(Unicode)


တောင်ကိုရီးယားနိုင်ငံမှာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က တစ်နေ့တည်းတင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ၂၇၉ ခု ရှိခဲ့ပြီး ၅ လအတွင်း ရောဂါကူးစက်မှု အများဆုံးအဖြစ် စံချိန်တင်ခဲ့ပါတယ်။ ရောဂါကူးစက်သူအများအပြားဟာ ဆာရန်ဂျေး ခရစ်ယာန်အသင်းတော်နဲ့ ဆက်နွှယ်နေပြီး အဲဒီဘုရားကျောင်းက သင်းအုပ်ဆရာဟာ သမ္မတ မွန်ဂျေအင်းအပေါ် ဝေဖန်ပြောဆိုနေသူ ဖြစ်ပါတယ်။

နောက်အသင်းတော်တစ်ခုဖြစ်တဲ့ ယေရှုခရစ်ရဲ့ ရှင်ချွန်းဂျီအသင်းတော် ဆိုတဲ့ ဘုရားကျောင်းမှာလည်း အခုနှစ်အစောပိုင်းက ရောဂါကူးစက်မှုတွေ ဖြစ်ခဲ့ပြီး တောင်ကိုရီးယားနိုင်ငံမှာ ရောဂါကူးစက်မှု အစုလိုက်အပြုံလိုက် အများဆုံးနေရာ ဖြစ်ခဲ့ပါတယ်။ အငြင်းပွားစရာ ဖြစ်နေတဲ့ အဲဒီဘုရားကျောင်းဟာ ရောဂါကူးစက်မှု ၅၂၀၀ ကျော်နဲ့ ဆက်နွှယ် ပတ်သက်နေတာ တွေ့ခဲ့ရပါတယ်။



တောင်ကိုရီးယားနိုင်ငံမှာ တနင်္ဂနွေနေ့က ရောဂါဖြစ်ပွားမှုအသစ် ၂၇၉ ခု ထပ်ဖြစ်ခဲ့ပြီး ဒါဟာ မတ်လကစလို့ ရောဂါကူးစက်မှု ပထမဆုံးအကြိမ်အဖြစ် ၂၀၀ ကျော်သွားခဲ့တာ ဖြစ်ပါတယ်။ ဒီကနေ့သြဂုတ်လ ၁၇ ရက် တနင်္လာနေ့မှာလည်း ရောဂါကူးစက်မှု နောက်ထပ် ၁၉၇ ခု ထပ်ဖြစ်ခဲ့တယ်လို့ သိရပြီး ၄ ရက်ဆက်တိုက် ရောဂါကူးစက်မှု ရာနဲ့ချီ ဖြစ်ပွားခဲ့တာပါ။ အခုဆိုရင် တောင်ကိုရီးယားမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါကူးစက်မှု စုစုပေါင်း ၁၅၅၁၅ ခု ရှိသွားပြီ ဖြစ်ပါတယ်။

ရောဂါဖြစ်ပွားမှုအသစ်တွေထဲက အနည်းဆုံး ၃၁၂ ခုဟာ ဆာရန်ဂျေး ဘုရားကျောင်းနဲ့ ဆက်နွှယ်နေတယ်လို့ ဆိုးလ်မြို့အုပ်ချုပ်ရေးအဖွဲ့ရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ယွန်ဟက် သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ “ဘုရားကျောင်းတက်သူ ၄၀၀၀ ထဲက ၃၄၀၀ ကို ကွာရန်တင်း သီးသန့်ထားထားပြီး ၂၀၀၀ ကို ဆေးစစ်ခဲ့တယ်”လို့ တောင်ကိုရီးယား ဒုတိယ ကျန်းမာရေးဝန်ကြီး ကင် ဂန်းလစ်က ပြောကြောင်း ယွန်ယက်သတင်းဌာနရဲ့ သတင်းထဲမှာ ဖော်ပြထားပါတယ်။



