(Zawgyi)

ျပည္ခိုင္ၿဖိဳးပါတီမွ ဦးလွေဆြ(ေခၚ)ဘူးလက္လွေဆြသည္ ရန္ကုန္ၿမိဳ႕၊ ဆူးေလဘုရားအနီးရွိ မဟာဗႏၶဳလပန္းၿခံေရွ႕တြင္ ၂ဝ၁၉ ခုႏွစ္ ၾသဂုတ္ ၃ ရက္က ျပဳ လုပ္သည့္ တပ္မေတာ္ ထိပ္တန္းအရာရွိမ်ားအေပၚ အေမရိကန္က အေရးယူပိတ္ဆို႔မႈ ရႈတ္ခ်ပြဲ”အခမ္းအနားတြင္ ႏိုင္ငံေတာ္ သမၼတ႐ုံးအ ပါအဝင္ အစိုးရ႐ုံးမ်ားကို အေမရိကန္က ဗုံးႀကဲပါက သေဘာတူေၾကာင္း ေျပာဆိုခဲ့ျခင္း ျဖစ္သည္။ဘူးလက္လွေဆြသည္ အဆို ပါ အခမ္းအ နားတြင္ “ဗုံးႀကဲစမ္းပါ။ အစိုးရ အဖြဲ႕႐ုံးဝန္ႀကီးေတြ၊ ႐ုံးေတြ အစိုးရအဖြဲ႕႐ုံးေတြ အကုန္လုံးေသပါေစ ေအးေရာ မဟုတ္ဘူးလား။ သေဘာတူ လား။ အေမရိကန္ကို မေၾကာက္ပါဘူး။ လာဗုံးႀကဲစမ္းပါ အစိုးရအဖြဲ႕ကို ဒါက သေဘာတူတယ္။

ကြၽန္ေတာ္တို႔ သေဘာတူတာ ၃ ခုရွိၿပီေနာ္။ Scot Marciel ရဲ႕ Performance ကိုလည္း သေဘာတူတယ္။ အေမရိကန္က ဗုံးလာႀကဲရင္ ဝန္ႀကီးမ်ား႐ုံးတို႔ အစိုးရအဖြဲ႕တို႔ အတိုင္ပင္ခံ႐ုံးတို႔ ဗုံးလာႀကဲရင္ သေဘာမတူဘူးလား။ အသာေလးၾကည့္ ေနလိုက္ေပါ့”ဟု ေဟာေျပာခဲ့ ျခင္းျဖစ္သည္။ဘူးလက္ဦးလွေဆြ၏ေဟာေျပာမႈမ်ားသည္ ႏိုင္ငံေတာ္အစိုးရအေပၚ မေလးစားေအာင္၊ အၾကည္ညိဳပ်က္ ေစျခင္းမ်ားျဖစ္ ေစေသာေၾကာင့္ ဥပေဒအရ အေရးယူေပးရန္ ေက်ာက္တံတားၿမိဳ႕နယ္၊ ဒုတိယၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး ဦးမ်ိဳးျမင့္က ရန္ကုန္အေနာက္ပိုင္း ခ႐ိုင္ တရား႐ုံးသို႔ ဦးတိုက္ေလွ်ာက္ထားခဲ့ျခင္းကို လက္ခံထားသည့္အမႈ ျဖစ္သည္။

ႏိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈျဖင့္ တရားစြဲဆိုခံထားရၿပီး ဖမ္းဆီးမခံဘဲ ထြက္ေျပးတိမ္းေရွာင္ေနသည့္ ဦးလွေဆြ (ေခၚ) ဘူးလက္လွ ေဆြကို ပါတီမွထုတ္ပယ္သင့္၊ မသင့္ ပါတီလူႀကီးမ်ားက လက္ရွိအခ်ိန္ထိ စဥ္းစားထားပုံမရေၾကာင္း ျပည္ခိုင္ၿဖိဳးပါတီ၏ ေျပာေရးဆို ခြင့္ရပုဂၢိဳလ္ ေဒါက္တာနႏၵာလွျမင့္က ေျပာသည္။ဦးလွေဆြကို ပါတီဝင္အျဖစ္ ဆက္လက္ထားရွိျခင္း ရွိ၊ မရွိ ဆက္သြယ္ေမးျမန္းမႈအေပၚ ေဒါက္တာနႏၵာလွျမင့္က ယင္းသို႔ေျပာၾကားခဲ့ျခင္းျဖစ္သည္။ပါတီစည္းကမ္းအရ ရာဇဝတ္မႈျဖင့္ ျပစ္ဒဏ္ထင္ရွားစီရင္ျခင္းခံရသည္ဆိုလွ်င္ ပါတီဝင္အျဖစ္မွရပ္စဲသည္ဟု ေဒါက္တာနႏၵာလွျမင့္က ေျပာသည္။

