ဧရာဝတီတိုင်းအတွင်း ဝင်ရောက်လာသည့် ခိုးဝင်ဘင်္ဂါလီ (၄၀)ကျော် ဖမ်းဆီးရမိ (Update News)
==================================
ဩဂုတ်-၂၇ -၂၀၂၀
ဩဂုတ်လ (၂၇)ရက်နေ့ ညနေ ၄:၃၀ခန့်မှာ လပွတ္တာမြို့နယ်နဲ့ ဘိုကလေးမြို့အနီးရေပိုင်နက်အတွင်းခိုးဝင်ဘင်္ဂဂါလီခိုးဝင် (၄၇)ဦးကို သတင်းအရ လိူင်းဘုန်းနယ်မြေရဲတပ်ဖွဲ့နဲ့ကျေးရွာအုပ်ချူပ်ရေးမှူးအဖွဲ့တို့မှပူပေါင်း ဖမ်းဆီးခဲ့ပါတယ်။
လက်ရှိမှာတော့သူတို့ကိုကမ်းကပ်ခွင့်မပေးပဲပြည်ထောင်စုအဆင့်ကို တင်ပြထားပြီး ပြည်ထောင်စုအစိုးရညွှန်ကြားချက်အတိုင်း ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့တာဝန်ရှိသူက mntvသတင်းဌာနကို ပြောပါတယ်။
ခုလိုဖမ်းမိတာကကြိုတင်သတင်းရထားတဲ့အတွက်
ဖြစ်ပြီးငွေဆောင်နဲ့ချောင်းသာကသက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့တွေဩဂုတ်လ(၂၆)ရက်နေ့မတိုင်ခင်ထဲက ကြိုတင်ပိတ်ဆို့ရှာဖွေနေတာတွေရှိခဲ့တယ်လို့ ငွေဆောင်မြို့အုပ်ချုပ်ရေရမှူးဦးဝဏ္ဏဝင်းက mntvကို ပြောပါတယ်။
ဖမ်းဆီးရမိမှုနဲ့ပက်သက်ပြီး ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့တာဝန်ရှိသူကို ဆက်သွယ်မေးမြန်းရာမှာတော့ ပြန်လည်ဖြေကြားနိင်ခြင်းမရှိသေးပါဘူး။
လက်ရှိ ဖမ်းဆီးခံရမိသူတွေမှာ ကျား ၁၁ဦး မ ၂၉ဦးအပါအဝင်၊ ကလေးကျား ၁ဦး ကလေးမ ၁ဦး စက်လှေသား ၅ဦးအပါအဝင် ၄၇ဦးကို ဖမ်းဆီးရမိထားတယ်လို့ သိရပါတယ်။
သတင်းထောက် ရဲေသွးနီ
အယ်ဒီတာ အောင်ကျော်မိုး
Credit – MNTV News
Post a Comment