(Unicode)

တန်ဘိုးရှိတဲ့သူတွေ စွန့်ခွာသွားကြပြီဆိုရင်တော့ တိရိစ္ဆာန်ပင်ဖြစ်နေပါစေ ဂုဏ်ပြုသင့်ပါသည်.. တာဝန်ကျေတဲ့ ” မိုင်းရှာခွေး ” အနားယူပြီဆိုတော့ သူ့သခင်နဲ့ ရဲဘော်ရဲဘက်တွေအားလုံးက လေးလေးစားစားနဲ့အလေးပြုနေကြတဲ့မြင်ကွင်းပုံရိပ်လေးကကြည်နူးစရာပါ…



ဒါကတော့ ထိုင်းက EOD Special Operation Police Division MPB က EOD-K9 မိုင်းရှင်းလင်းရေးခွေး ဟာ သတ်မှတ်ကာလ စစ်မှုထမ်းသက်ပြည့်လို့ ရာသက်ပန်အငြိမ်းစား အနားယူခွင့်ပေးလို့ နှုတ်ဆက်အလေးပြုနေကြပုံပါ.. (လူလိုဆိုလျှင် အငြိမ်းစားပင်စင်ယူတယ်ပေါ့ဗျာ)

သူတို့ဟာ နယ်မြေစိုးမိုးရေးနဲ့ အေးချမ်းသာယာစေဘို့ ထိုင်းတောင်ပိုင်းကအထူးစစ်ဆင်ရေးတွေမှာ အထူးကွန်မန်ဒိုတပ်ရင်းတပ်ဖွဲ့ / ရဲတပ်ရင်းတွေနဲ့ အတူရဲဘော်ရဲဘက်ပမာ သေအတူရှင်မကွဲ လှည့်ကင်း ၊ တိုက်ကင်း ၊ ကင်းပုန်း ၊ လှုပ်ရှားထွက်တဲ့အချိန် မသင်္ကာစရာပေါက်ကွဲစေတတ်တဲ့ မိုင်းဗုံးများ ၊ ကားဗုံးများ ၊ (နင်းမိုင်းတော့မရှိပါ) ကိုအနံ့ခံကာ ပြည်သူတွေရဲ့အသက်အိုးအိမ်စည်းစိမ်ကိုကာကွယ်ပေးကြတဲ့ အထူးလေ့ကျင့်ထားသောခွေးစစ်သည်များသည် အရေးပါအရာရောက်လှပါသည် ။



ခွေကိုထိန်းကျောင်းတဲ့သခင်နှင့်ခွေးတို့ဟာအတူတကွနေထိုင်ပြီးရင်းနှီးဆက်ဆံမှုကလည်း တော်ယုံသံယောဇဉ်မဟုတ်ပါဘူး ၊ ခွေးရဲ့စွမ်းဆောင်ရည်မြင့်မားမှုကြောင့်အောင်မြင်မှုရလျှင် ခွေးသည်လည်းရာထူးတိုးသလို သူ့ကိုထိန်းကျောင်းတဲ့ အကြပ်စစ်သည်တို့သည်လည်း ရာထူးတဆင့်တိုးမြှင့်တိုးမြှင့် ဂုဏ်ပြုခံရပါသည် ။

ခွေးကိုခွေးလိုသိပ်လို့မရပါဘူး ၊ စနစ်တကျသိပ်ရပါသည် ၊ နားချိန်တန်နား ၊ ကျွေးချိန်တန်လျှင်လည်း သူ၏ရပိုင်ခွင့်ရိက္ခာ (Rations) ကိုစနစ်တကျကျွေးရပါသည် ။

ပုံမှာမြင်တွေ့ရတဲ့ ထိုင်းကွန်မန်စိုအထူးရဲတပ်ဖွဲ့က ရဲခွေးတွေဟာ အများဆုံး ၈ နှစ်ခန့်တာဝန်ထမ်းဆောင်ပြီး အနားပေးကာ သာမာန်ခွေးတို့ရဲ့သဘာဝအတိုင်း အငြိမ်းစားယူစေပြီး လွတ်လပ်ခွင့်ပေးကြရပါတယ်…



အဲ့ဒီအချိန်မှာ လုပ်ဖော်ကိုင်ဖက်များက သတိကိုမတ်နေအောင်ဆွဲပြီး ရင်ဘတ်ကြီးထဲကနေ ဂုဏ်ပြုနှုတ်ဆက် အလေးပြုနေကြပုံပါ ။

