(Zawgyi)

ယုန္ေလးရဲ႕ ” စည္းလုံးသင့္ၿပီ ျမန္မာျပည္” သီခ်င္းဗီဒီယို႐ိုက္ကူးမႈနဲ႔ ပက္သက္ၿပီး ယေန႔မွာေတာ့ ႐ုပ္ရွင္ဥကၠဌ ဦးညီညီထြန္းလြင္မွ မီဒီယာမ်ား ေရွ႕ေမွာက္မွာ အခုလိုပဲ ေျဖၾကားခဲ့ပါတယ္။ ဦးညီေျပာခဲ့တာကေတာ့ ” အခု ယုန္ေလး ႐ိုက္ကူးတဲ့ ” စည္းလုံးသင့္ၿပီ ျမန္မာျပည္ ” ကလည္း သူေစတနာနဲ႔ ႐ိုက္တာ…သူေျပာတာကေတာ့ ၈၈ အေရးအခင္းျဖစ္တုန္းက သူ ၃ ႏွစ္သားပဲ ရွိေသးတယ္။​ အဲ့အေၾကာင္းအရာေတြ မမွီလိုက္ဘူး ဘာမွ သူမသိဘူးေပါ့။ သူ႔ သေဘာသဘာဝက ထူးျခားဆန္းသစ္တာေလးေတြ ႀကိဳက္တတ္လို႔ ႐ုပ္ရွင္လည္း အဲ့လိုေလးေတြ ႐ိုက္တတ္တယ္ေပါ့။​ အခု သီခ်င္းဗီဒီယိုကိုလည္း ဆန္းသစ္ၿပီး ႐ိုက္လိုက္တယ္ေပါ့။​သူက ဘယ္သူ႔ဆီကမွ အခေၾကးေငြယူၿပီး ႐ိုက္တာ မဟုတ္ဘူး။



အခု သီခ်င္းဗီဒီယိုအတြက္ကိုလည္း ယုန္ေလးက အျပည့္အဝ တာဝန္ယူပါတယ္ေပါ့။ သူ႔မွာ အဖြဲ႕အစည္းတစ္ဖြဲ႕ဖြဲ႕ လူတစ္ဦးတစ္ေယာက္ကိုမွ ထိခိုက္နစ္နာေစလိုေသာစိတ္ မရွိပါဘူး ။ အဲ့ဒီအေၾကာင္းေလးေတြကို ႐ုပ္ရွင္အစည္းအ႐ုံး လူႀကီးေတြဆီမွာ လာရွင္းျပတာေပါ့ ေတာင္းပန္တာရယ္လို႔လည္း မဟုတ္ပါဘူး။ ယုန္ေလးကို ႐ုပ္ရွင္အစည္းအ႐ုံးက ထုတ္တယ္ဆိုတာ ေကာလဟာလေတြပါ။ ထုတ္ရေအာင္ကလည္း ယုန္ေလးက ႐ုပ္ရွင္အစည္းအ႐ုံးဝင္ကို မျဖစ္ေသးတာပါ။ ”



ေတးသံရွင္ ယုန္ေလးလို အခုလို ထပ္ၿပီး ပုံေဖာ္႐ိုက္ကူးခ်င္တဲ့ သူေတြအတြက္လည္း ဆက္လက္ၿပီး ေျပာၾကားခဲ့ပါတယ္။ ” ေနာက္ထပ္ ယုန္ေလးလို ပုံေဖာ္႐ိုက္ကူးခ်င္တဲ့သူေတြ ရွိရင္လည္း သူ႔ကိုသာ ၾကည့္ထားၾကေတာ့…စာေလးလည္း ဖတ္ၾက …Night Club ပဲ တက္မေနၾကနဲ႔ ေျပာရမွာပဲ ။ ေဖ့ဘုတ္ သုံးရင္ေတာင္ ဘာဟင္းခ်က္တယ္ေတြ တင္မေနနဲ႔ ေဖ့ဘုတ္မွာ စာမွန္မွန္ ဖတ္ရင္ေတာင္ သိပါတယ္။ ႏိုင္ငံႀကီးက ဘယ္လို ျဖစ္ေနတယ္။​



အခုျဖစ္သလိုေပါ့ ယုန္ေလး ေပးခ်င္တဲ့ အေၾကာင္းအရာနဲ႔ ေခတ္နဲ႔ အံဝင္လား အံမဝင္ဘူးလား တကယ္ ျဖစ္ေနတဲ့ ေျမျပင္အေနအထားေတြက ဘယ္လိုေတြလဲ သိသင့္တယ္။ ယုန္ေလး ၾကည့္ရတာက ကေလးတစ္ေယာက္ကေလ စိတ္ကူးေလးနဲ႔ အဲ့ဇာတ္လမ္းကို တစ္ခါတည္း တည္ေဆာက္ထည့္လိုက္တာ တကယ့္ႏိုင္ငံ့ေခါင္းေဆာင္ အဓိပတိကိုလည္း ထည့္႐ိုက္လို႐ိုက္ေပါ့။ သူကေတာ့ အရမ္းကို ထူးျခားဆန္းသစ္တယ္လို႔ ထင္တာ..ဘယ္လိုေတြ ႐ိုက္ခတ္လာႏိုင္လဲဆိုတာ ဘာမွ သူစဥ္းစားမိပုံ မေပၚဘူး။​ ”