“အဲဒီထဲက ၃၁၂ ဦးမှာ ရောဂါပိုး စစ်ဆေးတွေ့ခဲ့ပြီး ဒါဟာ ရောဂါပိုးဓာတ်ခွဲအတည်ပြု တွေ့ရှိမှု မြင့်မားတဲ့ ၁၆.၁ ရာခိုင်နှုန်း ဖြစ်တယ်” လို့ သူက ပြောပါတယ်။ မစ္စတာကင်က အဲဒီဘုရားကျောင်းကိုလည်း ပြစ်တင်ဝေဖန်လိုက်ပြီး အသင်းတော်ဝင် စာရင်းက မတိကျတဲ့အတွက် အသင်းတော်ဝင်တိုင်းကို ခြေရာခံလိုက်ရှာဖို့ အခက်အခဲတွေ တွေ့နေတယ်လို့ ဆိုပါတယ်။



ဒီဘုရားကျောင်းအပေါ် ဒေါသအမျက်ထွက်မှုတွေ အထိုက်အလျောက် ရှိနေပြီး သင်းအုပ်ဆရာ ဂျန်ကွမ်ဟွန်းကို ထိန်းသိမ်း အရေးယူပေးဖို့ လူ ၂ သိန်းကျော်က အွန်လိုင်းကနေ လက်မှတ်ရေးထိုး တောင်းဆိုခဲ့ကြတယ်လို့ ယွန်ဟက် သတင်းမှာ ဖော်ပြထားပါတယ်။ ဒီတစ်ခေါက် ရောဂါကူးစက်မှုဟာ ရှင်ချွန်းဂျီဘုရားကျောင်းနဲ့ ဆက်နွှယ်နေတဲ့ လူအစုလိုက်အပြုံလိုက် ရောဂါကူးစက်မှု ဖြစ်ခဲ့ပြီးကတည်းက ကိုရိုနာဗိုင်းရပ်စ်ရောဂါ တိုက်ဖျက်ရာမှာ အကြီးမားဆုံး စိန်ခေါ်မှုကြီး ဖြစ်တယ်လို့ သမ္မတ မွန်ဂျေအင်းက ပြောပါတယ်။

ရှင်ချွန်းဂျီဘုရားကျောင်းရဲ့ အကြီးအကဲ လီးမန်ဟီး ကို အခုလဆန်းပိုင်းက ဖမ်းဆီးခဲ့ပါတယ်။ အသင်းတော်ရဲ့ လူဦးရေစာရင်း အရေအတွက်နဲ့ ထိတွေ့ခဲ့သူတွေရဲ့စာရင်း အချက်အလက်တွေ ကို ဖုံးကွယ် ဖော်ပြခဲ့မှုနဲ့ စွပ်စွဲခံထားရတာပါ။ ဘုရားကျောင်းကတော့ သူဟာ အသင်းတော်ဝင်တွေ ဘေးကင်းလုံခြုံမှုရှိဖို့ကိုသာ စိုးရိမ်ခဲ့တာဖြစ်ပြီး သတင်းအချက်အလက်တွေ ဖုံးကွယ်ခဲ့တာမျိုး မရှိဘူးလို့ ပြောပါတယ်။



“တရားရုံးရဲ့ ဖမ်းဆီးမိန့်ဟာ သူ့မှာ ပြစ်မှုထင်ရှားတယ်ဆိုတဲ့ အဓိပ္ပါယ်ကို မဆောင်ကြောင်း၊ အမှန်တရား ပေါ်ပေါက်လာအောင် လာမယ့် တရားရုံး ကြားနာစစ်ဆေးမှုတွေမှာ အစွမ်းကုန် ကြိုးစားသွားမှာ ဖြစ်ကြောင်း” ဘုရားကျောင်းက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဆိုးလ်မြို့ အခြေစိုက် ဆာရန်ဂျေးဘုရားကျောင်းနဲ့ ပတ်သက်လို့ လူတွေ သိပ်မသိကြဘဲ ဘုရားကျောင်းရဲ့ သင်းအုပ်ဆရာ ဂျန်ကွမ်ဟွန်း အကြောင်းကို ပိုသိကြပါတယ်။

အသက် ၆၃ နှစ်အရွယ် မစ္စတာဂျန် ဟာ အစိုးရကို ပွင့်ပွင့်လင်းလင်း ဝေဖန် ပြောဆိုလာတာ နှစ်နဲ့ချီ ရှိနေပြီ ဖြစ်ပြီး ဆိုးလ်မြို့မှာ လုပ်တဲ့ အစိုးရ ဆန့်ကျင်ရေးဆန္ဒပြမှု အများအပြားကို ဦးဆောင်ခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ရက်ပိုင်းက မစ္စတာဂျန်ဟာ ကိုယ့်ဟာကိုယ် သီးသန့် ခွဲနေရမယ့် ကိုရိုနာဗိုင်းရပ်စ် စည်းမျဉ်းကို ချိုးဖောက်ပြီး ဆန္ဒပြပွဲမှာ ကိုယ်တိုင်ပါဝင်ခဲ့ပါတယ်။

