(Unicode)

ရေတွင်းထဲ တစ်ရက်ခန့် ကျနေခဲ့သည့် မဟာဒုတိယနှစ် ကျောင်းသားအား အောင်မြင်စွာကယ်တင်…

မန္တလေးတိုင်းဒေသကြီး၊ မိတ္တီလာမြို့၌ ရေတွင်းထဲသို့ တစ်ရက်ခန့် ပြုတ်ကျခဲ့သည့် ဒုတိယနှစ် မဟာတန်း တက်ရောက်နေသည့် ကျောင်းသားကို အသက်ရှင်စွာ ကယ်တင်နိုင်ခဲ့ပြီး လက်ရှိအချိန်၌ အသက်အန္တရာယ် ဆိုးရိမ်ဖွယ်မရှိကြောင်း မျိုးဆက်သစ်မြတ်ပါရမီအသင်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။



ဒုတိယနှစ်မဟာတန်းတက်ရောက်နေသည့် ကျောင်းသားသည် ဩဂုတ်လ (၂၂)ရက်နေ့၌ တွင်းဝ ရှစ်ပေခန့် အကျယ်ရှိသည့် ရေတွင်းထဲသို့ ပြုတ်ကျခဲ့ခြင်းဖြစ်ပြီး ဩဂုတ်လ(၂၃)ရက် ညနေ (၃း၃၀)အချိန်၌ အသက်ရှင်စွာ ကူညီကယ်ဆယ်နိုင်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။



“ရေတွင်းကနေ ရေခပ်ရင်း ရေခပ်တဲ့ ကြိုးပျက်ပြီး စက်သီးကနေ လူကို ရေတွင်းထဲဆွဲချသွားတာ။ မနေ့က သုံးနာရီလောက်မှာ သိတယ်။သုံးနာရီခွဲလောက်မှ ကုန်းပေါ်ကို ဆယ်တယ်နိုင်တယ်”လို့ မျိုးဆက်သစ်မြတ်ပါရမီအသင်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။



ရေတွင်းထဲပြုတ်ကျခဲ့သူသည် အသက် (၂၂)နှစ် အရွယ်ရှိပြီး လက်ရှိအချိန်၌ မိတ္တီလာဆေးရုံကြီး၌ ဆေးဝါးကုသမှု ခံယူလျက်ရှိပြီး အသက်အန္တရယ် ဆိုးရိမ်ဖွယ်မရှိကြောင်း မျိုးဆက်သစ်မြတ်ပါရမီအသင်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။


(Zawgyi)















Post a Comment

Previous Post Next Post