(Unicode)


“လက်ရှိအချိန်မှာ ရောဂါဗေဒရှု ထောင့်အရ ရောဂါ ဖြစ်ပွားသူ တက်နေအုံးမှာ ပါပဲ။ သို့သော် ဘယ်လောက်ထိ တက်မလဲ၊ ဘယ်အချိန်မှာ တန့်ပြီး ဘယ်အချိန်မှာ ကျသွားမလဲ ဆိုတာကတော့ ပြည်သူလူထုနဲ့ အစိုးရ ချိန် သားကိုက် ဆောင်ရွက်မှု အပေါ် အများကြီး မူတည်နေ တာမို့ အားလုံးပူးပေါင်း ကူညီဆောင်ရွက် ကြပါ။အားလုံးရဲ့ အားစိုက်ထုတ် မှုဟာ အရှိန်အဟုန်နဲ့ အားကောင်းလာတဲ့ အခါ ရောဂါဖြစ်ပွား ကူးစက်မှုကို အမြန်ဆုံးထိန်း ချုပ်နိုင်ပါလိမ့်မယ်။” ဟုလည်း ဒေါက်တာခင်ခင်ကြီး က ရေးသားထားပါတယ်။

“ရခိုင်ပြည်နယ် မှာ ပိုးတွေ့ လူနာ အားလုံး ရဲ့ ၈၄ % က ရောဂါလက္ခဏာ မပြဘဲ ရှိနေတာကို အံ့အား သင့်ဖွယ် တွေ့ရှိနေရပါတယ်။ဒါဆိုရင် ရောဂါပိုးရှိသူ ၁၀၀ မှာ ၈၄ ယောက်က ဘာမှလက္ခဏာ မပြပဲ ပိုးရှိနေနိုင်တယ် ဆိုတဲ့ သဘောပါပဲ။” ဟု ဒေါက်တာ ခင်ခင်ကြီး ရဲ့ Face book မှာဖော်ပြထားပါတယ်။မြန်မာနိုင်ငံ တွင် ယနေ့ (၃၁-၈-၂၀၂၀ ရက်နေ့) နံနက်ပိုင်းအထိ Covid-19 ပိုးတွေ့အတည် ပြုလူနာ (၇၈၇) ဦးရှိနေပြီး ပိုးတွေ့လူနာများ၏ ၇၂ % မှာ ရောဂါလက္ခဏာ မပြဘဲ စစ်ဆေးလိုက်မှ တွေ့ရှိရခြင်း ဖြစ်ကြောင်း သိရပါတယ်။


“တချို့တွေက ဒီတခါ ရခိုင်မှာ ဖြစ်တဲ့ ကိုဗစ်ဟာ ရောဂါကူးစက် တာသာ မြန်တာပါ၊ ရောဂါ မပြင်းထန်ဘူး။ ဒါ့ကြောင့်စိုးရိမ်စရာမလိုဘူး။ သာမန် ရာသီတုပ်ကွေး လိုမျိုးလို့ ထင်တတ်ကြပါတယ်။ဒါဟာလုံးဝ မှားယွင်းပါတယ်။ ဘာလို့ပြောရသလဲဆိုရင် ၃၀- ၃- ၂၀၂၀ ရက်နေ့ အ ထိ ရောဂါပိုး တွေ့လူနာတွေအနက် (၃) ဦးဟာ ရော ဂါပြင်းထန်တာကို တွေ့ရှိလာရပြီဖြစ်လို့ပါပဲ။သူတို့တွေဟာ အသက် ၆၀ ကျော်တွေဖြစ် ပြီး နောက်ခံရောဂါ တွေဖြစ်တဲ့ သွေးတိုး၊ ဆီးချို ၊နှလုံးရောဂါတွေ ရှိနေခဲ့တာလည်း ရောဂါရဲ့ ဆိုးကျိုးကို ပိုမို ခံစားရတာ ဖြစ်ပါတယ်။”

ဒေါက်တာခင်ခင်ကြီးရဲ့ Facebook မှာဖော်ပြ ထားပါတယ်။ယခုဆိုလျှင် ရခိုင်ပြည်နယ်၏ မြို့နယ် (၁၅) မြို့နယ်အထိ ရောဂါကူးစက်မှု ဖြစ်နေတာကို တွေ့ရပါတယ်။

Ref ; Health Digest Journal


(Zawgyi)


