(Zawgyi)




အစ်ကို . အစ်မ . အမေမွှေး ဝိုင်းအားပေးသလို .မနေ့က ညနေ့က ည အထိ ကျွန်တော် အချစ်ဆုံးကောင်မြင့်မြတ် . ပြီးတော့ ကိုခင်လိုင် . ထူးခြား . Kညီ .အတူရှိပေးကျတယ် . နှစ်သိမ့်ပေးကျတယ် .








(Unicode)


တေးသံရှင် ယုန်လေးကတော့ လတ်တလောမှာ သူကိုယ်တိုင်ရေးသား ရိုက်ကူးခဲ့တဲ့ သီချင်းဗီဒီယိုကြောင့် ဝေဖန်မှုများစွာနဲ့ ရင်ဆိုင်နေခဲ့ရတာ ဖြစ်ပါတယ်။ အဆိုပါ ကိစ္စရပ်အပေါ် အနုပညာအချင်းချင်းတွေကိုယ်တိုင်ပင် သဘောထား အမြင်ကွဲလွဲခဲ့ပါတယ်။ အခုလို ဖြစ်ရပ်များကြောင့် မိတ်ဆွေ အစစ် အတု ကွဲပြားသွားရတဲ့အကြောင်းကိုလည်း အောက်ပါအတိုင်း ရင်ဖွင့် ရေးသားခဲ့ပါတယ်။


ယုန်လေး ရေးသားခဲ့တာကတော့ ” တော်တော်များများ အဆင်းဘီးတက်ပေးတဲ့ အချိန်
မှာ မိတ်ဆွေ စစ် . အတု သိခွင့်ရလိမ့်ပါတယ် . ကိုအယ်ကြီး နှင့် ပါဝင်သူညီ ညီမငယ်
အစ်ကို . အစ်မ . အမေမွှေး ဝိုင်းအားပေးသလို .မနေ့က ညနေ့က ည အထိ ကျွန်တော် အချစ်ဆုံးကောင်မြင့်မြတ် . ပြီးတော့ ကိုခင်လိူင် . ထူးခြား . Kညီ .အတူရှိပေးကျတယ် . နှစ်သိမ့်ပေးကျတယ် .


သူရူတင် နောက်ကျရင် နောက်ကျနိုင်တယ် .ရုပ်ရှင် အစည်းရုံးကို ကျွန်တော့် အတွက်တောင်းပန်ဖို့ ဆိုပြီး အခု မနက်အစောကြီး ထ ပြီး ကျွန်တော် ထက် ဦးအောင် . မြင့်မြတ် ဦးဆောင်ပြီး OG Crew အကုန်ရောက်နေကျတယ် .ဒီလို မိသားစုတွေ ရှိတာကိုက အားအရမ်းရှိပါတယ် .Messenger ကေနေရာ .


Ph နဲ့ ရော အားပေးတဲ့ အယောက်ချင်းစီတိုင်းကိုလည်းကျေးဇူး မမေ့ပါဘူး.ဘယ်လို စိတ်ခံစားမူ့ မျိုးကြုံမလဲ ဆိုတာ ခံစားဖူးတဲ့သူ . မိဘမရှိတဲ့ လူတိုင်း ဒီ သိမ်ငယ်အားငယ်စိတ်ကိုသိမှာပါ .မွေးထဲက မိဘနှစ်ပါး လုံးဆုံးတာပါ .ဘယ်ရဲမူးကြီးသား မှ မဟုတ်ပါဘူး ခင်များ .ဘာဖြစ်ဖြစ် ကျွန်တော် တစ်ယောက်ထဲပဲ ခံယူပါရစေ.ပါဝင်ပေးသူ များ တစ်ယောက်နှင့်မှ မဆိုင်ပါ” ဆိုကာ သူ့ရဲ့ အဖြစ်အပျက်လေးကို ပြောပြခဲ့ပါတယ်။


ပရိတ်သတ်ကြီးရေ ဒုက္ခကို ရင်ဆိုင်ရတဲ့အခါ မိတ်ဆွေ အစစ် အတု ကွဲပြားတတ်တာ သဘာဝပါပဲနော်။ ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်ရှင်။ သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေနော်။

Post a Comment

Previous Post Next Post