(Unicode)

ရခိုင်ပြည်နယ် စစ်တွေမြို့၌ သြဂုတ် ၁၆ရက်တွင် လူနာအမှတ် ၃၇၅ စတင် တွေ့ရှိသည်မှ ပြည်တွင်းကူးစက်မှုနှုန်း စံချိန်တင် မြင့်တက်လာ ခဲ့ခြင်းဖြစ်ပြီး ကိုဗစ်အတည်ပြု လူနာများနှင့် ထိတွေ့မှုများ ရှိခဲ့သူများနှင့် အတည်ပြု လူနာများနှင့် ထိတွေ့မှုမရှိဘဲ မည်သို့ ကူးစက်ခံရ သည် မသိရှိရသော လူနာများလည်း ပါဝင်လာသည်။ “ရောဂါ လက္ခဏာ မပြင်းထန်ဘူးလို့ ပြောလို့တော့ မရသေးဘူး။ ပြောဖို့ စောသေး တယ်။”ဟု ကျန်းမာရေးဝန်ကြီးဌာန၊ပြောရေးဆိုခွင့်ရှိသူ ကျန်းမာရေးနှင့် အသိပညာမြှင့်တင်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာသန်း နိုင်စိုးက ဆိုသည်။

အဆိုပါ စံချိန်တင် ကူးစက်မှုများကြောင့် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားပျံ့နှံ့နေသည့် SARS-CoV-2 ဗိုင်းရပ်စ်ပိုး၏ မျိုးဗီဇကို စစ်ဆေးရန် ဆေးသုတေသန ဦးစီး ဌာနမှ လုပ်ဆောင်လျက်ရှိပြီး မကြာမီ ကာလအတွင်း အဖြေရလဒ်များ ထွက်လာမည်ဖြစ်သည်။ လတ်တလော စံချိန်တင် ကူးစက်ခံရမှုများတွင် အသက်အငယ်ဆုံးဖြစ်သည့် အသက် ၂လ၊၄နှစ်၊၅နှစ်၊၈နှစ် ကလေးငယ်များလည်း ပါဝင်လာပြီး နှစ်ဦး စလုံးကျန်းမာရေးမှာ စိုးရိမ်ဖွယ်မရှိကြောင်း သိရသည်။ သြဂုတ် ၁၆ရက်မှ သြဂုတ် ၂၈ရက် နံနက်ပိုင်းအထိ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ မွန်ပြည်နယ်နှင့် ပဲခူးတိုင်းတို့တွင် ပြည်တွင်း ကူးစက်ခံရသည့် လူနာပေါင်း ၂၃၀အထိရှိခဲ့သည်။



မြန်မာနိုင်ငံတွင် သြဂုတ် ၈ ရက်နံနက်အထိ ကိုဗစ်အတည်ပြုလူနာ ၆၂၈ဦးရှိပြီး သေဆုံးသူ ၆ဦးရှိသည်။ကိုဗစ်ဒုတိယလှိုင်း ကာလအတွင်း ပြည်တွင်းကူးစက်မှု လူနာ ၂၃၀ တွင် ရောဂါ ပြင်းထန်စွာ ခံစားနေရသူ လက်ရှိအချိန်ထိ တစ်ဦးမှ မရှိသေးကြောင်း ကျန်းမာရေးနှင့် အားက စားဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက မြန်မာတိုင်းမ်သို့ ပြောသည်။ ” လတ်တလောအခြေအနေက ရောဂါပြင်းထန်တဲ့သူ တစ်ယောက်မှ မရှိသေးဘူး။ အထူးသဖြင့် ရခိုင်ပြည်နယ် စစ်တွေ မြို့အနေအထားပါ။ ICUထဲ ဝင်ရတဲ့သူ တစ်ယောက်မှ မရှိသေးဘူးဆိုတာ မှန်ပါတယ်။ စစ်တွေဆေးရုံမှာလဲ ICU ကုတင်မှာ လူနာမရှိသေးဘူး”ဟု ဒေါက်တာသန်းနိုင်စိုးက ပြောသည်။

