(Unicode)


ပြည်နယ်နဲ့တိုင်းဒေသကြီး ၉ ခုက ကိုယ်ဝန်ဆောင်သည်တွေကို ထောက်ပံ့ကြေး ၃ သောင်းပေးဖို့ မိုဘိုင်းအပလီကေးရှင်းကနေ လျှောက်ထားနိုင်အောင် စီစဉ်ထားတယ်လို့ လူမှုကာကွယ်စောင့်ရှောက်ရေးဌာနခွဲက ပြောပါတယ်။ ကိုဗစ်-၁၉ ကာလအတွင်း နေပြည်တော်ကောင်စီနယ်မြေ၊ ကချင်ပြည်နယ်၊ မွန်ပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရန်ကုန်၊ မန္တလေး၊ ပဲခူးနဲ့ တနင်္သာရီတိုင်းဒေသကြီးတွေက ကိုယ်ဝန်ဆောင်သည်တွေအတွက် တကိုယ်ရေသုံးပစ္စည်းဝယ်ယူဖို့စတဲ့ ထောက်ပံ့ငွေကျပ် ၃ သောင်း တကြိမ်ထောက်ပံ့ဖို့ စီစဉ်နေတာပါ။



ဒီထောက်ပံ့မှုတွေကိုတော့ Google Play Store နဲ့ Apple Store တို့ကနေ ငွေဗိုက်အပလီကေးရှင်းကို ဒေါင်းလုပ်ရယူပြီး လျှောက်ထားရမှာပါ။ ဒါ့အပြင် နီးစပ်ရာလူကယ်ပြန်ရုံးတွေမှာ လူကိုယ်တိုင်လျှောက်ထားနိုင်သလို အသေးစားငွေရေးကြေးရေး အဖွဲ့အစည်းတွေကနေလည်း လျှောက်ထားနိုင်တယ်လို့ ပြောပါတယ်။ မိုဘိုင်းအပလီကေးရှင်းနဲ့ လျှောက်ထားတာဟာ ပြည်နယ်နဲ့တိုင်းဒေသကြီးတွေက ဒေတာအချက်အလက်တွေကို စောင့်စရာမလိုသလို တဆင့်ခံပေးစရာမလိုတဲ့အတွက် သုံးစွဲသူလက်ထဲကို ထောက်ပံ့ကြေး မြန်မြန်ရောက်နိုင်ပြီး အချက်အလက်မှန်မမှန် အချိန်နဲ့တပြေးညီစစ်ဆေးနိုင်တယ်လို့ လူမှုဝန်ထမ်းဦးစီးဌာန၊ လူမှုကာကွယ်စောင့်ရှောက်ရေးဌာနခွဲ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဖူးငုံလှိုင်က ပြောပါတယ်။

ကိုယ်ဝန်ဆောင်သည်တွေအနေနဲ့ အစိုးရဆေးရုံ၊ ကျန်းမာရေးဌာနတွေရဲ့ ထောက်ခံချက်ဖြစ်စေ၊ တရားဝင်မှတ်ပုံတင်ထားတဲ့ ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းတွေရဲ့ ထောက်ခံချက်ရယူပြီး သြဂုတ် ၁၁ ရက်နေ့ကနေ စက်တင်ဘာ ၁၅ ရက်အတွင်း လျှောက်ထားရမှာပါ။ ဆင်ခြေဖုံးရပ်ကွက်က ကိုယ်ဝန်ဆောင်သည်တွေအနေနဲ့ ဖုန်းအသုံးမပြုနိုင်သူတွေရှိနေသလို နည်းပညာနားမလည်နိုင်တာတွေနဲ့ အစိုးဌာနတွေကို မသွားတတ်တာကြောင့် ရပ်ကွက်ရုံးတွေကနေ စာရင်းကောက်ယူပေးဖို့ ကိုယ်ဝန်ဆောင်သညတဦးဖြစ်တဲ့ မသန္တာဝင်းက တောင်းဆိုပါတယ်။