အဆိုပါ သီခ်င္းဗီဒီယိုထဲမွာ ပါဝင္သီဆို ႐ိုက္ကူးခဲ့တဲ့ အႏုပညာရွင္မ်ားနဲ႔ ပက္သက္ၿပီးေတာ့လည္း အခုလို ေျဖၾကားခဲ့ပါတယ္။ ” လူဆိုတာကေတာ့ ကိုယ့္ဥာဏ္ရည္အဆင့္အတန္းနဲ႔ ကိုယ္ပဲ .. ကိုယ့္သမိုင္းေၾကာင္းနဲ႔ ကိုယ္ေပါ့…ကိုယ့္လုပ္ရပ္ကပဲ ကိုယ့္ဘဝကို အဆုံးအျဖတ္ေပးသြားမွာ။ တစ္ခ်ိဳ႕ ေျပာၾကတယ္ ဘာမွန္းမသိဘူး မနက္သြား ညေနျပန္လာ ရတယ္ ႐ိုက္လိုက္တာပဲ ေသနတ္ေတြနဲ႔ေတာ့ ဝင္ျပစ္တာပဲ ဆိုေပမဲ့ ….ဘာဇာတ္လမ္း႐ိုက္ေနတာလဲ ဘာလဲေတာ့ ၾကည့္ရမယ္ေလ။ ေတာ္ေတာ္မ်ားမ်ားကေတာ့ အူေၾကာင္ေၾကာင္ေတြ မ်ားတာပဲ ေျပာရရင္ေတာ့ စာမဖတ္တာပဲ ။ ဘာမွန္းကို မသိၾကဘူး အူေၾကာင္ေၾကာင္နဲ႔ ေပ်ာ္ေပ်ာ္ႀကီး ႐ိုက္ေပးခဲ့ၾကတာ ။ အႏွစ္ခ်ဳပ္အေနနဲ႔ လူငယ္ေတြ ဖုန္းပဲ ပြတ္မေနၾကနဲ႔ စာေလးလည္း ဖတ္ၾက..” ဆိုကာ ႐ုပ္ရွင္အစည္းအ႐ုံး ဥကၠဌ ဦးညီညီထြန္းလြင္မွ ေျဖၾကားေပးခဲ့ပါတယ္။


(Unicode)


ယုန်လေးရဲ့ ” စည်းလုံးသင့်ပြီ မြန်မာပြည်” သီချင်းဗီဒီယိုရိုက်ကူးမှုနဲ့ ပက်သက်ပြီး ယနေ့မှာတော့ ရုပ်ရှင်ဥက္ကဌ ဦးညီညီထွန်းလွင်မှ မီဒီယာများ ရှေ့မှောက်မှာ အခုလိုပဲ ဖြေကြားခဲ့ပါတယ်။ ဦးညီပြောခဲ့တာကတော့ ” အခု ယုန်လေး ရိုက်ကူးတဲ့ ” စည်းလုံးသင့်ပြီ မြန်မာပြည် ” ကလည်း သူစေတနာနဲ့ ရိုက်တာ…သူပြောတာကတော့ ၈၈ အရေးအခင်းဖြစ်တုန်းက သူ ၃ နှစ်သားပဲ ရှိသေးတယ်။ အဲ့အကြောင်းအရာတွေ မမှီလိုက်ဘူး ဘာမှ သူမသိဘူးပေါ့။ သူ့ သဘောသဘာဝက ထူးခြားဆန်းသစ်တာလေးတွေ ကြိုက်တတ်လို့ ရုပ်ရှင်လည်း အဲ့လိုလေးတွေ ရိုက်တတ်တယ်ပေါ့။ အခု သီချင်းဗီဒီယိုကိုလည်း ဆန်းသစ်ပြီး ရိုက်လိုက်တယ်ပေါ့။သူက ဘယ်သူ့ဆီကမှ အခကြေးငွေယူပြီး ရိုက်တာ မဟုတ်ဘူး။



