(Unicode)


လတ်တလောကာလ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကပ်ရောဂါ တကျော့ပြန် ကူးစက်မှုတွေ ပိုမိုမြင့်တက်လာနေပြီး ပြည်သူအားလုံးက ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်တွေ ကို သတိပြုလိုက်နာကြရမယ့် အချိန် ဖြစ်လာနေပါတယ်။

လက်ကိုခဏခဏဆေးပါ၊ လူစုလူဝေးရှောင်ရှားပါ၊ မိမိနေအိမ်တွင်သာ နေထိုင်ပါ၊ နှာခေါင်းစည်း Mask တပ်ဆင်ပါ၊ ၆ ပေအကွာ နေထိုင်ပါ စသဖြင့် ကျန်းမာရေးဝန်ကြီး ဌာနက သတိပြုလိုက်နာစရာ ရှောင်ကြဉ်သင့်တဲ့ အပြုအမူတွေကို ညွှန်ကြားထားခဲ့ပေ မယ့် နိစ္စဓူဝ သွားလာလှုပ်ရှားနေကြရတဲ့ အခြေခံလူတန်းစားတွေအဖို့တော့ ဒါကို သတိမူ လိုက်နာနိုင်ဖို့ ခက်ခဲနေကြဦးမှာပါ။

ဒီအခြေအနေမှာ တာဝန်သိ ကြက်ခြေနီလူငယ်မောင်မယ်တစုက ဈေးတန်းတခုထဲ မှာ ကိုဗစ်-၁၉ ပညာပေးသီချင်းတပုဒ်ဖြစ်တဲ့ ဖြိုးပြည့်စုံနဲ့ မိစန္ဒီတို့ သီဆိုထားကြတဲ့ “ကမ္ဘာ့အပြင်သွားပါ ကိုရိုနာ” သီချင်းနဲ့အတူ ပြည်သူတွေကို ထိရောက်တဲ့ တစိတ်တပိုင်း ပညာပေးလှုပ်ရှားမှုတခုကို လုပ်ဆောင်ခဲ့ကြပါတယ်။



ဒီအဖြစ်အပျက် ရုပ်သံဗွီဒီယိုဖိုင်ကိုတော့ ပြီးခဲ့တဲ့ ဩဂုတ်လ ၂၉ ရက်နေ့က Su Wai အမည်နဲ့ ဖေ့စ်ဘွတ်ခ်အသုံးပြုသူတယောက်က တိုက်ရိုက်လိုက်ဖ်လွှင့်ပြီး မျှဝေထားခဲ့ တာ ဖြစ်ပါတယ်။

ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ဝတ်စုံပြည့်နဲ့ ကြက်ခြေနီလူငယ်မောင်မယ်လေးတွေ က နှာခေါင်းစည်း Mask တွေ၊ မျက်နှာကာ Face Shield တွေ တပ်ဆင်ထားခဲ့ကြပြီး ဈေးတန်းအနှံ့ ဈေးသည် ဈေးဝယ်တွေကြားမှာ သီချင်းစည်းချက်နဲ့အညီ သရုပ်ပြကခုန် လှုပ်ရှားရင်း ရှိနေခဲ့ကြတာကို တွေ့ရပါတယ်။

လတ်တလောမှာတော့ ဒီရုပ်သံဗွီဒီယိုဖိုင်ကို ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်မှာ ဝင် ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၂ ဒဿမ ၈ သန်းကျော် ရှိနေခဲ့ပြီဖြစ်ပြီး ပြန်လည်မျှဝေ ကြသူ ၈ သောင်းကျော် ရှိနေခဲ့တာ ဖြစ်ပါတယ်။



ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအကုန်ပိုင်းလောက်က တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့ က စတင်ခဲ့တဲ့ ကိုဗစ်-၁၉ ကပ်ရောဒါဟာ ကမ္ဘာ့ကပ်ရောဂါတခုဖြစ်လာခဲ့ပြီးနောက် လက် ရှိမှာတော့ ကမ္ဘာတလွှားရောဂါကူးစက်ခံရသူ ၂၅ သန်းကျော်လာခဲ့ပြီဖြစ်ကာ သေဆုံးသူ ၈ သိန်းခွဲကျော် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာတော့ ကိုဗစ်-၁၉ အတည်ပြုလူနာကို ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်နေ့က စတင်တွေ့ရှိခဲ့ပြီး လက်ရှိအချိန်ထိ ရောဂါကူးစက်ခံရသူ ၇၈၇ ယောက်၊ သေဆုံးသူ ၆ ယောက် ရှိနေခဲ့တာ ဖြစ်ပါတယ်။


ဒီဗွီဘီ


(Zawgyi)


လတ္တေလာကာလ ျမန္မာႏိုင္ငံမွာ ကိုဗစ္-၁၉ ကပ္ေရာဂါ တေက်ာ့ျပန္ ကူးစက္မႈေတြ ပိုမိုျမင့္တက္လာေနၿပီး ျပည္သူအားလုံးက က်န္းမာေရးဆိုင္ရာ ၫႊန္ၾကားခ်က္ေတြ ကို သတိျပဳလိုက္နာၾကရမယ့္ အခ်ိန္ ျဖစ္လာေနပါတယ္။

