(Zawgyi)


မႏၲေလးတံတားဦးေလဆိပ္သို့ ခရီးသည္ႀကိဳရန္အတြက္ သုံးဘီးယာဥ္ငွားရာမွ ခရီးသည္ႏွင့္ သုံးဘီးယာဥ္ေမာင္းတို့ အခ်င္းမ်ားမွုျဖစ္ပြားခဲ့ၿပီး ခရီးသည္မွ ယာဥ္‌ေမာင္းအား ကတ္ေၾကးျဖင့္ ထိုးမွု ဩဂုတ္ ၁ ရက္က ျဖစ္ပြားခဲ့ေၾကာင္း ေလဆိပ္ နယ္ေျမရဲစခန္းမွ သတင္းရရွိသည္။

ျဖစ္စဥ္မွာ ဩဂုတ္ ၁ရက္ နံနက္၉နာရီခြဲခန႔္က တံတားဦးေလဆိပ္သို့ ခရီးသည္ႀကိဳရန္ ဦး....(၆ဝႏွစ္) ေမာင္းႏွင္သည့္ သုံးဘီးဆိုင္ကယ္အား ကို....(၃၂ႏွစ္)က ငွားရမ္းခဲ့ရာမွ အခ်င္းမ်ားမွု ျဖစ္ပြားခဲ့ျခင္းျဖစ္သည္ဟု သိရသည္။

ခရီးသည္ႀကိဳရန္ သုံးဘီးယာဥ္အား ငွားရမ္းၿပီး တံတားဦး ေလဆိပ္သို့သြားေရာက္ခဲ့ရာ ႀကိဳမည့္ခရီးသည္ မပါလာသျဖင့္ ျပန္ခဲ့ေၾကာင္း၊ ထို့ေနာက္ ေလဆိပ္မွအျပန္အထြက္လမ္း မိုင္တိုင္(၄/၆)အေရာက္တြင္ သုံးဘီးယာဥ္အား ရပ္ခိုင္းခဲ့ေၾကာင္း၊ ခရီးသည္ ေစာင့္‌ရသည္မွာၾကာသျဖင့္ ပိုက္ဆံတိုးေပးရန္ သုံးဘီးေမာင္းသူမွ ေျပာၾကားခဲ့ရာ ငွားရမ္းသူမွလည္း မေပးနိုင္ေၾကာင္း ျပန္လွန္ေျပာဆိုရင္း စကားမ်ားခဲ့ေၾကာင္း၊ ယင္းသို့ျဖစ္ပြားရာ ငွားရမ္းသူမွ သုံးဘီးေပၚရွိ ကတ္ေၾကးျဖင့္ သုံးဘီးယာဥ္ ေမာင္း၏လည္ပင္းအား ထိုးခဲ့သည္ဟု သိရသည္။

အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္၍ တံတားဦးေလဆိပ္ရဲစခန္းသို့ ဆက္သြယ္ေမးျမန္းခဲ့ရာ" ျဖစ္စဥ္ကဟုတ္ပါတယ္။ အမွုဖြင့္ အေရးယူထားပါတယ္။ အသက္အႏၲရာယ္အေျခေနနဲ႔ ပတ္သက္ၿပီး ေလာေလာဆယ္ မသိရေသးပါဘူး "ဟု ရဲအုပ္ဘုန္းေက်ာ္နိုင္က ‌ေျဖၾကားခဲ့သည္။



ထိုသို့ ကက္ေၾကးျဖင့္ ထိုးခဲ့သျဖင့္ သုံးဘီးယာဥ္ေမာင္း ဦး…. (၆ဝႏွစ္)တြင္ ဝဲ၊ယာ နားရြက္လည္ပင္း၊ ဝဲလက္ႂကြယ္ျပတ္ရွဒဏ္ရာ ရရွိၿပီး စိုးရိမ္ရကာ ေဆးကုသမွုခံယူေနရေၾကာင္း သိရသည္။