သြဂုတ် ၁၆ရက်မှ သြဂုတ် ၂၈ရက် နံနက်အထိ ပြည်တွင်း ကူးစက်ခံသူများတွင် နှးလုံး၊ သွေးတိုးနှင့် ဆီးချိုရောဂါအခံရှိသည့် လူနာ ၁၆ဦး ကို စောင့်ကြည့်နေရကြောင်း၊ ရုတ်တရက် ရောဂါ ဆိုးရွားနိုင်ခြေ ရှိနိုင်သည့်အတွက် အမြန်ဆုံးကုသမှုများ ပေးနိုင်ရန် စီစဉ်ဆောင်ရွက် ထားပြီးဖြစ်ကြောင်း ၎င်းကဆိုသည်။ “လက်ရှိတွေ့နေရတဲ့ အနေအထားက ရခိုင် ပြည်နယ်မှာ လူ ၁၀၀မှာ ၇၉ ယောက် ၊၇၉ရာခိုင်နှုန်းက ရောဂါလက္ခဏာ တစ်စုံတစ်ရာတောင် မပြဘူး။ အနံ့ပျောက်တာတောင်မပြဘဲ အကောင်းတိုင်း ရှိနေတဲ့ သူတွေများတယ်”ဟု ဒေါက်တာ သန်းနိုင်စိုးက ပြောသည်။


CRD: မြန်မာတိုင်းမ်


(Zawgyi)


ရခိုင္ျပည္နယ္ စစ္ေတြၿမိဳ႕၌ ၾသဂုတ္ ၁၆ရက္တြင္ လူနာအမွတ္ ၃၇၅ စတင္ ေတြ႕ရွိသည္မွ ျပည္တြင္းကူးစက္မႈႏႈန္း စံခ်ိန္တင္ ျမင့္တက္လာ ခဲ့ျခင္းျဖစ္ၿပီး ကိုဗစ္အတည္ျပဳ လူနာမ်ားႏွင့္ ထိေတြ႕မႈမ်ား ရွိခဲ့သူမ်ားႏွင့္ အတည္ျပဳ လူနာမ်ားႏွင့္ ထိေတြ႕မႈမရွိဘဲ မည္သို႔ ကူးစက္ခံရ သည္ မသိရွိရေသာ လူနာမ်ားလည္း ပါဝင္လာသည္။ “ေရာဂါ လကၡဏာ မျပင္းထန္ဘူးလို႔ ေျပာလို႔ေတာ့ မရေသးဘူး။ ေျပာဖို႔ ေစာေသး တယ္။”ဟု က်န္းမာေရးဝန္ႀကီးဌာန၊ေျပာေရးဆိုခြင့္ရွိသူ က်န္းမာေရးႏွင့္ အသိပညာျမႇင့္တင္ေရးဌာနခြဲ ၫႊန္ၾကားေရးမႉး ေဒါက္တာသန္း ႏိုင္စိုးက ဆိုသည္။

အဆိုပါ စံခ်ိန္တင္ ကူးစက္မႈမ်ားေၾကာင့္ ရခိုင္ျပည္နယ္တြင္ ျဖစ္ပြားပ်ံ႕ႏွံ႔ေနသည့္ SARS-CoV-2 ဗိုင္းရပ္စ္ပိုး၏ မ်ိဳးဗီဇကို စစ္ေဆးရန္ ေဆးသုေတသန ဦးစီး ဌာနမွ လုပ္ေဆာင္လ်က္ရွိၿပီး မၾကာမီ ကာလအတြင္း အေျဖရလဒ္မ်ား ထြက္လာမည္ျဖစ္သည္။ လတ္တေလာ စံခ်ိန္တင္ ကူးစက္ခံရမႈမ်ားတြင္ အသက္အငယ္ဆုံးျဖစ္သည့္ အသက္ ၂လ၊၄ႏွစ္၊၅ႏွစ္၊၈ႏွစ္ ကေလးငယ္မ်ားလည္း ပါဝင္လာၿပီး ႏွစ္ဦး စလုံးက်န္းမာေရးမွာ စိုးရိမ္ဖြယ္မရွိေၾကာင္း သိရသည္။ ၾသဂုတ္ ၁၆ရက္မွ ၾသဂုတ္ ၂၈ရက္ နံနက္ပိုင္းအထိ ရခိုင္ျပည္နယ္၊ ရန္ကုန္တိုင္း၊ မြန္ျပည္နယ္ႏွင့္ ပဲခူးတိုင္းတို႔တြင္ ျပည္တြင္း ကူးစက္ခံရသည့္ လူနာေပါင္း ၂၃၀အထိရွိခဲ့သည္။

