(Unicode)

ဂျပန်နိုင်ငံ ကို ၈ နှစ်တာ အုပ်ချုပ်သွားတဲ့ ဝန်ကြီးချုပ် ရှင်ဇိုအာဘေး တယောက် ကုသဖို့ခက်ခဲတဲ့ အူမကြီးရောဂါ Colitis ဝေဒနာခံစားနေရတာ ပိုဆိုးလာလို့ တိုင်းပြည်ကို တောင်းပန်ပြီး နှုတ်ထွက်သွားပါတယ်။



ကိုဗစ်ရောဂါဘေး၊ ရု ရှ နဲ့ ငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံပြင်ဆင်ရေး တွေ သူ့လက်ထက်မှာ အောင်မြင်အောင် မစွမ်းဆောင်နိုင်ခဲ့ပဲ တို့လို့တန်းလန်းထားခဲ့ရတဲ့အတွက် ဂျပန်ပြည်သူတွေကို တောင်းပန်သွားပါတယ်။

ရှင်ဇိုအာဘေး ဟာ မြန်မာနိုင်ငံကို သံယောဇဉ်ကြီးပြီး မြန်မာနိုင်ငံ နဲ့ အနောက်နိုင်ငံများ ဆက်ဆံရေးကောင်းမွန်ရေး ဝင်ဆောင်ရွက်ပေးနေတဲ့ သံတမန် တယောက် ဖြစ်ပါတယ်။ အယင် အပတ်က ဂျပန် နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံကိုရောက်လာတာ အစိုးရအပြောင်းအလဲ အကြောင်း သတင်းပါးဖို့လာတယ် လို့ ယူဆပါတယ်။



ဂျပန်ခေါင်းဆောင်တွေရဲ့ တာဝန်အပေါ် အသာအယာ လှိုင်းစီး အခွင့်အရေး မယူတတ်တဲ့စိတ်ဓါတ် ကတော့ အလွန် အတုယူဖို့ကောင်းပါတယ်။ မလုပ်နိုင်ရင် ထွက်ကြတာပဲ။ နောင်တက်လာမယ့် ဂျပန်ဝန်ကြီးချုပ်လည်း ရှင်ဇိုအာဘေးစံလို မြန်မာနိုင်ငံ နဲ့ ချစ်ကြည်ရင်းနှီးမှု တည်ဆောက်နိုင်ပါစေ။ (Kyaw Swa Min)

ဝန်ကြီးချုပ် အာဘေးသည် ၂၀၁၂ ခုနှစ်က အောက်လွှတ်တော်တွင် အပြတ်အသတ်အနိုင်ရရှိခဲ့ပြီးနောက် ဂျပန်နိုင်ငံ၏ ဝန်ကြီးချုပ်အဖြစ် ပြန်လည်ထမ်းဆောင်ခဲ့ပြီး ၇ နှစ်သက်တမ်းရှိသော ဝန်ကြီးချုပ်ရာထူးက ၎င်းအား ဂျပန်နိုင်ငံ၏ သက်တမ်းအရှည်ကြာဆုံး ခေါင်းဆောင်တစ်ဦး ဖြစ်လာစေခဲ့သည်။



အာဘေးက လက်ရှိအာဏာရပါတီဖြစ်သော လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) ၌ ၎င်း၏နေရာတွင် ဆက်ခံမည့်သူ ရွေးချယ်ပြီးသည့်တိုင်အောင် ရာထူးတွင် ဆက်လက်ရှိသွားမည် ဖြစ်ကြောင်း ပြောခဲ့သည်။

ထို့ပြင် အာဘေး၏ နေရာတွင် ဆက်ခံရန် အလားအလာရှိသူအနေဖြင့် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဖူမီယို ကီရှိဒါက ဝန်ကြီးချုပ်အဖြစ် အစားထိုးရန် စိတ်အားထက်သန်လျက်ရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်ဟု ဒေသတွင်းမီဒီယာသတင်းများအရ သိရသည်။

