(Zawgyi)

ဟာသညီေနာင္ ခင္လႈိင္ ဒိန္းေဒါင္အတြဲကေတာ့ တကယ့္ကို နာမည္ႀကီး ဟာသညီေနာင္ ၂ ဦးအျဖစ္ ပရိသတ္အၾကားေရပန္းစားေအာင္ျမင္ခဲ့သလို၂ ဦး ကြဲသြားခဲ့ပီးေနာက္မွာလည္း တစ္ဦးခ်င္းစီအေနနဲ႔ ေအာင္ျမင္မႈေတြဆက္တိုက္ရယူႏိုင္ခဲ့တာျဖစ္ပါတယ္။လူ႐ႊင္ေတာ္ဟာသသ႐ုပ္ေဆာင္ ခင္လႈိင္ကေတာ့ သူနဲ႔ ဒိန္းေဒါင္တို႔ ကြဲသြားခဲ့ရတဲ့ အဓိကအေၾကာင္းအရင္းကို အခုလိုပဲေျပာျပလာခဲ့တာပါ။





“တစ္ခါတရံမွာ ဒီလိုမ်ိဳးေပါ့၊ အလုပ္ေၾကာင့္ပါပဲ။ အလုပ္ေဇာေတြနဲ႔ပဲ ျဖစ္ၾကတာပါ။ ဒါေတြ ေတာ့ မေျပာျပခ်င္ဘူး။ နားလည္မႈလြဲတာေတြ ျဖစ္တာေပါ့။ အဲဒီအေပၚမွာေတာ့ တစ္ခါတေလ ကေတာက္ကဆေလးေတြလည္းရွိတာေပါ့။ ဒါေပမဲ့ အဲဒါေၾကာင့္ ကြဲတာေတာ့မဟုတ္ပါဘူး။ ကြၽန္ေတာ္တို႔ ႏွစ္ေယာက္ကြဲတာကေတာ့ သူလည္း သူ႔အဖြဲ႕နဲ႔သူ ကြၽန္ေတာ္လည္း ကြၽန္ေတာ့အဖြဲ႕နဲ႔ ကြၽန္ေတာ္ေၾကာင့္ပါ။ ရန္ျဖစ္ၿပီးကြဲတာေတာ့ မဟုတ္ပါဘူး” လို႔ ဖြင့္ဟလာခဲ့တာျဖစ္ပါတယ္။



ခင္လႈိင္ကပဲ ဆက္ၿပီး သူနဲ႔ ကြၽန္ေတာ္နဲ႔က အရမ္း ခ်စ္ၾကတဲ့ ငယ္သူငယ္ခ်င္းေတြပါ။ ဒိန္းေဒါင္ကို အခုထိ အဆက္အသြယ္လုပ္ခင္ေနတုန္းပါပဲ။တြဲကဖို႔ကေတာ့ မျဖစ္ႏိုင္ေတာ့ပါဘူး။တကယ္လို႔တြဲကမယ္ဆိုရင္သူကသူ႔အဖြဲ႕ထဲက လက္ေ႐ြးစင္ထုတ္ ကြၽန္ေတာ္ကလည္း လက္ေ႐ြးစင္ထုတ္ၿပီး ကရမွာဆိုေတာ့ ဘယ္လိုမွအဆင္မေျပႏိုင္ဘူးေလ။ ႐ုပ္ရွင္ဇာတ္ကားေတြကေတာ့ တြဲဖက္သ႐ုပ္ေဆာင္သြားမွာပါ။ က်န္တာေတာ့ကြၽန္ေတာ္တို႔ ဘာျပႆနာမွမရွိပါဘူးလို႔ ဆိုလာခဲ့တာပါ။ဒါကေတာ့ ဟာသညီေနာင္ ၂ဦးလို႔ လူသိမ်ားတဲ့ ခင္လႈိင္နဲ႔ ဒိန္းေဒါင္တို႔ ၂ ေယာက္ ကြဲခဲ့ရတဲ့ အဓိကအေၾကာင္းအရင္းကို ခင္လႈိင္ကဖြင့္ဟလာခဲ့တာပဲျဖစ္ပါတယ္ ပရိသတ္ႀကီးေရ။ပရိသတ္ႀကီးရဲ႕အျမင္ေလးကိုလည္းေျပာခဲ့ၾကပါအုန္းေနာ္။



