(Unicode)

သင်္ဃန်းကျွန်း လူနာ ၅၉၅ အမျိုးသမီး ဘယ်ကကူးမှန်း မသိရ၊ အဝတ်လျှော် လုပ်ငန်းလုပ်ကိုင်ဟု သိရ

ရန်ကုန် သဃ်န်းကျွန်းသုဝဏ္ဏမှာ ဘယ်ကကူးမှန်း မသိတဲ့အပြင် ဖျားပြီးရင်ကျပ်ရာကနေ ရောဂါပိုးတွေ့ခဲ့တာဖြစ်

သြဂုတ်လ ၂၇ ရက်နေ့ ည ၈ နာရီမှာ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ပိုးတွေ့လူနာ ၁၆ ယောက်စာရင်းမှာ ရန်ကုန်က ၄ ယောက်ပါဝင်ပြီး၊ အဲထဲက သဃ်န်းကျွန်း သုဝဏ္ဏမှာ နေထိုင်သူတစ်ယောက်ဟာ ဘယ်ကကူးမှန်းမသိပဲ ဖျားပြီး



ရင်ကြပ်ရာကနေ ဓါတ်ခွဲနမူနာယူ စစ်ဆေးရာကနေ ပိုးတွေ့ခဲ့တာဖြစ်ကြောင်း သဃ်န်းကျွန်းမြို့နယ် ကျန်းမာရေးဦးစီးမှူး ဒေါက်တာစောအောင်ရွှေဖြူက ပြောပါတယ်

ဘယ်မှတော့ မသွားမလာ ထားဘူး။ ဖျားတယ်၊ ရင်နဲနဲကျပ်ရာကနေ ဆေးရုံသွားပြရင်း တွေ့တာ ဟုပြောပါတယ်။ သဃ်န်းကျွန်းမြို့နယ် သုဝဏ္ဏ ၂၉ ရပ်ကွက်၊ ပေါ်ဆန်းမွှေးလမ်းမှာ နေထိုင်တဲ့ အသက်၄၀ အရွယ် လူနာအမှတ် ၅၉၅ အမျိုးသမီးနဲ့ထိတွေ့တဲ့ မိသားစုဝင်၂၀ကျော်လောက်ရှိတယ်လို့ လွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်ကပြောပါတယ်



အဝတ်လျှော် လုပ်ငန်းလုပ်ကိုင်သူ အဲဒီအမျိုးသမီးနဲ့ ထိတွေ့သူတွေကို ကျန်းမာရေးဌာနက ဆက်လက်စုံစမ်းနေတယ်လို့ လတ်တလော သိရပါတယ်။

မြန်မာနိုင်ငံမှာ သြဂုတ်လ ၂၇ ရက်နေ့ ည ၈နာရီထိ ကိုဗစ် အတည်ပြုလူနာ ၆၀၂ယောက်ရှိပြီး၊ သြဂုတ်လ တတိယပတ်က စတင်က ရခိုင်ပြည်နယ် စစ်တွေနဲ့ဆက်စပ်ပြီး ကူးစက်မှု အရှိန်မြင့်လာတာ ဖြစ်ပါတယ်

Credit Original


(Zawgyi)













Credit Original

Post a Comment

Previous Post Next Post