ဝန်ကြီးချုပ် အာဘေး၏ ကျန်းမာရေးယိုယွင်းလာမှုနှင့်ပတ်သက်၍ ကောလာဟလများအရ ၎င်းသည် တိုကျိုဆေးရုံတစ်ခုသို့ တစ်ပတ်အတွင်း နှစ်ကြိမ်သွားရောက်ခဲ့ကြောင်း သိရသည်။ ဩဂုတ် ၁၇ ရက်တွင် ဆေးရုံသို့ပထမအကြိမ်သွားရောက်ခဲ့ခြင်းဖြစ်ပြီး “ကျန်းမာရေးစစ်ဆေးရန်” ဖြစ်ကြောင်း ဖော်ပြခဲ့ကာ ဆေးရုံ၌ အချိန် ၇ နာရီကျော်ကြာမြင့်ခဲ့သည်ဟု ဆိုသည်။ ဩဂုတ် ၂၄ ရက်တွင် ကျန်းမာရေးစစ်ဆေးမှုရလဒ်များ ရယူရန်နှင့် စစ်ဆေးမှုများထပ်မံပြုလုပ်ရန် တိုကျိုမြို့ရှိ Keio တက္ကသိုလ်ဆေးရုံသို့ တစ်ဖန်ပြန်သွားခဲ့ပြီး အချိန် လေးနာရီကြာမြင့်ခဲ့ကြောင်း သိရသည်။

အာဘေးသည် ယခုကဲ့သို့ အူလမ်းကြောင်းရောဂါဆိုင်ရာ ကျန်းမာရေးအခြေအနေအရ ဒုတိယအကြိမ်မြောက် ရာထူးမှနုတ်ထွက်ခြင်း ဖြစ်သည်။ အသက် ၆၅ နှစ်အရွယ် အာဘေးသည် ၂၀၀၆ ခုနှစ် စက်တင်ဘာလကုန်ပိုင်းတွင် စတင်ခဲ့သော ဝန်ကြီးချုပ် ပထမသက်တမ်းအတွင်း နာတာရှည် အူမကြီးရောင်ရမ်းနာကြောင့် ၂၀၀၇ ခုနှစ် စက်တင်ဘာလက ရာထူးမှ ရုတ်တရက်နုတ်ထွက်ခဲ့ကြောင်း သိရသည်။

ရှင်ဇိုအာဘေးက ၎င်းအနေဖြင့်နိုင်ငံရေးသမားဘဝကို ရှေ့ဆက်သွားရန် စီစဉ်ထားကြောင်းနှင့် ၂၀၂၁ ခုနှစ်တွင် ကျင်းပမည့်အထွေထွေရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။


(Zawgyi)


ဂ်ပန္နိုင္ငံ ကို ၈ ႏွစ္တာ အုပ္ခ်ဳပ္သြားတဲ့ ဝန္ႀကီးခ်ဳပ္ ရွင္ဇိုအာေဘး တေယာက္ ကုသဖို႔ခက္ခဲတဲ့ အူမႀကီးေရာဂါ Colitis ေဝဒနာခံစားေနရတာ ပိုဆိုးလာလို႔ တိုင္းျပည္ကို ေတာင္းပန္ၿပီး ႏႈတ္ထြက္သြားပါတယ္။



ကိုဗစ္ေရာဂါေဘး၊ ႐ု ရွ နဲ႔ ၿငိမ္းခ်မ္းေရး၊ ဖြဲ႕စည္းပုံျပင္ဆင္ေရး ေတြ သူ႔လက္ထက္မွာ ေအာင္ျမင္ေအာင္ မစြမ္းေဆာင္နိုင္ခဲ့ပဲ တို႔လို႔တန္းလန္းထားခဲ့ရတဲ့အတြက္ ဂ်ပန္ျပည္သူေတြကို ေတာင္းပန္သြားပါတယ္။