သုံးဘီးယာဥ္ေမာင္းအား ကက္ေၾကးျဖင့္ထိုးခဲ့သူ ကို...(၃၂ႏွစ္)ကို ေလဆိပ္နယ္ေျမရဲစခန္းတြင္ (ပ)၃၄/၂၀၂၀၊ ရာဇသတ္ႀကီးပုဒ္မ၃၂၆ ျဖင့္ အမွုဖြင့္ထားေၾကာင္း စုံစမ္းသိရသည္။

#Eleven Media Group

(Unicode)

မန္တလေးတံတားဦးလေဆိပ်သို့ ခရီးသည်ကြိုရန်အတွက် သုံးဘီးယာဉ်ငှားရာမှ ခရီးသည်နှင့် သုံးဘီးယာဉ်မောင်းတို့ အချင်းများမှုဖြစ်ပွားခဲ့ပြီး ခရီးသည်မှ ယာဉ်‌မောင်းအား ကတ်ကြေးဖြင့် ထိုးမှု ဩဂုတ် ၁ ရက်က ဖြစ်ပွားခဲ့ကြောင်း လေဆိပ် နယ်မြေရဲစခန်းမှ သတင်းရရှိသည်။

ဖြစ်စဉ်မှာ ဩဂုတ် ၁ရက် နံနက်၉နာရီခွဲခန့်က တံတားဦးလေဆိပ်သို့ ခရီးသည်ကြိုရန် ဦး....(၆ဝနှစ်) မောင်းနှင်သည့် သုံးဘီးဆိုင်ကယ်အား ကို....(၃၂နှစ်)က ငှားရမ်းခဲ့ရာမှ အချင်းများမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ခရီးသည်ကြိုရန် သုံးဘီးယာဉ်အား ငှားရမ်းပြီး တံတားဦး လေဆိပ်သို့သွားရောက်ခဲ့ရာ ကြိုမည့်ခရီးသည် မပါလာသဖြင့် ပြန်ခဲ့ကြောင်း၊ ထို့နောက် လေဆိပ်မှအပြန်အထွက်လမ်း မိုင်တိုင်(၄/၆)အရောက်တွင် သုံးဘီးယာဉ်အား ရပ်ခိုင်းခဲ့ကြောင်း၊ ခရီးသည် စောင့်‌ရသည်မှာကြာသဖြင့် ပိုက်ဆံတိုးပေးရန် သုံးဘီးမောင်းသူမှ ပြောကြားခဲ့ရာ ငှားရမ်းသူမှလည်း မပေးနိုင်ကြောင်း ပြန်လှန်ပြောဆိုရင်း စကားများခဲ့ကြောင်း၊ ယင်းသို့ဖြစ်ပွားရာ ငှားရမ်းသူမှ သုံးဘီးပေါ်ရှိ ကတ်ကြေးဖြင့် သုံးဘီးယာဉ် မောင်း၏လည်ပင်းအား ထိုးခဲ့သည်ဟု သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ တံတားဦးလေဆိပ်ရဲစခန်းသို့ ဆက်သွယ်မေးမြန်းခဲ့ရာ" ဖြစ်စဉ်ကဟုတ်ပါတယ်။ အမှုဖွင့် အရေးယူထားပါတယ်။ အသက်အန္တရာယ်အခြေနေနဲ့ ပတ်သက်ပြီး လောလောဆယ် မသိရသေးပါဘူး "ဟု ရဲအုပ်ဘုန်းကျော်နိုင်က ‌ဖြေကြားခဲ့သည်။

ထိုသို့ ကက်ကြေးဖြင့် ထိုးခဲ့သဖြင့် သုံးဘီးယာဉ်မောင်း ဦး…. (၆ဝနှစ်)တွင် ဝဲ၊ယာ နားရွက်လည်ပင်း၊ ဝဲလက်ကြွယ်ပြတ်ရှဒဏ်ရာ ရရှိပြီး စိုးရိမ်ရကာ ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

သုံးဘီးယာဉ်မောင်းအား ကက်ကြေးဖြင့်ထိုးခဲ့သူ ကို...(၃၂နှစ်)ကို လေဆိပ်နယ်မြေရဲစခန်းတွင် (ပ)၃၄/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ၃၂၆ ဖြင့် အမှုဖွင့်ထားကြောင်း စုံစမ်းသိရသည်။

#Eleven Media Group

Post a Comment

Previous Post Next Post