သူ့သခင်က ဆက်လက်မွေးထားမယ်ဆိုရင်လည်းရနိုင်သလို လေလံစျေးနဲ့ဘဲ ခွေးချစ်တတ်တဲ့တပ်ဖွဲ့ဝင်တွေကမွေးမြူချင်ရင်လည်းရပါတယ် ၊ သေချာမွေးမြူမယ့်သူရဲ့လက်ထဲကိုဘဲလွှဲပြောင်းပေးအပ်တယ်လို့သိရပါတယ် ။

တစ်ချို့ သောခွေးလေးတွေဆိုရင် စစ်မြေပြင်မှာ (သို့) အထူးစစ်ဆင်ရေးလှုပ်ရှားတဲ့ဂွင်မှာ အသက်တွေပေးဆပ်လိုက်ကြရတာလည်းရှိကြတာပေါ့ ၊ ဒါကမသေလို့ကျန်ခဲ့တဲ့ စစ်ပြန်ခွေးကြီး ပေါ့…

မည်သို့ဆိုပင်ဆိုစေကာမှု တန်ဘိုးရှိတဲ့သူတွေစွန့်ခွာသွားကြပြီဆိုရင်တော့ တိရိစ္ဆာန်ပင်ဖြစ်နေပါစေ လူသားတို့က ရိုသေစွာဂုဏ်ပြုနှုတ်ဆက်ခံနေရတာကိုက တစ်ချို့ချို့သော တန်ဘိုးမဲ့ အတ္တလူသားတွေထက်စာလျှင် မြတ်ပါတယ်လေ… (SiThuMaung)



ဒီပုံကတော့ တရုတ်နိုင်ငံက အနားယူတော့မည့် စစ်ခွေးအား အလေးပြုနေကြပုံပါ


(Zawgyi)


တန္ဘိုးရွိတဲ့သူေတြ စြန႔္ခြာသြားၾကၿပီဆိုရင္ေတာ့ တိရိစာၦန္ပင္ျဖစ္ေနပါေစ ဂုဏ္ျပဳသင့္ပါသည္.. တာဝန္ေက်တဲ့ ” မိုင္းရွာေခြး ” အနားယူၿပီဆိုေတာ့ သူ႔သခင္နဲ႔ ရဲေဘာ္ရဲဘက္ေတြအားလုံးက ေလးေလးစားစားနဲ႔အေလးျပဳေနၾကတဲ့ျမင္ကြင္းပုံရိပ္ေလးကၾကည္ႏူးစရာပါ…



ဒါကေတာ့ ထိုင္းက EOD Special Operation Police Division MPB က EOD-K9 မိုင္းရွင္းလင္းေရးေခြး ဟာ သတ္မွတ္ကာလ စစ္မႈထမ္းသက္ျပည့္လို႔ ရာသက္ပန္အၿငိမ္းစား အနားယူခြင့္ေပးလို႔ ႏႈတ္ဆက္အေလးျပဳေနၾကပုံပါ.. (လူလိုဆိုလွ်င္ အၿငိမ္းစားပင္စင္ယူတယ္ေပါ့ဗ်ာ)

သူတို႔ဟာ နယ္ေျမစိုးမိုးေရးနဲ႔ ေအးခ်မ္းသာယာေစဘို႔ ထိုင္းေတာင္ပိုင္းကအထူးစစ္ဆင္ေရးေတြမွာ အထူးကြန္မန္ဒိုတပ္ရင္းတပ္ဖြဲ႕ / ရဲတပ္ရင္းေတြနဲ႔ အတူရဲေဘာ္ရဲဘက္ပမာ ေသအတူရွင္မကြဲ လွည့္ကင္း ၊ တိုက္ကင္း ၊ ကင္းပုန္း ၊ လႈပ္ရွားထြက္တဲ့အခ်ိန္ မသကၤာစရာေပါက္ကြဲေစတတ္တဲ့ မိုင္းဗုံးမ်ား ၊ ကားဗုံးမ်ား ၊ (နင္းမိုင္းေတာ့မရွိပါ) ကိုအနံ႔ခံကာ ျပည္သူေတြရဲ႕အသက္အိုးအိမ္စည္းစိမ္ကိုကာကြယ္ေပးၾကတဲ့ အထူးေလ့က်င့္ထားေသာေခြးစစ္သည္မ်ားသည္ အေရးပါအရာေရာက္လွပါသည္ ။



