(Unicode)

ပြည်မြို့တွင် ရွှေဆိုင်တစ်ဆိုင်အား ခဲကျည်ထည့်ထားသော ကော်သေနတ်ဖြင့် ဝင်ရောက်လုယက်…

ပဲခူးတိုင်းဒေသကြီး ပြည်မြို့ ရွှေကူရပ်ကွက်ရှိ မေသရဖူရွှေဆိုင်ကိုဝင်၍ ယနေ့ ညနေ ၅နာရီကျော်အချိန်က ခဲကျည်ထည့် ကာပစ်၍ရသော ကော်သေနတ်ဖြင့်လုယက်မှုဖြစ်ပွားခဲ့ကြောင်း ပြည်မြို့ မြို့နယ် ရဲတပ်ဖွဲ့မှုး ရဲမှုးသန်းဇော်ဝင်း က ပြောပါသည်။



“ခုညနေ ၅ နာရီ ၉ မိနစ် အချိန်မှာ ရွှေကူရပ်ကွက် ရွှေတချောင်းနှင့် ပန်းဘဲတန်းလမ်းထောင့်မှာ မေသရဖူရွှေဆိုင်ကို ပြည်မြို့သဲကုန်းအုပ်စု ဆင်ဖက်ရွာက ပြည့်ဖြိုးအောင်နဲ့ထက်အောင်ကျော်အောင်ဆိုတဲ့ အသက် ၂၃ နှစ် ၂၄ နှစ် အရွယ် နှစ်ယောက်က ခဲကျည်ထည့်ပစ်လို့ ရတဲ့ ကော်သေနတ်နဲ့ ဝင်ပြီးပြီတော့ လုယက်တာမျိုးလုပ်တာပေါ့။



ကျွန်တော်တို့လည်း သိသိချင်း ချက်ချင်းလာတယ်။ ရပ်ကွက်နေပြည်သူတွေ၊ ပိုင်ရှင်ရယ်၊ ရဲတပ်ဖွဲ့ရယ် အားလုံးပူးပေါင်းဖမ်းဆီးနိုင်ပါတယ်။ ပြည်သူလူထုကိုလည်း ရဲတပ်ဖွဲ့က ကျေးဇူးတင်ပါတယ်။ အခုကတော့ လုယက်မှု ပုဒ်မ ၃၉၂ နဲ့ ဥပဒေအရ အရေးယူဖို့ဆောင်ရွက်နေပါတယ်။၊



လက်ရှိမှာတော့ပေါ့နော်။ အခြား မှုခင်းပိုင်းတွေ ဘာတွေ ရှိအုံးမလဲ၊ ပြစ်မှုဟောင်းတွေ ရှိသလား အဲဒါတွေကိုလည်း စစ်ဆေးဖို့ ဆောင်ရွက်နေပါတယ်ဗျ” ဟု ရဲမှူးက ပြောပါသည်။

 (Zawgyi)


ျပည္ၿမိဳ႕တြင္ ေ႐ႊဆိုင္တစ္ဆိုင္အား ခဲက်ည္ထည့္ထားေသာ ေကာ္ေသနတ္ျဖင့္ ဝင္ေရာက္လုယက္…

ပဲခူးတိုင္းေဒသႀကီး ျပည္ၿမိဳ႕ ေ႐ႊကူရပ္ကြက္ရွိ ေမသရဖူေ႐ႊဆိုင္ကိုဝင္၍ ယေန႔ ညေန ၅နာရီေက်ာ္အခ်ိန္က ခဲက်ည္ထည့္ ကာပစ္၍ရေသာ ေကာ္ေသနတ္ျဖင့္လုယက္မႈျဖစ္ပြားခဲ့ေၾကာင္း ျပည္ၿမိဳ႕ ၿမိဳ႕နယ္ ရဲတပ္ဖြဲ႕မႈး ရဲမႈးသန္းေဇာ္ဝင္း က ေျပာပါသည္။



“ခုညေန ၅ နာရီ ၉ မိနစ္ အခ်ိန္မွာ ေ႐ႊကူရပ္ကြက္ ေ႐ႊတေခ်ာင္းႏွင့္ ပန္းဘဲတန္းလမ္းေထာင့္မွာ ေမသရဖူေ႐ႊဆိုင္ကို ျပည္ၿမိဳ႕သဲကုန္းအုပ္စု ဆင္ဖက္႐ြာက ျပည့္ၿဖိဳးေအာင္နဲ႔ထက္ေအာင္ေက်ာ္ေအာင္ဆိုတဲ့ အသက္ ၂၃ ႏွစ္ ၂၄ ႏွစ္ အ႐ြယ္ ႏွစ္ေယာက္က ခဲက်ည္ထည့္ပစ္လို႔ ရတဲ့ ေကာ္ေသနတ္နဲ႔ ဝင္ၿပီးၿပီေတာ့ လုယက္တာမ်ိဳးလုပ္တာေပါ့။



ကြၽန္ေတာ္တို႔လည္း သိသိခ်င္း ခ်က္ခ်င္းလာတယ္။ ရပ္ကြက္ေနျပည္သူေတြ၊ ပိုင္ရွင္ရယ္၊ ရဲတပ္ဖြဲ႕ရယ္ အားလုံးပူးေပါင္းဖမ္းဆီးႏိုင္ပါတယ္။ ျပည္သူလူထုကိုလည္း ရဲတပ္ဖြဲ႕က ေက်းဇူးတင္ပါတယ္။ အခုကေတာ့ လုယက္မႈ ပုဒ္မ ၃၉၂ နဲ႔ ဥပေဒအရ အေရးယူဖို႔ေဆာင္႐ြက္ေနပါတယ္။၊



လက္ရွိမွာေတာ့ေပါ့ေနာ္။ အျခား မႈခင္းပိုင္းေတြ ဘာေတြ ရွိအုံးမလဲ၊ ျပစ္မႈေဟာင္းေတြ ရွိသလား အဲဒါေတြကိုလည္း စစ္ေဆးဖို႔ ေဆာင္႐ြက္ေနပါတယ္ဗ်” ဟု ရဲမႉးက ေျပာပါသည္။

Post a Comment

Previous Post Next Post