လက္ကိုခဏခဏေဆးပါ၊ လူစုလူေဝးေရွာင္ရွားပါ၊ မိမိေနအိမ္တြင္သာ ေနထိုင္ပါ၊ ႏွာေခါင္းစည္း Mask တပ္ဆင္ပါ၊ ၆ ေပအကြာ ေနထိုင္ပါ စသျဖင့္ က်န္းမာေရးဝန္ႀကီး ဌာနက သတိျပဳလိုက္နာစရာ ေရွာင္ၾကဥ္သင့္တဲ့ အျပဳအမူေတြကို ၫႊန္ၾကားထားခဲ့ေပ မယ့္ နိစၥဓူဝ သြားလာလႈပ္ရွားေနၾကရတဲ့ အေျခခံလူတန္းစားေတြအဖို႔ေတာ့ ဒါကို သတိမူ လိုက္နာႏိုင္ဖို႔ ခက္ခဲေနၾကဦးမွာပါ။

ဒီအေျခအေနမွာ တာဝန္သိ ၾကက္ေျခနီလူငယ္ေမာင္မယ္တစုက ေဈးတန္းတခုထဲ မွာ ကိုဗစ္-၁၉ ပညာေပးသီခ်င္းတပုဒ္ျဖစ္တဲ့ ၿဖိဳးျပည့္စုံနဲ႔ မိစႏၵီတို႔ သီဆိုထားၾကတဲ့ “ကမာၻ႔အျပင္သြားပါ ကို႐ိုနာ” သီခ်င္းနဲ႔အတူ ျပည္သူေတြကို ထိေရာက္တဲ့ တစိတ္တပိုင္း ပညာေပးလႈပ္ရွားမႈတခုကို လုပ္ေဆာင္ခဲ့ၾကပါတယ္။



ဒီအျဖစ္အပ်က္ ႐ုပ္သံဗြီဒီယိုဖိုင္ကိုေတာ့ ၿပီးခဲ့တဲ့ ဩဂုတ္လ ၂၉ ရက္ေန႔က Su Wai အမည္နဲ႔ ေဖ့စ္ဘြတ္ခ္အသုံးျပဳသူတေယာက္က တိုက္႐ိုက္လိုက္ဖ္လႊင့္ၿပီး မွ်ေဝထားခဲ့ တာ ျဖစ္ပါတယ္။

႐ုပ္သံဗြီဒီယိုဖိုင္ထဲမွာေတာ့ ဝတ္စုံျပည့္နဲ႔ ၾကက္ေျခနီလူငယ္ေမာင္မယ္ေလးေတြ က ႏွာေခါင္းစည္း Mask ေတြ၊ မ်က္ႏွာကာ Face Shield ေတြ တပ္ဆင္ထားခဲ့ၾကၿပီး ေဈးတန္းအႏွံ႔ ေဈးသည္ ေဈးဝယ္ေတြၾကားမွာ သီခ်င္းစည္းခ်က္နဲ႔အညီ သ႐ုပ္ျပကခုန္ လႈပ္ရွားရင္း ရွိေနခဲ့ၾကတာကို ေတြ႕ရပါတယ္။

လတ္တေလာမွာေတာ့ ဒီ႐ုပ္သံဗြီဒီယိုဖိုင္ကို ေဖ့စ္ဘြတ္ခ္လူမႈကြန္ရက္ေပၚမွာ ဝင္ ေရာက္ၾကည့္ရႈၾကတဲ့ အႀကိမ္ေရ ၂ ဒႆမ ၈ သန္းေက်ာ္ ရွိေနခဲ့ၿပီျဖစ္ၿပီး ျပန္လည္မွ်ေဝ ၾကသူ ၈ ေသာင္းေက်ာ္ ရွိေနခဲ့တာ ျဖစ္ပါတယ္။



ၿပီးခဲ့တဲ့ႏွစ္ ဒီဇင္ဘာလအကုန္ပိုင္းေလာက္က တ႐ုတ္ႏိုင္ငံအလယ္ပိုင္း ဝူဟန္ၿမိဳ႕ က စတင္ခဲ့တဲ့ ကိုဗစ္-၁၉ ကပ္ေရာဒါဟာ ကမာၻ႔ကပ္ေရာဂါတခုျဖစ္လာခဲ့ၿပီးေနာက္ လက္ ရွိမွာေတာ့ ကမာၻတလႊားေရာဂါကူးစက္ခံရသူ ၂၅ သန္းေက်ာ္လာခဲ့ၿပီျဖစ္ကာ ေသဆုံးသူ ၈ သိန္းခြဲေက်ာ္ ရွိေနခဲ့ၿပီ ျဖစ္ပါတယ္။

ျမန္မာႏိုင္ငံမွာေတာ့ ကိုဗစ္-၁၉ အတည္ျပဳလူနာကို ၿပီးခဲ့တဲ့ မတ္လ ၂၃ ရက္ေန႔က စတင္ေတြ႕ရွိခဲ့ၿပီး လက္ရွိအခ်ိန္ထိ ေရာဂါကူးစက္ခံရသူ ၇၈၇ ေယာက္၊ ေသဆုံးသူ ၆ ေယာက္ ရွိေနခဲ့တာ ျဖစ္ပါတယ္။


ဒီဗြီဘီ

Post a Comment

Previous Post Next Post