Gabar)


(Zawgyi)


အဆင္မေျပမႈေတြနဲ႔ ခါးသီးေနတဲ့ဘဝအေၾကာင္းကို ေျပာျပလာတဲ့အိစိေကြး

ကေလးသ႐ုပ္ေဆာင္ဘဝထဲက ပရိသတ္ေတြအားေပးခ်စ္ခင္မႈ ရရွိထားတဲ့ အိစိေကြးဟာ ခုဆိုရင္ ဆယ္ေက်ာ္သက္အ႐ြယ္ လူငယ္ေလးတစ္ေယာက္ျဖစ္လို႔ေနပါၿပီေနာ္ ။ လူငယ္သဘဝအတိုင္း ခံစားခ်က္ေတြ ၊ အဆင္မေျပမႈေတြ ၊ ေပ်ာ္႐ႊင္မႈ ဝမ္းနည္းမႈေတြအားလုံးကို ခံစားေနရၿပီလို႔ဆိုရမွာပါ ။ မၾကာခဏဆိုသလို လူမႈကြန္ရက္စာမ်က္ႏွာကေနတဆင့္ သူ႔ရဲ႕ခံစားခ်က္အခ်ိဳ႕ကို ပရိသတ္ေတြကို ေဝမွ်တတ္ပါတယ္ ။



လတ္တေလာမွာေတာ့ အရာအားလုံးက ငါ့အတြက္ဘာလို႔ခက္ခဲေနရတာလဲ ဆိုတဲ့ စာသားနဲ႔အတူ ခ်မိတဲ့ သက္ျပင္းေတြက အလင္းႏွစ္ေလာက္ၾကာတယ္ ေဘးနားမွာ ဖတ္ခနဲျပဳတ္က်လာတဲ့ စိတ္ဓာတ္ သူ႔ၾကည့္ေတာ့ ေမွာက္လ်က္သားနဲ႔သနားစရာေလးရယ္ ေမးခ်င္တာက ေရာက္လာမယ့္ေနရက္ေတြကေရာ ဒီလိုပဲ ဆက္ခါးေနဦးမွာလား ဆိုတဲ့ စာသားေလးကို သူ႔ရဲ႕မိုင္ေဒးကေနတဆင့္ အိစိ တစ္ေယာက္ေရးသားေဖာ္ျပခဲ့ပါတယ္ ။

အိစိေလးတစ္ေယာက္ ဘာေတြ ခက္ခဲၿပီး အဆင္မေျပျဖစ္ေနလည္းမသိေပမယ့္ ပရိသတ္ေတြကေတာ့ အိစိေလးအျမန္ဆုံး ျပန္လည္အဆင္ေျပဖို႔အတြက္ေမွ်ာ္လင့္ေနၾကပါတယ္ ။ အိစိတစ္ေယာက္ အခက္ခဲေတြအားလုံး အျမန္ဆုံးေျပလည္ဖို႔အတြက္ Cele Gabar TV ကလည္း ဆုမြန္ေကာင္းေတာင္းေပးလိုက္ပါတယ္ေနာ္ ။



Source : Eisi Kway
Emily (Cele Gabar)

Post a Comment

Previous Post Next Post