(Unicode)

မန္တလေးမြို့ရှိ လက်လီ လက်ကားဆေး အရောင်းဆိုင်များတွင် COVID-19 ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းနှင့် ဆေးဝါးများအား ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းရှိ၊ မရှိ မန္တလေးတိုင်းဒေသကြီး စားသုံးသူရေးရာ ဦးစီးဌာနမှ ရှောင်တခင် ဝင်ရောက်စစ်ဆေး ယခုရက်ပိုင်းအတွင်း COVID-19 ရောဂါ ပြည်တွင်း ကူးစက်မှုတွေ များပြားလာသည့်အတွက် ဈေးကွက်အတွင်း နှာခေါင်းစည်း(mask)နှင့် Hand Gel များ ဝယ်လိုအားမြင့်တက်လျက်ရှိရာ



အဆိုပါပစ္စည်းများအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ၊ မရှိ သိရှိ နိုင်စေရန် မန္တလေးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ လက်လီလက်ကား ဆေး အရောင်းဆိုင်များသို့ သွားရောက်ပြီး ရှောင်တခင်ဝင်ရောက်စစ်ဆေးမှုများကို ဩဂုတ်လ(၂၂)ရက်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။



စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် COVID-19ရောဂါ ကာကွယ်၊ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများ၊ ဆေးဝါးများနှင့် စားသုံးကုန် ပစ္စည်းများကို အရေးကြီးကုန်စည်(၃)မျိုးအဖြစ် ကြေညာထားပြီးဖြစ်ရာ အဆိုပါပစ္စည်းများအား ဈေးနှုန်းမြှင့်တင် ရောင်းချဖြန့်ဖြူးခြင်း၊ဈေးကစားရန်ရည်ရွယ်၍ သိုလှောင် ထားခြင်းများ ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ ဖော်ထုတ်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်သည်။



ယခုလို ရှောင်တခင်ဝင်ရောက် စစ်ဆေးမှု အတွင်း ဈေးနှုန်းမြှ င့်တင်ရောင်းချမှုများ တွေ့ရှိပါက အနည်းဆုံးထောင်ဒဏ်(၆)လမှ အများဆုံးထောင်ဒဏ်(၃)နှစ်အထိ ချမှတ်သွားမည့် အပြင် ငွေကျပ်(၅)သိန်းထက်မပိုသော ဒဏ်ငွေလည်း ချမှတ်သွားမည်ဖြစ်ကြောင်း သိရသည်။


(Zawgyi)

မႏၲေလးၿမိဳ႕ရွိ လက္လီ လက္ကားေဆး အေရာင္းဆိုင္မ်ားတြင္ COVID-19 ေရာဂါကာကြယ္ေရး အေထာက္အကူျပဳပစၥည္းႏွင့္ ေဆးဝါးမ်ားအား ေဈးႏႈန္းျမႇင့္တင္ ေရာင္းခ်ျခင္းရွိ၊ မရွိ မႏၲေလးတိုင္းေဒသႀကီး စားသုံးသူေရးရာ ဦးစီးဌာနမွ ေရွာင္တခင္ ဝင္ေရာက္စစ္ေဆး ယခုရက္ပိုင္းအတြင္း COVID-19 ေရာဂါ ျပည္တြင္း ကူးစက္မႈေတြ မ်ားျပားလာသည့္အတြက္ ေဈးကြက္အတြင္း ႏွာေခါင္းစည္း(mask)ႏွင့္ Hand Gel မ်ား ဝယ္လိုအားျမင့္တက္လ်က္ရွိရာ



အဆိုပါပစၥည္းမ်ားအား ေဈးႏႈန္းျမႇင့္တင္ေရာင္းခ်ျခင္းရွိ၊ မရွိ သိရွိ ႏိုင္ေစရန္ မႏၲေလးတိုင္းေဒသႀကီး စားသုံးသူေရးရာဦးစီးဌာနမွ လက္လီလက္ကား ေဆး အေရာင္းဆိုင္မ်ားသို႔ သြားေရာက္ၿပီး ေရွာင္တခင္ဝင္ေရာက္စစ္ေဆးမႈမ်ားကို ဩဂုတ္လ(၂၂)ရက္ေန႔က ေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။



စီးပြားေရးႏွင့္ ကူးသန္း ေရာင္းဝယ္ေရးဝန္ႀကီးဌာနအေနျဖင့္ COVID-19ေရာဂါ ကာကြယ္၊ထိန္းခ်ဳပ္၊ ကုသေရးဆိုင္ရာ အေထာက္အကူျပဳပစၥည္းမ်ား၊ ေဆးဝါးမ်ားႏွင့္ စားသုံးကုန္ ပစၥည္းမ်ားကို အေရးႀကီးကုန္စည္(၃)မ်ိဳးအျဖစ္ ေၾကညာထားၿပီးျဖစ္ရာ အဆိုပါပစၥည္းမ်ားအား ေဈးႏႈန္းျမႇင့္တင္ ေရာင္းခ်ျဖန႔္ျဖဴးျခင္း၊ေဈးကစားရန္ရည္႐ြယ္၍ သိုေလွာင္ ထားျခင္းမ်ား ရွိပါက အေရးႀကီးကုန္စည္ႏွင့္ ဝန္ေဆာင္မႈဥပေဒအရ ေဖာ္ထုတ္အေရးယူ ေဆာင္႐ြက္သြားမည္ျဖစ္သည္။



ယခုလို ေရွာင္တခင္ဝင္ေရာက္ စစ္ေဆးမႈ အတြင္း ေဈးႏႈန္းျမႇ င့္တင္ေရာင္းခ်မႈမ်ား ေတြ႕ရွိပါက အနည္းဆုံးေထာင္ဒဏ္(၆)လမွ အမ်ားဆုံးေထာင္ဒဏ္(၃)ႏွစ္အထိ ခ်မွတ္သြားမည့္ အျပင္ ေငြက်ပ္(၅)သိန္းထက္မပိုေသာ ဒဏ္ေငြလည္း ခ်မွတ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

Post a Comment

Previous Post Next Post