မစ္စတာဂျန်နဲ့အတူ ဆန္ဒပြပွဲမှာ ပါခဲ့ကြတဲ့ ဘုရားကျောင်းကလူတွေဟာ တခြားသူတွေအပေါ် အသက်အန္တရာယ် ကျရောက်စေနိုင်တဲ့ ခွင့်မလွှတ်နိုင်လောက်စရာ လုပ်ရပ်မှာ ပါဝင်ခဲ့ကြတယ်လို့ သမ္မတ မွန်ဂျေအင်းက ပြောပါတယ်။ ဒီရောဂါကြောင့် သေဆုံးတာဟာ မျိုးချစ်စိတ်ကို ပြနေတယ်၊ တကယ်လို့ ရောဂါကူးစက်ခံရသူတွေ ဆန္ဒပြပွဲတွေထဲ ပါရင် ရောဂါပျောက်သွားလိမ့်မယ်ဆိုပြီး မစ္စတာဂျန်က သူ့နောက်လိုက်တွေကို အခုနှစ်ဦးပိုင်း ဆန္ဒပြပွဲတစ်ခုမှာ ပြောခဲ့တယ်လို့ သိရပါတယ်။



သမ္မတ မွန်ဂျေအင်းကို မြောက်ကိုရီးယားရဲ့ သူလျှိုလို့ ခေါ်ဝေါ် ခဲ့တဲ့အတွက် အသရေဖျက်မှုနဲ့ အခုနှစ်ဦးပိုင်းက မစ္စတာဂျန် တရားစွဲခံခဲ့ရတယ်လို့ ယွန်ဟက်သတင်းမှာ ဖော်ပြထားပါတယ်။ ကိုယ့်ဟာကိုယ် သီးသန့်ခွဲနေဖို့ စည်းမျဉ်းကို ချိုးဖောက်ခဲ့မှု၊ ကိုရိုနာဗိုင်းရပ်စ်မပြန့်ပွားအောင် အစိုးရက ဆောင်ရွက်နေမှုတွေကို ဟန့်တားခဲ့မှု စတဲ့စွဲချက်တွေနဲ့ မစ္စတာဂျန်ကို တရားစွဲအရေးယူမယ်လို့ ဆိုးလ်မြို့ အုပ်ချုပ်ရေးအဖွဲ့က တနင်္ဂနွေနေ့က ထုတ်ဖော်ပြောခဲ့ပါတယ်။

တောင်ကိုရီးယားမှာ အိမ်တွင်း လူ ၅၀၊ အိမ်ပြင် လူ ၁၀၀ ထက် ပိုမစုဖို့ အစိုးရက လောလောဆယ် အမိန့်ထုတ်ထားတာပါ။ အခုနှစ်အစောပိုင်းက ကိုရိုနာဗိုင်းရပ်စ် ရောဂါကူးစက်သူ အရေအတွက် စံချိန်တင် နည်းခဲ့တဲ့အတွက် တောင်ကိုရီးယားမှာ ရောဂါတားဆီးကာကွယ်မှု အောင်မြင်တယ်လို့ ချီးကျူးခံခဲ့ရပါတယ်။

 (Zawgyi)


ေတာင္ကိုရီးယားႏိုင္ငံမွာ ၿပီးခဲ့တဲ့ တနဂၤေႏြေန႔က တစ္ေန႔တည္းတင္ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈ ၂၇၉ ခု ရွိခဲ့ၿပီး ၅ လအတြင္း ေရာဂါကူးစက္မႈ အမ်ားဆုံးအျဖစ္ စံခ်ိန္တင္ခဲ့ပါတယ္။ ေရာဂါကူးစက္သူအမ်ားအျပားဟာ ဆာရန္ေဂ်း ခရစ္ယာန္အသင္းေတာ္နဲ႔ ဆက္ႏႊယ္ေနၿပီး အဲဒီဘုရားေက်ာင္းက သင္းအုပ္ဆရာဟာ သမၼတ မြန္ေဂ်အင္းအေပၚ ေဝဖန္ေျပာဆိုေနသူ ျဖစ္ပါတယ္။