အစိုးရထောက်ပံ့မှုပေးမယ့်အပေါ် ရပ်ကွက်ရုံးတွေမှာ ကိုယ်ဝန်ဆောင်သည်အားလုံးကို တနေရာတည်းမှာခေါ်ပြီး လျှောက်ထားနိုင်အောင်လုပ်ပေးမှသာ အဆင်ပြေနိုင်မယ်လို့ ဆိုပါတယ်။ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေနဲ့ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်ကစပြီး ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ သူတို့ရဲ့ မွေးဖွားလာတဲ့ကလေးတွေကို ၂ နှစ်သားအရွယ်အထိ ၃ လတစ်ကြိမ် ငွေကြေးထောက်ပံ့မှုတွေ ပေးနေတာပါ။ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကရင်နဲ့ကယားပြည်နယ်တွေက မိခင်နဲ့ကလေး ၂ သိန်းကျော်ကို ၃ လတကြိမ် ငွေကြေးထောက်ပံ့ပေးနေသလို ဧရာဝတီတိုင်းနဲ့ရှမ်းပြည်နယ်ကိုလည်း ၃ လတကြိမ‌ေ ထောက်ပံ့မှုပေးတာ တိုးမြှင့်ထားပါတယ်။

ဒီဗွီဘီ


(Zawgyi)


ျပည္နယ္နဲ႔တိုင္းေဒသႀကီး ၉ ခုက ကိုယ္ဝန္ေဆာင္သည္ေတြကို ေထာက္ပံ့ေၾကး ၃ ေသာင္းေပးဖို႔ မိုဘိုင္းအပလီေကးရွင္းကေန ေလွ်ာက္ထားႏိုင္ေအာင္ စီစဥ္ထားတယ္လို႔ လူမႈကာကြယ္ေစာင့္ေရွာက္ေရးဌာနခြဲက ေျပာပါတယ္။ ကိုဗစ္-၁၉ ကာလအတြင္း ေနျပည္ေတာ္ေကာင္စီနယ္ေျမ၊ ကခ်င္ျပည္နယ္၊ မြန္ျပည္နယ္၊ မေကြးတိုင္း၊ စစ္ကိုင္းတိုင္း၊ ရန္ကုန္၊ မႏၲေလး၊ ပဲခူးနဲ႔ တနသၤာရီတိုင္းေဒသႀကီးေတြက ကိုယ္ဝန္ေဆာင္သည္ေတြအတြက္ တကိုယ္ေရသုံးပစၥည္းဝယ္ယူဖို႔စတဲ့ ေထာက္ပံ့ေငြက်ပ္ ၃ ေသာင္း တႀကိမ္ေထာက္ပံ့ဖို႔ စီစဥ္ေနတာပါ။



ဒီေထာက္ပံ့မႈေတြကိုေတာ့ Google Play Store နဲ႔ Apple Store တို႔ကေန ေငြဗိုက္အပလီေကးရွင္းကို ေဒါင္းလုပ္ရယူၿပီး ေလွ်ာက္ထားရမွာပါ။ ဒါ့အျပင္ နီးစပ္ရာလူကယ္ျပန္႐ုံးေတြမွာ လူကိုယ္တိုင္ေလွ်ာက္ထားႏိုင္သလို အေသးစားေငြေရးေၾကးေရး အဖြဲ႕အစည္းေတြကေနလည္း ေလွ်ာက္ထားႏိုင္တယ္လို႔ ေျပာပါတယ္။ မိုဘိုင္းအပလီေကးရွင္းနဲ႔ ေလွ်ာက္ထားတာဟာ ျပည္နယ္နဲ႔တိုင္းေဒသႀကီးေတြက ေဒတာအခ်က္အလက္ေတြကို ေစာင့္စရာမလိုသလို တဆင့္ခံေပးစရာမလိုတဲ့အတြက္ သုံးစြဲသူလက္ထဲကို ေထာက္ပံ့ေၾကး ျမန္ျမန္ေရာက္ႏိုင္ၿပီး အခ်က္အလက္မွန္မမွန္ အခ်ိန္နဲ႔တေျပးညီစစ္ေဆးႏိုင္တယ္လို႔ လူမႈဝန္ထမ္းဦးစီးဌာန၊ လူမႈကာကြယ္ေစာင့္ေရွာက္ေရးဌာနခြဲ လက္ေထာက္ၫႊန္ၾကားေရးမႉး ေဒၚဖူးငုံလႈိင္က ေျပာပါတယ္။