အခု သီချင်းဗီဒီယိုအတွက်ကိုလည်း ယုန်လေးက အပြည့်အဝ တာဝန်ယူပါတယ်ပေါ့။ သူ့မှာ အဖွဲ့အစည်းတစ်ဖွဲ့ဖွဲ့ လူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်နစ်နာစေလိုသောစိတ် မရှိပါဘူး ။ အဲ့ဒီအကြောင်းလေးတွေကို ရုပ်ရှင်အစည်းအရုံး လူကြီးတွေဆီမှာ လာရှင်းပြတာပေါ့ တောင်းပန်တာရယ်လို့လည်း မဟုတ်ပါဘူး။ ယုန်လေးကို ရုပ်ရှင်အစည်းအရုံးက ထုတ်တယ်ဆိုတာ ကောလဟာလတွေပါ။ ထုတ်ရအောင်ကလည်း ယုန်လေးက ရုပ်ရှင်အစည်းအရုံးဝင်ကို မဖြစ်သေးတာပါ။ ”



တေးသံရှင် ယုန်လေးလို အခုလို ထပ်ပြီး ပုံဖော်ရိုက်ကူးချင်တဲ့ သူတွေအတွက်လည်း ဆက်လက်ပြီး ပြောကြားခဲ့ပါတယ်။ ” နောက်ထပ် ယုန်လေးလို ပုံဖော်ရိုက်ကူးချင်တဲ့သူတွေ ရှိရင်လည်း သူ့ကိုသာ ကြည့်ထားကြတော့…စာလေးလည်း ဖတ်ကြ …Night Club ပဲ တက်မနေကြနဲ့ ပြောရမှာပဲ ။ ဖေ့ဘုတ် သုံးရင်တောင် ဘာဟင်းချက်တယ်တွေ တင်မနေနဲ့ ဖေ့ဘုတ်မှာ စာမှန်မှန် ဖတ်ရင်တောင် သိပါတယ်။ နိုင်ငံကြီးက ဘယ်လို ဖြစ်နေတယ်။



အခုဖြစ်သလိုပေါ့ ယုန်လေး ပေးချင်တဲ့ အကြောင်းအရာနဲ့ ခေတ်နဲ့ အံဝင်လား အံမဝင်ဘူးလား တကယ် ဖြစ်နေတဲ့ မြေပြင်အနေအထားတွေက ဘယ်လိုတွေလဲ သိသင့်တယ်။ ယုန်လေး ကြည့်ရတာက ကလေးတစ်ယောက်ကလေ စိတ်ကူးလေးနဲ့ အဲ့ဇာတ်လမ်းကို တစ်ခါတည်း တည်ဆောက်ထည့်လိုက်တာ တကယ့်နိုင်ငံ့ခေါင်းဆောင် အဓိပတိကိုလည်း ထည့်ရိုက်လိုရိုက်ပေါ့။ သူကတော့ အရမ်းကို ထူးခြားဆန်းသစ်တယ်လို့ ထင်တာ..ဘယ်လိုတွေ ရိုက်ခတ်လာနိုင်လဲဆိုတာ ဘာမှ သူစဉ်းစားမိပုံ မပေါ်ဘူး။ ”



အဆိုပါ သီချင်းဗီဒီယိုထဲမှာ ပါဝင်သီဆို ရိုက်ကူးခဲ့တဲ့ အနုပညာရှင်များနဲ့ ပက်သက်ပြီးတော့လည်း အခုလို ဖြေကြားခဲ့ပါတယ်။ ” လူဆိုတာကတော့ ကိုယ့်ဉာဏ်ရည်အဆင့်အတန်းနဲ့ ကိုယ်ပဲ .. ကိုယ့်သမိုင်းကြောင်းနဲ့ ကိုယ်ပေါ့…ကိုယ့်လုပ်ရပ်ကပဲ ကိုယ့်ဘဝကို အဆုံးအဖြတ်ပေးသွားမှာ။ တစ်ချို့ ပြောကြတယ် ဘာမှန်းမသိဘူး မနက်သွား ညနေပြန်လာ ရတယ် ရိုက်လိုက်တာပဲ သေနတ်တွေနဲ့တော့ ဝင်ပြစ်တာပဲ ဆိုပေမဲ့ ….ဘာဇာတ်လမ်းရိုက်နေတာလဲ ဘာလဲတော့ ကြည့်ရမယ်လေ။ တော်တော်များများကတော့ အူကြောင်ကြောင်တွေ များတာပဲ ပြောရရင်တော့ စာမဖတ်တာပဲ ။ ဘာမှန်းကို မသိကြဘူး အူကြောင်ကြောင်နဲ့ ပျော်ပျော်ကြီး ရိုက်ပေးခဲ့ကြတာ ။ အနှစ်ချုပ်အနေနဲ့ လူငယ်တွေ ဖုန်းပဲ ပွတ်မနေကြနဲ့ စာလေးလည်း ဖတ်ကြ..” ဆိုကာ ရုပ်ရှင်အစည်းအရုံး ဥက္ကဌ ဦးညီညီထွန်းလွင်မှ ဖြေကြားပေးခဲ့ပါတယ်။

Post a Comment

Previous Post Next Post