ေခြကိုထိန္းေက်ာင္းတဲ့သခင္ႏွင့္ေခြးတို႔ဟာအတူတကြေနထိုင္ၿပီးရင္းႏွီးဆက္ဆံမႈကလည္း ေတာ္ယုံသံေယာဇဥ္မဟုတ္ပါဘူး ၊ ေခြးရဲ႕စြမ္းေဆာင္ရည္ျမင့္မားမႈေၾကာင့္ေအာင္ျမင္မႈရလွ်င္ ေခြးသည္လည္းရာထူးတိုးသလို သူ႔ကိုထိန္းေက်ာင္းတဲ့ အၾကပ္စစ္သည္တို႔သည္လည္း ရာထူးတဆင့္တိုးျမႇင့္တိုးျမႇင့္ ဂုဏ္ျပဳခံရပါသည္ ။

ေခြးကိုေခြးလိုသိပ္လို႔မရပါဘူး ၊ စနစ္တက်သိပ္ရပါသည္ ၊ နားခ်ိန္တန္နား ၊ ေကြၽးခ်ိန္တန္လွ်င္လည္း သူ၏ရပိုင္ခြင့္ရိကၡာ (Rations) ကိုစနစ္တက်ေကြၽးရပါသည္ ။

ပုံမွာျမင္ေတြ႕ရတဲ့ ထိုင္းကြန္မန္စိုအထူးရဲတပ္ဖြဲ႕က ရဲေခြးေတြဟာ အမ်ားဆုံး ၈ ႏွစ္ခန႔္တာဝန္ထမ္းေဆာင္ၿပီး အနားေပးကာ သာမာန္ေခြးတို႔ရဲ႕သဘာဝအတိုင္း အၿငိမ္းစားယူေစၿပီး လြတ္လပ္ခြင့္ေပးၾကရပါတယ္…



အဲ့ဒီအခ်ိန္မွာ လုပ္ေဖာ္ကိုင္ဖက္မ်ားက သတိကိုမတ္ေနေအာင္ဆြဲၿပီး ရင္ဘတ္ႀကီးထဲကေန ဂုဏ္ျပဳႏႈတ္ဆက္ အေလးျပဳေနၾကပုံပါ ။

သူ႔သခင္က ဆက္လက္ေမြးထားမယ္ဆိုရင္လည္းရႏိုင္သလို ေလလံေစ်းနဲ႔ဘဲ ေခြးခ်စ္တတ္တဲ့တပ္ဖြဲ႕ဝင္ေတြကေမြးျမဴခ်င္ရင္လည္းရပါတယ္ ၊ ေသခ်ာေမြးျမဴမယ့္သူရဲ႕လက္ထဲကိုဘဲလႊဲေျပာင္းေပးအပ္တယ္လို႔သိရပါတယ္ ။

တစ္ခ်ိဳ႕ ေသာေခြးေလးေတြဆိုရင္ စစ္ေျမျပင္မွာ (သို႔) အထူးစစ္ဆင္ေရးလႈပ္ရွားတဲ့ဂြင္မွာ အသက္ေတြေပးဆပ္လိုက္ၾကရတာလည္းရွိၾကတာေပါ့ ၊ ဒါကမေသလို႔က်န္ခဲ့တဲ့ စစ္ျပန္ေခြးႀကီး ေပါ့…

မည္သို႔ဆိုပင္ဆိုေစကာမႈ တန္ဘိုးရွိတဲ့သူေတြစြန႔္ခြာသြားၾကၿပီဆိုရင္ေတာ့ တိရိစာၦန္ပင္ျဖစ္ေနပါေစ လူသားတို႔က ႐ိုေသစြာဂုဏ္ျပဳႏႈတ္ဆက္ခံေနရတာကိုက တစ္ခ်ိဳ႕ခ်ိဳ႕ေသာ တန္ဘိုးမဲ့ အတၱလူသားေတြထက္စာလွ်င္ ျမတ္ပါတယ္ေလ… (SiThuMaung)



ဒီပုံကေတာ့ တ႐ုတ္ႏိုင္ငံက အနားယူေတာ့မည့္ စစ္ေခြးအား အေလးျပဳေနၾကပုံပါ

Post a Comment

Previous Post Next Post