ကိုယ္ဝန္ေဆာင္သည္ေတြအေနနဲ႔ အစိုးရေဆး႐ုံ၊ က်န္းမာေရးဌာနေတြရဲ႕ ေထာက္ခံခ်က္ျဖစ္ေစ၊ တရားဝင္မွတ္ပုံတင္ထားတဲ့ ပုဂၢလိကေဆး႐ုံ၊ ေဆးခန္းေတြရဲ႕ ေထာက္ခံခ်က္ရယူၿပီး ၾသဂုတ္ ၁၁ ရက္ေန႔ကေန စက္တင္ဘာ ၁၅ ရက္အတြင္း ေလွ်ာက္ထားရမွာပါ။ ဆင္ေျခဖုံးရပ္ကြက္က ကိုယ္ဝန္ေဆာင္သည္ေတြအေနနဲ႔ ဖုန္းအသုံးမျပဳႏိုင္သူေတြရွိေနသလို နည္းပညာနားမလည္ႏိုင္တာေတြနဲ႔ အစိုးဌာနေတြကို မသြားတတ္တာေၾကာင့္ ရပ္ကြက္႐ုံးေတြကေန စာရင္းေကာက္ယူေပးဖို႔ ကိုယ္ဝန္ေဆာင္သညတဦးျဖစ္တဲ့ မသႏၲာဝင္းက ေတာင္းဆိုပါတယ္။



အစိုးရေထာက္ပံ့မႈေပးမယ့္အေပၚ ရပ္ကြက္႐ုံးေတြမွာ ကိုယ္ဝန္ေဆာင္သည္အားလုံးကို တေနရာတည္းမွာေခၚၿပီး ေလွ်ာက္ထားႏိုင္ေအာင္လုပ္ေပးမွသာ အဆင္ေျပႏိုင္မယ္လို႔ ဆိုပါတယ္။ လူမႈဝန္ထမ္းကယ္ဆယ္ေရးႏွင့္ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာနအေနနဲ႔ ၂၀၁၇-၂၀၁၈ ဘ႑ာႏွစ္ကစၿပီး ကိုယ္ဝန္ေဆာင္မိခင္ေတြနဲ႔ သူတို႔ရဲ႕ ေမြးဖြားလာတဲ့ကေလးေတြကို ၂ ႏွစ္သားအ႐ြယ္အထိ ၃ လတစ္ႀကိမ္ ေငြေၾကးေထာက္ပံ့မႈေတြ ေပးေနတာပါ။ ခ်င္းျပည္နယ္၊ ရခိုင္ျပည္နယ္၊ နာဂကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ၊ ကရင္နဲ႔ကယားျပည္နယ္ေတြက မိခင္နဲ႔ကေလး ၂ သိန္းေက်ာ္ကို ၃ လတႀကိမ္ ေငြေၾကးေထာက္ပံ့ေပးေနသလို ဧရာဝတီတိုင္းနဲ႔ရွမ္းျပည္နယ္ကိုလည္း ၃ လတႀကိမ‌ေ ေထာက္ပံ့မႈေပးတာ တိုးျမႇင့္ထားပါတယ္။

ဒီဗြီဘီ

Post a Comment

Previous Post Next Post