“လက္ရွိအခ်ိန္မွာ ေရာဂါေဗဒရႈ ေထာင့္အရ ေရာဂါ ျဖစ္ပြားသူ တက္ေနအုံးမွာ ပါပဲ။ သို႔ေသာ္ ဘယ္ေလာက္ထိ တက္မလဲ၊ ဘယ္အခ်ိန္မွာ တန႔္ၿပီး ဘယ္အခ်ိန္မွာ က်သြားမလဲ ဆိုတာကေတာ့ ျပည္သူလူထုနဲ႔ အစိုးရ ခ်ိန္ သားကိုက္ ေဆာင္႐ြက္မႈ အေပၚ အမ်ားႀကီး မူတည္ေန တာမို႔ အားလုံးပူးေပါင္း ကူညီေဆာင္႐ြက္ ၾကပါ။အားလုံးရဲ႕ အားစိုက္ထုတ္ မႈဟာ အရွိန္အဟုန္နဲ႔ အားေကာင္းလာတဲ့ အခါ ေရာဂါျဖစ္ပြား ကူးစက္မႈကို အျမန္ဆုံးထိန္း ခ်ဳပ္ႏိုင္ပါလိမ့္မယ္။” ဟုလည္း ေဒါက္တာခင္ခင္ႀကီး က ေရးသားထားပါတယ္။

“ရခိုင္ျပည္နယ္ မွာ ပိုးေတြ႕ လူနာ အားလုံး ရဲ႕ ၈၄ % က ေရာဂါလကၡဏာ မျပဘဲ ရွိေနတာကို အံ့အား သင့္ဖြယ္ ေတြ႕ရွိေနရပါတယ္။ဒါဆိုရင္ ေရာဂါပိုးရွိသူ ၁၀၀ မွာ ၈၄ ေယာက္က ဘာမွလကၡဏာ မျပပဲ ပိုးရွိေနႏိုင္တယ္ ဆိုတဲ့ သေဘာပါပဲ။” ဟု ေဒါက္တာ ခင္ခင္ႀကီး ရဲ႕ Face book မွာေဖာ္ျပထားပါတယ္။ျမန္မာႏိုင္ငံ တြင္ ယေန႔ (၃၁-၈-၂၀၂၀ ရက္ေန႔) နံနက္ပိုင္းအထိ Covid-19 ပိုးေတြ႕အတည္ ျပဳလူနာ (၇၈၇) ဦးရွိေနၿပီး ပိုးေတြ႕လူနာမ်ား၏ ၇၂ % မွာ ေရာဂါလကၡဏာ မျပဘဲ စစ္ေဆးလိုက္မွ ေတြ႕ရွိရျခင္း ျဖစ္ေၾကာင္း သိရပါတယ္။


“တခ်ိဳ႕ေတြက ဒီတခါ ရခိုင္မွာ ျဖစ္တဲ့ ကိုဗစ္ဟာ ေရာဂါကူးစက္ တာသာ ျမန္တာပါ၊ ေရာဂါ မျပင္းထန္ဘူး။ ဒါ့ေၾကာင့္စိုးရိမ္စရာမလိုဘူး။ သာမန္ ရာသီတုပ္ေကြး လိုမ်ိဳးလို႔ ထင္တတ္ၾကပါတယ္။ဒါဟာလုံးဝ မွားယြင္းပါတယ္။ ဘာလို႔ေျပာရသလဲဆိုရင္ ၃၀- ၃- ၂၀၂၀ ရက္ေန႔ အ ထိ ေရာဂါပိုး ေတြ႕လူနာေတြအနက္ (၃) ဦးဟာ ေရာ ဂါျပင္းထန္တာကို ေတြ႕ရွိလာရၿပီျဖစ္လို႔ပါပဲ။သူတို႔ေတြဟာ အသက္ ၆၀ ေက်ာ္ေတြျဖစ္ ၿပီး ေနာက္ခံေရာဂါ ေတြျဖစ္တဲ့ ေသြးတိုး၊ ဆီးခ်ိဳ ၊ႏွလုံးေရာဂါေတြ ရွိေနခဲ့တာလည္း ေရာဂါရဲ႕ ဆိုးက်ိဳးကို ပိုမို ခံစားရတာ ျဖစ္ပါတယ္။”

ေဒါက္တာခင္ခင္ႀကီးရဲ႕ Facebook မွာေဖာ္ျပ ထားပါတယ္။ယခုဆိုလွ်င္ ရခိုင္ျပည္နယ္၏ ၿမိဳ႕နယ္ (၁၅) ၿမိဳ႕နယ္အထိ ေရာဂါကူးစက္မႈ ျဖစ္ေနတာကို ေတြ႕ရပါတယ္။

Ref ; Health Digest Journal

Post a Comment

Previous Post Next Post