ေနာက္အသင္းေတာ္တစ္ခုျဖစ္တဲ့ ေယရႈခရစ္ရဲ႕ ရွင္ခြၽန္းဂ်ီအသင္းေတာ္ ဆိုတဲ့ ဘုရားေက်ာင္းမွာလည္း အခုႏွစ္အေစာပိုင္းက ေရာဂါကူးစက္မႈေတြ ျဖစ္ခဲ့ၿပီး ေတာင္ကိုရီးယားႏိုင္ငံမွာ ေရာဂါကူးစက္မႈ အစုလိုက္အၿပဳံလိုက္ အမ်ားဆုံးေနရာ ျဖစ္ခဲ့ပါတယ္။ အျငင္းပြားစရာ ျဖစ္ေနတဲ့ အဲဒီဘုရားေက်ာင္းဟာ ေရာဂါကူးစက္မႈ ၅၂၀၀ ေက်ာ္နဲ႔ ဆက္ႏႊယ္ ပတ္သက္ေနတာ ေတြ႕ခဲ့ရပါတယ္။



ေတာင္ကိုရီးယားႏိုင္ငံမွာ တနဂၤေႏြေန႔က ေရာဂါျဖစ္ပြားမႈအသစ္ ၂၇၉ ခု ထပ္ျဖစ္ခဲ့ၿပီး ဒါဟာ မတ္လကစလို႔ ေရာဂါကူးစက္မႈ ပထမဆုံးအႀကိမ္အျဖစ္ ၂၀၀ ေက်ာ္သြားခဲ့တာ ျဖစ္ပါတယ္။ ဒီကေန႔ၾသဂုတ္လ ၁၇ ရက္ တနလၤာေန႔မွာလည္း ေရာဂါကူးစက္မႈ ေနာက္ထပ္ ၁၉၇ ခု ထပ္ျဖစ္ခဲ့တယ္လို႔ သိရၿပီး ၄ ရက္ဆက္တိုက္ ေရာဂါကူးစက္မႈ ရာနဲ႔ခ်ီ ျဖစ္ပြားခဲ့တာပါ။ အခုဆိုရင္ ေတာင္ကိုရီးယားမွာ ကို႐ိုနာဗိုင္းရပ္စ္ ေရာဂါကူးစက္မႈ စုစုေပါင္း ၁၅၅၁၅ ခု ရွိသြားၿပီ ျဖစ္ပါတယ္။

ေရာဂါျဖစ္ပြားမႈအသစ္ေတြထဲက အနည္းဆုံး ၃၁၂ ခုဟာ ဆာရန္ေဂ်း ဘုရားေက်ာင္းနဲ႔ ဆက္ႏႊယ္ေနတယ္လို႔ ဆိုးလ္ၿမိဳ႕အုပ္ခ်ဳပ္ေရးအဖြဲ႕ရဲ႕ ေျပာဆိုခ်က္ကို ကိုးကားၿပီး ယြန္ဟက္ သတင္းဌာနက ေဖာ္ျပခဲ့ပါတယ္။ “ဘုရားေက်ာင္းတက္သူ ၄၀၀၀ ထဲက ၃၄၀၀ ကို ကြာရန္တင္း သီးသန႔္ထားထားၿပီး ၂၀၀၀ ကို ေဆးစစ္ခဲ့တယ္”လို႔ ေတာင္ကိုရီးယား ဒုတိယ က်န္းမာေရးဝန္ႀကီး ကင္ ဂန္းလစ္က ေျပာေၾကာင္း ယြန္ယက္သတင္းဌာနရဲ႕ သတင္းထဲမွာ ေဖာ္ျပထားပါတယ္။

“အဲဒီထဲက ၃၁၂ ဦးမွာ ေရာဂါပိုး စစ္ေဆးေတြ႕ခဲ့ၿပီး ဒါဟာ ေရာဂါပိုးဓာတ္ခြဲအတည္ျပဳ ေတြ႕ရွိမႈ ျမင့္မားတဲ့ ၁၆.၁ ရာခိုင္ႏႈန္း ျဖစ္တယ္” လို႔ သူက ေျပာပါတယ္။ မစၥတာကင္က အဲဒီဘုရားေက်ာင္းကိုလည္း ျပစ္တင္ေဝဖန္လိုက္ၿပီး အသင္းေတာ္ဝင္ စာရင္းက မတိက်တဲ့အတြက္ အသင္းေတာ္ဝင္တိုင္းကို ေျခရာခံလိုက္ရွာဖို႔ အခက္အခဲေတြ ေတြ႕ေနတယ္လို႔ ဆိုပါတယ္။