(Unicode)


ဟာသညီနောင် ခင်လှိုင် ဒိန်းဒေါင်အတွဲကတော့ တကယ့်ကို နာမည်ကြီး ဟာသညီနောင် ၂ ဦးအဖြစ် ပရိသတ်အကြားရေပန်းစားအောင်မြင်ခဲ့သလို၂ ဦး ကွဲသွားခဲ့ပီးနောက်မှာလည်း တစ်ဦးချင်းစီအနေနဲ့ အောင်မြင်မှုတွေဆက်တိုက်ရယူနိုင်ခဲ့တာဖြစ်ပါတယ်။လူရွှင်တော်ဟာသသရုပ်ဆောင် ခင်လှိုင်ကတော့ သူနဲ့ ဒိန်းဒေါင်တို့ ကွဲသွားခဲ့ရတဲ့ အဓိကအကြောင်းအရင်းကို အခုလိုပဲပြောပြလာခဲ့တာပါ။


“တစ်ခါတရံမှာ ဒီလိုမျိုးပေါ့၊ အလုပ်ကြောင့်ပါပဲ။ အလုပ်ဇောတွေနဲ့ပဲ ဖြစ်ကြတာပါ။ ဒါတွေ တော့ မပြောပြချင်ဘူး။ နားလည်မှုလွဲတာတွေ ဖြစ်တာပေါ့။ အဲဒီအပေါ်မှာတော့ တစ်ခါတလေ ကတောက်ကဆလေးတွေလည်းရှိတာပေါ့။ ဒါပေမဲ့ အဲဒါကြောင့် ကွဲတာတော့မဟုတ်ပါဘူး။ ကျွန်တော်တို့ နှစ်ယောက်ကွဲတာကတော့ သူလည်း သူ့အဖွဲ့နဲ့သူ ကျွန်တော်လည်း ကျွန်တော့အဖွဲ့နဲ့ ကျွန်တော်ကြောင့်ပါ။ ရန်ဖြစ်ပြီးကွဲတာတော့ မဟုတ်ပါဘူး” လို့ ဖွင့်ဟလာခဲ့တာဖြစ်ပါတယ်။


ခင်လှိုင်ကပဲ ဆက်ပြီး သူနဲ့ ကျွန်တော်နဲ့က အရမ်း ချစ်ကြတဲ့ ငယ်သူငယ်ချင်းတွေပါ။ ဒိန်းဒေါင်ကို အခုထိ အဆက်အသွယ်လုပ်ခင်နေတုန်းပါပဲ။တွဲကဖို့ကတော့ မဖြစ်နိုင်တော့ပါဘူး။တကယ်လို့တွဲကမယ်ဆိုရင်သူကသူ့အဖွဲ့ထဲက လက်ရွေးစင်ထုတ် ကျွန်တော်ကလည်း လက်ရွေးစင်ထုတ်ပြီး ကရမှာဆိုတော့ ဘယ်လိုမှအဆင်မပြေနိုင်ဘူးလေ။ ရုပ်ရှင်ဇာတ်ကားတွေကတော့ တွဲဖက်သရုပ်ဆောင်သွားမှာပါ။ ကျန်တာတော့ကျွန်တော်တို့ ဘာပြဿနာမှမရှိပါဘူးလို့ ဆိုလာခဲ့တာပါ။ဒါကတော့ ဟာသညီနောင် ၂ဦးလို့ လူသိများတဲ့ ခင်လှိုင်နဲ့ ဒိန်းဒေါင်တို့ ၂ ယောက် ကွဲခဲ့ရတဲ့ အဓိကအကြောင်းအရင်းကို ခင်လှိုင်ကဖွင့်ဟလာခဲ့တာပဲဖြစ်ပါတယ် ပရိသတ်ကြီးရေ။ပရိသတ်ကြီးရဲ့အမြင်လေးကိုလည်းပြောခဲ့ကြပါအုန်းနော်။


Credit Shwe Yaung Myanmar

Post a Comment

Previous Post Next Post