(Zawgyi)


သရုပ္ေဆာင္မင္းရာ၏ဇနီးျဖစ္သူ မဖူးငံုပြင့္က က်န္းမာေရးအေျခအေနေၾကာင့္ဟုဆိုကာ ယေန႔ (ၾသဂုတ္လ ၅)ရက္ ရံုးထုတ္စစ္ေဆးမႈတြင္ အာမခံေလွ်ာက္ထားခဲ့ရာ ေျမာက္ဥကၠလာပၿမိဳ႕နယ္ တရားရံုးက လက္မခံဘဲ ပယ္ခ် လိုက္ေၾကာင္း အဆိုပါၿမိဳ႕နယ္တရားရံုး သတင္းႏွင့္ ျပန္ၾကားေရးအရာ ရွိ၊ ၿမိဳ႕နယ္တရားသူႀကီး ဦးေဇယ်ာဦးက ေျပာသည္။


ယေန႔ ရံုးထုတ္စစ္ေဆးစဥ္ တရားစြဲဆိုထားသည့္ မင္းရာဇာအပါအ၀င္သံုးဦးအမႈႏွင့္ မင္းရာဇာ ေယာကၡမ၊ မဖူးငံုပြင့္၏ဖခင္ ျဖစ္သူ ဦးေမာင္ေမာင္ေအးအမႈတြင္ အမႈႏွစ္ခုအနက္ အမႈတစ္ခုစီတိုင္း အတြက္ တရားလိုျပ သက္ေသႏွစ္ဦးစီ စစ္ေဆးၿပီးစီးခဲ့ေၾကာင္းႏွင့္ အဆိုပါ အမႈႏွစ္ခုအတြက္ အမႈ တစ္ခုလွ်င္ တရားလိုျပသက္ေသ ၁၄ ဦးစီတင္သြင္းထားရွိေၾကာင္း သိရသည္။



ယေန႔ရံုးခ်ိန္းတြင္လည္း တရားလို ေဒၚသင္းသင္းခိုင္အေနျဖင့္ ရံုးေတာ္ေရွ႕ သံုးခ်ိန္းေျမာက္ ေရာက္ ရွိလာျခင္းမရွိေၾကာင္း ၊လာမည့္ ရံုးခ်ိန္းကို ၾသဂုတ္လ ၁၂ ရက္သို႔ ျပန္လည္ခ်ိန္းဆိုလိုက္ေၾကာင္း သိရသည္။ သရုပ္ေဆာင္မင္းရာဇာအပါအ၀င္သံုးဦးအမႈႏွင့္ ဦးေမာင္ေမာင္ေအးအမႈတို႔ကို မႈခင္းစီမံခန္႔ခြဲ အစည္းအေ၀း ဆံုးျဖတ္ခ်က္အရ ရက္ေပါင္း ၂၇၀ အတြင္း အၿပီးသတ္စစ္ေဆးသြားရန္ လ်ာထား လွ်က္ရွိေၾကာင္း သိရသည္။

ျပည္ျမန္မာ

(Unicode)

သရုပ်ဆောင်မင်းရာ၏ဇနီးဖြစ်သူ မဖူးငုံပွင့်က ကျန်းမာရေးအခြေအနေကြောင့်ဟုဆိုကာ ယနေ့ (သြဂုတ်လ ၅)ရက် ရုံးထုတ်စစ်ဆေးမှုတွင် အာမခံလျှောက်ထားခဲ့ရာ မြောက်ဥက္ကလာပမြို့နယ် တရားရုံးက လက်မခံဘဲ ပယ်ချ လိုက်ကြောင်း အဆိုပါမြို့နယ်တရားရုံး သတင်းနှင့် ပြန်ကြားရေးအရာ ရှိ၊ မြို့နယ်တရားသူကြီး ဦးဇေယျာဦးက ပြောသည်။


ယနေ့ ရုံးထုတ်စစ်ဆေးစဉ် တရားစွဲဆိုထားသည့် မင်းရာဇာအပါအဝင်သုံးဦးအမှုနှင့် မင်းရာဇာ ယောက္ခမ၊ မဖူးငုံပွင့်၏ဖခင် ဖြစ်သူ ဦးမောင်မောင်အေးအမှုတွင် အမှုနှစ်ခုအနက် အမှုတစ်ခုစီတိုင်း အတွက် တရားလိုပြ သက်သေနှစ်ဦးစီ စစ်ဆေးပြီးစီးခဲ့ကြောင်းနှင့် အဆိုပါ အမှုနှစ်ခုအတွက် အမှု တစ်ခုလျှင် တရားလိုပြသက်သေ ၁၄ ဦးစီတင်သွင်းထားရှိကြောင်း သိရသည်။


ယနေ့ရုံးချိန်းတွင်လည်း တရားလို ဒေါ်သင်းသင်းခိုင်အနေဖြင့် ရုံးတော်ရှေ့ သုံးချိန်းမြောက် ရောက် ရှိလာခြင်းမရှိကြောင်း ၊လာမည့် ရုံးချိန်းကို သြဂုတ်လ ၁၂ ရက်သို့ ပြန်လည်ချိန်းဆိုလိုက်ကြောင်း သိရသည်။ သရုပ်ဆောင်မင်းရာဇာအပါအဝင်သုံးဦးအမှုနှင့် ဦးမောင်မောင်အေးအမှုတို့ကို မှုခင်းစီမံခန့်ခွဲ အစည်းအဝေး ဆုံးဖြတ်ချက်အရ ရက်ပေါင်း ၂၇၀ အတွင်း အပြီးသတ်စစ်ဆေးသွားရန် လျာထား လျှက်ရှိကြောင်း သိရသည်။

ပြည်မြန်မာ

Post a Comment

Previous Post Next Post