ဒီဘုရားေက်ာင္းအေပၚ ေဒါသအမ်က္ထြက္မႈေတြ အထိုက္အေလ်ာက္ ရွိေနၿပီး သင္းအုပ္ဆရာ ဂ်န္ကြမ္ဟြန္းကို ထိန္းသိမ္း အေရးယူေပးဖို႔ လူ ၂ သိန္းေက်ာ္က အြန္လိုင္းကေန လက္မွတ္ေရးထိုး ေတာင္းဆိုခဲ့ၾကတယ္လို႔ ယြန္ဟက္ သတင္းမွာ ေဖာ္ျပထားပါတယ္။ ဒီတစ္ေခါက္ ေရာဂါကူးစက္မႈဟာ ရွင္ခြၽန္းဂ်ီဘုရားေက်ာင္းနဲ႔ ဆက္ႏႊယ္ေနတဲ့ လူအစုလိုက္အၿပဳံလိုက္ ေရာဂါကူးစက္မႈ ျဖစ္ခဲ့ၿပီးကတည္းက ကို႐ိုနာဗိုင္းရပ္စ္ေရာဂါ တိုက္ဖ်က္ရာမွာ အႀကီးမားဆုံး စိန္ေခၚမႈႀကီး ျဖစ္တယ္လို႔ သမၼတ မြန္ေဂ်အင္းက ေျပာပါတယ္။

ရွင္ခြၽန္းဂ်ီဘုရားေက်ာင္းရဲ႕ အႀကီးအကဲ လီးမန္ဟီး ကို အခုလဆန္းပိုင္းက ဖမ္းဆီးခဲ့ပါတယ္။ အသင္းေတာ္ရဲ႕ လူဦးေရစာရင္း အေရအတြက္နဲ႔ ထိေတြ႕ခဲ့သူေတြရဲ႕စာရင္း အခ်က္အလက္ေတြ ကို ဖုံးကြယ္ ေဖာ္ျပခဲ့မႈနဲ႔ စြပ္စြဲခံထားရတာပါ။ ဘုရားေက်ာင္းကေတာ့ သူဟာ အသင္းေတာ္ဝင္ေတြ ေဘးကင္းလုံၿခဳံမႈရွိဖို႔ကိုသာ စိုးရိမ္ခဲ့တာျဖစ္ၿပီး သတင္းအခ်က္အလက္ေတြ ဖုံးကြယ္ခဲ့တာမ်ိဳး မရွိဘူးလို႔ ေျပာပါတယ္။



“တရား႐ုံးရဲ႕ ဖမ္းဆီးမိန႔္ဟာ သူ႔မွာ ျပစ္မႈထင္ရွားတယ္ဆိုတဲ့ အဓိပၸါယ္ကို မေဆာင္ေၾကာင္း၊ အမွန္တရား ေပၚေပါက္လာေအာင္ လာမယ့္ တရား႐ုံး ၾကားနာစစ္ေဆးမႈေတြမွာ အစြမ္းကုန္ ႀကိဳးစားသြားမွာ ျဖစ္ေၾကာင္း” ဘုရားေက်ာင္းက ထုတ္ျပန္တဲ့ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။ ဆိုးလ္ၿမိဳ႕ အေျခစိုက္ ဆာရန္ေဂ်းဘုရားေက်ာင္းနဲ႔ ပတ္သက္လို႔ လူေတြ သိပ္မသိၾကဘဲ ဘုရားေက်ာင္းရဲ႕ သင္းအုပ္ဆရာ ဂ်န္ကြမ္ဟြန္း အေၾကာင္းကို ပိုသိၾကပါတယ္။