ျမန္မာႏိုင္ငံတြင္ ၾသဂုတ္ ၈ ရက္နံနက္အထိ ကိုဗစ္အတည္ျပဳလူနာ ၆၂၈ဦးရွိၿပီး ေသဆုံးသူ ၆ဦးရွိသည္။ကိုဗစ္ဒုတိယလႈိင္း ကာလအတြင္း ျပည္တြင္းကူးစက္မႈ လူနာ ၂၃၀ တြင္ ေရာဂါ ျပင္းထန္စြာ ခံစားေနရသူ လက္ရွိအခ်ိန္ထိ တစ္ဦးမွ မရွိေသးေၾကာင္း က်န္းမာေရးႏွင့္ အားက စားဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူက ျမန္မာတိုင္းမ္သို႔ ေျပာသည္။ ” လတ္တေလာအေျခအေနက ေရာဂါျပင္းထန္တဲ့သူ တစ္ေယာက္မွ မရွိေသးဘူး။ အထူးသျဖင့္ ရခိုင္ျပည္နယ္ စစ္ေတြ ၿမိဳ႕အေနအထားပါ။ ICUထဲ ဝင္ရတဲ့သူ တစ္ေယာက္မွ မရွိေသးဘူးဆိုတာ မွန္ပါတယ္။ စစ္ေတြေဆး႐ုံမွာလဲ ICU ကုတင္မွာ လူနာမရွိေသးဘူး”ဟု ေဒါက္တာသန္းႏိုင္စိုးက ေျပာသည္။

ၾသဂုတ္ ၁၆ရက္မွ ၾသဂုတ္ ၂၈ရက္ နံနက္အထိ ျပည္တြင္း ကူးစက္ခံသူမ်ားတြင္ ႏွးလုံး၊ ေသြးတိုးႏွင့္ ဆီးခ်ိဳေရာဂါအခံရွိသည့္ လူနာ ၁၆ဦး ကို ေစာင့္ၾကည့္ေနရေၾကာင္း၊ ႐ုတ္တရက္ ေရာဂါ ဆိုး႐ြားႏိုင္ေျခ ရွိႏိုင္သည့္အတြက္ အျမန္ဆုံးကုသမႈမ်ား ေပးႏိုင္ရန္ စီစဥ္ေဆာင္႐ြက္ ထားၿပီးျဖစ္ေၾကာင္း ၎ကဆိုသည္။ “လက္ရွိေတြ႕ေနရတဲ့ အေနအထားက ရခိုင္ ျပည္နယ္မွာ လူ ၁၀၀မွာ ၇၉ ေယာက္ ၊၇၉ရာခိုင္ႏႈန္းက ေရာဂါလကၡဏာ တစ္စုံတစ္ရာေတာင္ မျပဘူး။ အနံ႔ေပ်ာက္တာေတာင္မျပဘဲ အေကာင္းတိုင္း ရွိေနတဲ့ သူေတြမ်ားတယ္”ဟု ေဒါက္တာ သန္းႏိုင္စိုးက ေျပာသည္။


CRD: ျမန္မာတိုင္းမ္

Post a Comment

Previous Post Next Post