(Unicode)

ဩဂုတ်လ(၂၉)ရက်နေ့ ည(၁၁)နာရီ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်အရCOVID-19 လူနာသစ်(၇၇)ဦး အနက်ရန်ကုန်တိုင်းဒေသကြီး၊သာကေတမြို့နယ်က အသက်(၂၆)နှစ် အရွယ်အတည်ပြုလူနာ(၇၀၁)ကတော့ ခရီးသွားရာဇဝင်မရှိသလို COVID-19 အတည်ပြုလူနာနဲ့ထိတွေ့ထားသူလည်း မဟုတ်ဘူးလို့ သိရပါတယ်။

၎င်းကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ စောင့်ကြည့်လူနာအဖြစ်ထားရှိထားသူဖြစ်ပါတယ်။ပိုးတွေ့လူနာ(၇၀၁)ဖုန်းပြင် အလုပ်သမားနေ ထိုင်တဲ့ သာကေတမြို့နယ်၊ (၂)မြောက်ရပ်ကွက်ကတိုးချဲ့ (၁)လမ်းကို ပြီးခဲ့တဲ့ည(၁၂)နာရီကျော်လောက်က Lockdown ချလိုက်ပြီလို့ (၂)မြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးတင့်လွင်က One News ကိုအတည်ပြုပြောပါတယ်။

အဲဒီပိုးတွေ့လူနာနဲ့အတူ နေထိုင်တဲ့မိသားစုဝင် လေးဦးကိုလည်း လှော်ကားရှိQuarantine စင်တာကိုခေါ်ဆောင်ဖို့လာခေါ်နေပြီလို့လည်း ဦးတင့်လွင်ကအခုလိုပြောပါတယ်။သူ့ကအိုင်ဖုန်းတွေဘာတွေပြင်တာ။ လောလော ဆယ်တော့ သူ့မိသားစုဝင်လေးယောက်ကို Quaran tine ပို့ဆောင်မယ်။ ပို့တော့မယ်။ ကားလာတော့မယ်။ သူ့မိသားစုကို ကျန်းမာရေးလည်းစစ်မယ် ” လို့ ဦးတင့်လွင်ကပြောပါတယ်။

အဲဒီပိုးတွေ့လူနာဟာ သမ္မတရုပ်ရှင်ရုံအနီးက လပြည့်ဝန်း ပလာဇာရှိ ဖုန်းပြုပြင်ရေးဆိုင်တစ်ဆိုင်ရဲ့ အလုပ်သမားတစ်ယောက်ဖြစ်ပြီး ဘယ်ကနေ ဘယ်လိုကူးစက်ခဲ့လဲဆိုတာ မသိရသေးဘူးလို့ ဦးတင့်လွင်ကပြောပါတယ်။


သတင်း-ဝေယံထက်ဝင်း


(Zawgyi)


ဩဂုတ္လ(၂၉)ရက္ေန႔ ည(၁၁)နာရီ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနရဲ႕ သတင္းထုတ္ျပန္ခ်က္အရCOVID-19 လူနာသစ္(၇၇)ဦး အနက္ရန္ကုန္တိုင္းေဒသႀကီး၊သာေကတၿမိဳ႕နယ္က အသက္(၂၆)ႏွစ္ အ႐ြယ္အတည္ျပဳလူနာ(၇၀၁)ကေတာ့ ခရီးသြားရာဇဝင္မရွိသလို COVID-19 အတည္ျပဳလူနာနဲ႔ထိေတြ႕ထားသူလည္း မဟုတ္ဘူးလို႔ သိရပါတယ္။

၎ကို ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးမွာ ေစာင့္ၾကည့္လူနာအျဖစ္ထားရွိထားသူျဖစ္ပါတယ္။ပိုးေတြ႕လူနာ(၇၀၁)ဖုန္းျပင္ အလုပ္သမားေန ထိုင္တဲ့ သာေကတၿမိဳ႕နယ္၊ (၂)ေျမာက္ရပ္ကြက္ကတိုးခ်ဲ႕ (၁)လမ္းကို ၿပီးခဲ့တဲ့ည(၁၂)နာရီေက်ာ္ေလာက္က Lockdown ခ်လိုက္ၿပီလို႔ (၂)ေျမာက္ရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉး ဦးတင့္လြင္က One News ကိုအတည္ျပဳေျပာပါတယ္။

အဲဒီပိုးေတြ႕လူနာနဲ႔အတူ ေနထိုင္တဲ့မိသားစုဝင္ ေလးဦးကိုလည္း ေလွာ္ကားရွိQuarantine စင္တာကိုေခၚေဆာင္ဖို႔လာေခၚေနၿပီလို႔လည္း ဦးတင့္လြင္ကအခုလိုေျပာပါတယ္။သူ႔ကအိုင္ဖုန္းေတြဘာေတြျပင္တာ။ ေလာေလာ ဆယ္ေတာ့ သူ႔မိသားစုဝင္ေလးေယာက္ကို Quaran tine ပို႔ေဆာင္မယ္။ ပို႔ေတာ့မယ္။ ကားလာေတာ့မယ္။ သူ႔မိသားစုကို က်န္းမာေရးလည္းစစ္မယ္ ” လို႔ ဦးတင့္လြင္ကေျပာပါတယ္။

အဲဒီပိုးေတြ႕လူနာဟာ သမၼတ႐ုပ္ရွင္႐ုံအနီးက လျပည့္ဝန္း ပလာဇာရွိ ဖုန္းျပဳျပင္ေရးဆိုင္တစ္ဆိုင္ရဲ႕ အလုပ္သမားတစ္ေယာက္ျဖစ္ၿပီး ဘယ္ကေန ဘယ္လိုကူးစက္ခဲ့လဲဆိုတာ မသိရေသးဘူးလို႔ ဦးတင့္လြင္ကေျပာပါတယ္။

သတင္း-ေဝယံထက္ဝင္း

Post a Comment

Previous Post Next Post