ဦးလွေဆြႏွင့္ပတ္သက္၍ ေဒါက္တာနႏၵာလွျမင့္က ”ေအးဗ်၊ ခင္ဗ်ားေမးမွ ကြၽန္ေတာ္တို႔စဥ္းစားသင့္တဲ့ အခ်က္တခု အေနနဲ႔ေတြ႕တာ။ သို႔ေသာ္ ကြၽန္ေတာ္တို႔က ဥပေဒမွာရွိေနတယ္ဗ်ာ။ ဥပမာ ေထာင္က်ေနတဲ့သူ ပါတီဝင္ခြင့္မရွိဘူး။ ျပစ္ဒဏ္စီရင္ခံေနရတဲ့လူေပါ့။ မဲေပးခြင့္မရွိသလိုပါပဲ။ ေနာက္ၿပီးေတာ့ ဥပမာ မုဒိမ္းမႈဗ်ာ၊ လူသတ္မႈဗ်ာ၊ ခိုးမႈဗ်ာ၊ Character Case ေတြနဲ႔ ေထာင္က်သြားတယ္ဆိုရင္ ဒါလည္း ကြၽန္ေတာ္တို႔ပါတီဝင္ အျဖစ္ကေန ရပ္စဲတာေပါ့ေနာ္။ အခု ဘူးလက္လွေဆြလိုလူေတြက် ထူးျခားျဖစ္စဥ္ေပါ့။ သူ႔ကိုအမႈဖြင့္တယ္။ သူအဖမ္းမခံဘူး။ ဒါေပမဲ့ သူက ရာဇဝတ္မႈေတာ့ မဟုတ္ဘူးေပါ့ေနာ္။ ႏိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈ၊ ဘာညာ အဲဒီလိုမ်ိဳးေတြေပါ့။



သူထြက္ေျပးသြားတယ္။ ထြက္ေျပးသြားေတာ့ သူက သူ႔ဟာသူေတာ့ ထြက္စာတင္မွာမဟုတ္ဘူး။ မတင္တာေတာ့ ေသခ်ာေလာက္တယ္။ ဘာလို႔ဆိုသူက ထြက္ေျပးသြားၿပီဆိုမွေတာ့ ဘယ္သူမွလည္း ကြၽန္ေတာ္တင္ခဲ့ပါမယ္လုပ္မွာ မဟုတ္ဘူးေလ။ အဲဒီေတာ့ သူ႔ကို ကြၽန္ေတာ္ တို႔ပါတီက ဆက္ထားမွာလား၊ ထုတ္ရမွာလားဆိုတဲ့ ေပၚလစီကလိုလာၿပီေလ။ ကြၽန္ေတာ္တို႔ အဲဒီကိစၥကို အခုအခ်ိန္ထိ လူႀကီးေတြလည္း စဥ္းစားထားပုံမရဘူး။ ခင္ဗ်ားေမးမွ ကြၽန္ေတာ္တို႔လုပ္ ရမယ့္ကိစၥတခု ေပၚလာတယ္”ဟု ေျပာၾကားခဲ့သည္။

CREDIT: NEWS WATCH


(Unicode)

ပြည်ခိုင်ဖြိုးပါတီမှ ဦးလှဆွေ(ခေါ်)ဘူးလက်လှဆွေသည် ရန်ကုန်မြို့၊ ဆူးလေဘုရားအနီးရှိ မဟာဗန္ဓုလပန်းခြံရှေ့တွင် ၂ဝ၁၉ ခုနှစ် သြဂုတ် ၃ ရက်က ပြု လုပ်သည့် တပ်မတော် ထိပ်တန်းအရာရှိများအပေါ် အမေရိကန်က အရေးယူပိတ်ဆို့မှု ရှုတ်ချပွဲ”အခမ်းအနားတွင် နိုင်ငံတော် သမ္မတရုံးအ ပါအဝင် အစိုးရရုံးများကို အမေရိကန်က ဗုံးကြဲပါက သဘောတူကြောင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။ဘူးလက်လှဆွေသည် အဆို ပါ အခမ်းအ နားတွင် “ဗုံးကြဲစမ်းပါ။ အစိုးရ အဖွဲ့ရုံးဝန်ကြီးတွေ၊ ရုံးတွေ အစိုးရအဖွဲ့ရုံးတွေ အကုန်လုံးသေပါစေ အေးရော မဟုတ်ဘူးလား။ သဘောတူ လား။ အမေရိကန်ကို မကြောက်ပါဘူး။ လာဗုံးကြဲစမ်းပါ အစိုးရအဖွဲ့ကို ဒါက သဘောတူတယ်။