အသက္ ၆၃ ႏွစ္အ႐ြယ္ မစၥတာဂ်န္ ဟာ အစိုးရကို ပြင့္ပြင့္လင္းလင္း ေဝဖန္ ေျပာဆိုလာတာ ႏွစ္နဲ႔ခ်ီ ရွိေနၿပီ ျဖစ္ၿပီး ဆိုးလ္ၿမိဳ႕မွာ လုပ္တဲ့ အစိုးရ ဆန႔္က်င္ေရးဆႏၵျပမႈ အမ်ားအျပားကို ဦးေဆာင္ခဲ့တယ္လို႔ သတင္းေတြက ဆိုပါတယ္။ ၿပီးခဲ့တဲ့ သီတင္းပတ္ကုန္ရက္ပိုင္းက မစၥတာဂ်န္ဟာ ကိုယ့္ဟာကိုယ္ သီးသန႔္ ခြဲေနရမယ့္ ကို႐ိုနာဗိုင္းရပ္စ္ စည္းမ်ဥ္းကို ခ်ိဳးေဖာက္ၿပီး ဆႏၵျပပြဲမွာ ကိုယ္တိုင္ပါဝင္ခဲ့ပါတယ္။

မစၥတာဂ်န္နဲ႔အတူ ဆႏၵျပပြဲမွာ ပါခဲ့ၾကတဲ့ ဘုရားေက်ာင္းကလူေတြဟာ တျခားသူေတြအေပၚ အသက္အႏၲရာယ္ က်ေရာက္ေစႏိုင္တဲ့ ခြင့္မလႊတ္ႏိုင္ေလာက္စရာ လုပ္ရပ္မွာ ပါဝင္ခဲ့ၾကတယ္လို႔ သမၼတ မြန္ေဂ်အင္းက ေျပာပါတယ္။ ဒီေရာဂါေၾကာင့္ ေသဆုံးတာဟာ မ်ိဳးခ်စ္စိတ္ကို ျပေနတယ္၊ တကယ္လို႔ ေရာဂါကူးစက္ခံရသူေတြ ဆႏၵျပပြဲေတြထဲ ပါရင္ ေရာဂါေပ်ာက္သြားလိမ့္မယ္ဆိုၿပီး မစၥတာဂ်န္က သူ႔ေနာက္လိုက္ေတြကို အခုႏွစ္ဦးပိုင္း ဆႏၵျပပြဲတစ္ခုမွာ ေျပာခဲ့တယ္လို႔ သိရပါတယ္။



သမၼတ မြန္ေဂ်အင္းကို ေျမာက္ကိုရီးယားရဲ႕ သူလွ်ိဳလို႔ ေခၚေဝၚ ခဲ့တဲ့အတြက္ အသေရဖ်က္မႈနဲ႔ အခုႏွစ္ဦးပိုင္းက မစၥတာဂ်န္ တရားစြဲခံခဲ့ရတယ္လို႔ ယြန္ဟက္သတင္းမွာ ေဖာ္ျပထားပါတယ္။ ကိုယ့္ဟာကိုယ္ သီးသန႔္ခြဲေနဖို႔ စည္းမ်ဥ္းကို ခ်ိဳးေဖာက္ခဲ့မႈ၊ ကို႐ိုနာဗိုင္းရပ္စ္မျပန႔္ပြားေအာင္ အစိုးရက ေဆာင္႐ြက္ေနမႈေတြကို ဟန႔္တားခဲ့မႈ စတဲ့စြဲခ်က္ေတြနဲ႔ မစၥတာဂ်န္ကို တရားစြဲအေရးယူမယ္လို႔ ဆိုးလ္ၿမိဳ႕ အုပ္ခ်ဳပ္ေရးအဖြဲ႕က တနဂၤေႏြေန႔က ထုတ္ေဖာ္ေျပာခဲ့ပါတယ္။

ေတာင္ကိုရီးယားမွာ အိမ္တြင္း လူ ၅၀၊ အိမ္ျပင္ လူ ၁၀၀ ထက္ ပိုမစုဖို႔ အစိုးရက ေလာေလာဆယ္ အမိန႔္ထုတ္ထားတာပါ။ အခုႏွစ္အေစာပိုင္းက ကို႐ိုနာဗိုင္းရပ္စ္ ေရာဂါကူးစက္သူ အေရအတြက္ စံခ်ိန္တင္ နည္းခဲ့တဲ့အတြက္ ေတာင္ကိုရီးယားမွာ ေရာဂါတားဆီးကာကြယ္မႈ ေအာင္ျမင္တယ္လို႔ ခ်ီးက်ဴးခံခဲ့ရပါတယ္။


Post a Comment

Previous Post Next Post