ကျွန်တော်တို့ သဘောတူတာ ၃ ခုရှိပြီနော်။ Scot Marciel ရဲ့ Performance ကိုလည်း သဘောတူတယ်။ အမေရိကန်က ဗုံးလာကြဲရင် ဝန်ကြီးများရုံးတို့ အစိုးရအဖွဲ့တို့ အတိုင်ပင်ခံရုံးတို့ ဗုံးလာကြဲရင် သဘောမတူဘူးလား။ အသာလေးကြည့် နေလိုက်ပေါ့”ဟု ဟောပြောခဲ့ ခြင်းဖြစ်သည်။ဘူးလက်ဦးလှဆွေ၏ဟောပြောမှုများသည် နိုင်ငံတော်အစိုးရအပေါ် မလေးစားအောင်၊ အကြည်ညိုပျက် စေခြင်းများဖြစ် စေသောကြောင့် ဥပဒေအရ အရေးယူပေးရန် ကျောက်တံတားမြို့နယ်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမြင့်က ရန်ကုန်အနောက်ပိုင်း ခရိုင် တရားရုံးသို့ ဦးတိုက်လျှောက်ထားခဲ့ခြင်းကို လက်ခံထားသည့်အမှု ဖြစ်သည်။

နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် တရားစွဲဆိုခံထားရပြီး ဖမ်းဆီးမခံဘဲ ထွက်ပြေးတိမ်းရှောင်နေသည့် ဦးလှဆွေ (ခေါ်) ဘူးလက်လှ ဆွေကို ပါတီမှထုတ်ပယ်သင့်၊ မသင့် ပါတီလူကြီးများက လက်ရှိအချိန်ထိ စဉ်းစားထားပုံမရကြောင်း ပြည်ခိုင်ဖြိုးပါတီ၏ ပြောရေးဆို ခွင့်ရပုဂ္ဂိုလ် ဒေါက်တာနန္ဒာလှမြင့်က ပြောသည်။ဦးလှဆွေကို ပါတီဝင်အဖြစ် ဆက်လက်ထားရှိခြင်း ရှိ၊ မရှိ ဆက်သွယ်မေးမြန်းမှုအပေါ် ဒေါက်တာနန္ဒာလှမြင့်က ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။ပါတီစည်းကမ်းအရ ရာဇဝတ်မှုဖြင့် ပြစ်ဒဏ်ထင်ရှားစီရင်ခြင်းခံရသည်ဆိုလျှင် ပါတီဝင်အဖြစ်မှရပ်စဲသည်ဟု ဒေါက်တာနန္ဒာလှမြင့်က ပြောသည်။

ဦးလှဆွေနှင့်ပတ်သက်၍ ဒေါက်တာနန္ဒာလှမြင့်က ”အေးဗျ၊ ခင်ဗျားမေးမှ ကျွန်တော်တို့စဉ်းစားသင့်တဲ့ အချက်တခု အနေနဲ့တွေ့တာ။ သို့သော် ကျွန်တော်တို့က ဥပဒေမှာရှိနေတယ်ဗျာ။ ဥပမာ ထောင်ကျနေတဲ့သူ ပါတီဝင်ခွင့်မရှိဘူး။ ပြစ်ဒဏ်စီရင်ခံနေရတဲ့လူပေါ့။ မဲပေးခွင့်မရှိသလိုပါပဲ။ နောက်ပြီးတော့ ဥပမာ မုဒိမ်းမှုဗျာ၊ လူသတ်မှုဗျာ၊ ခိုးမှုဗျာ၊ Character Case တွေနဲ့ ထောင်ကျသွားတယ်ဆိုရင် ဒါလည်း ကျွန်တော်တို့ပါတီဝင် အဖြစ်ကနေ ရပ်စဲတာပေါ့နော်။ အခု ဘူးလက်လှဆွေလိုလူတွေကျ ထူးခြားဖြစ်စဉ်ပေါ့။ သူ့ကိုအမှုဖွင့်တယ်။ သူအဖမ်းမခံဘူး။ ဒါပေမဲ့ သူက ရာဇဝတ်မှုတော့ မဟုတ်ဘူးပေါ့နော်။ နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ ဘာညာ အဲဒီလိုမျိုးတွေပေါ့။

သူထွက်ပြေးသွားတယ်။ ထွက်ပြေးသွားတော့ သူက သူ့ဟာသူတော့ ထွက်စာတင်မှာမဟုတ်ဘူး။ မတင်တာတော့ သေချာလောက်တယ်။ ဘာလို့ဆိုသူက ထွက်ပြေးသွားပြီဆိုမှတော့ ဘယ်သူမှလည်း ကျွန်တော်တင်ခဲ့ပါမယ်လုပ်မှာ မဟုတ်ဘူးလေ။ အဲဒီတော့ သူ့ကို ကျွန်တော် တို့ပါတီက ဆက်ထားမှာလား၊ ထုတ်ရမှာလားဆိုတဲ့ ပေါ်လစီကလိုလာပြီလေ။ ကျွန်တော်တို့ အဲဒီကိစ္စကို အခုအချိန်ထိ လူကြီးတွေလည်း စဉ်းစားထားပုံမရဘူး။ ခင်ဗျားမေးမှ ကျွန်တော်တို့လုပ် ရမယ့်ကိစ္စတခု ပေါ်လာတယ်”ဟု ပြောကြားခဲ့သည်။

CREDIT: NEWS WATCH

Post a Comment

Previous Post Next Post