ရွင္ဇိုအာေဘး ဟာ ျမန္မာနိုင္ငံကို သံေယာဇဥ္ႀကီးၿပီး ျမန္မာနိုင္ငံ နဲ႔ အေနာက္နိုင္ငံမ်ား ဆက္ဆံေရးေကာင္းမြန္ေရး ဝင္ေဆာင္ရြက္ေပးေနတဲ့ သံတမန္ တေယာက္ ျဖစ္ပါတယ္။ အယင္ အပတ္က ဂ်ပန္ နိုင္ငံျခားေရးဝန္ႀကီး ျမန္မာနိုင္ငံကိုေရာက္လာတာ အစိုးရအေျပာင္းအလဲ အေၾကာင္း သတင္းပါးဖို႔လာတယ္ လို႔ ယူဆပါတယ္။



ဂ်ပန္ေခါင္းေဆာင္ေတြရဲ့ တာဝန္အေပၚ အသာအယာ လွိုင္းစီး အခြင့္အေရး မယူတတ္တဲ့စိတ္ဓါတ္ ကေတာ့ အလြန္ အတုယူဖို႔ေကာင္းပါတယ္။ မလုပ္နိုင္ရင္ ထြက္ၾကတာပဲ။ ေနာင္တက္လာမယ့္ ဂ်ပန္ဝန္ႀကီးခ်ဳပ္လည္း ရွင္ဇိုအာေဘးစံလို ျမန္မာနိုင္ငံ နဲ႔ ခ်စ္ၾကည္ရင္းႏွီးမႈ တည္ေဆာက္နိုင္ပါေစ။ (Kyaw Swa Min)

ဝန္ႀကီးခ်ဳပ္ အာေဘးသည္ ၂၀၁၂ ခုႏွစ္က ေအာက္လႊတ္ေတာ္တြင္ အျပတ္အသတ္အနိုင္ရရွိခဲ့ၿပီးေနာက္ ဂ်ပန္နိုင္ငံ၏ ဝန္ႀကီးခ်ဳပ္အျဖစ္ ျပန္လည္ထမ္းေဆာင္ခဲ့ၿပီး ၇ ႏွစ္သက္တမ္းရွိေသာ ဝန္ႀကီးခ်ဳပ္ရာထူးက ၎အား ဂ်ပန္နိုင္ငံ၏ သက္တမ္းအရွည္ၾကာဆုံး ေခါင္းေဆာင္တစ္ဦး ျဖစ္လာေစခဲ့သည္။



အာေဘးက လက္ရွိအာဏာရပါတီျဖစ္ေသာ လစ္ဘရယ္ဒီမိုကရက္တစ္ပါတီ (LDP) ၌ ၎၏ေနရာတြင္ ဆက္ခံမည့္သူ ေရြးခ်ယ္ၿပီးသည့္တိုင္ေအာင္ ရာထူးတြင္ ဆက္လက္ရွိသြားမည္ ျဖစ္ေၾကာင္း ေျပာခဲ့သည္။

ထို႔ျပင္ အာေဘး၏ ေနရာတြင္ ဆက္ခံရန္ အလားအလာရွိသူအေနျဖင့္ နိုင္ငံျခားေရးဝန္ႀကီးေဟာင္း ဖူမီယို ကီရွိဒါက ဝန္ႀကီးခ်ဳပ္အျဖစ္ အစားထိုးရန္ စိတ္အားထက္သန္လ်က္ရွိေၾကာင္း ထုတ္ေဖာ္ေျပာၾကားခဲ့သည္ဟု ေဒသတြင္းမီဒီယာသတင္းမ်ားအရ သိရသည္။

ဝန္ႀကီးခ်ဳပ္ အာေဘး၏ က်န္းမာေရးယိုယြင္းလာမႈႏွင့္ပတ္သက္၍ ေကာလာဟလမ်ားအရ ၎သည္ တိုက်ိဳေဆး႐ုံတစ္ခုသို႔ တစ္ပတ္အတြင္း ႏွစ္ႀကိမ္သြားေရာက္ခဲ့ေၾကာင္း သိရသည္။ ဩဂုတ္ ၁၇ ရက္တြင္ ေဆး႐ုံသို႔ပထမအႀကိမ္သြားေရာက္ခဲ့ျခင္းျဖစ္ၿပီး “က်န္းမာေရးစစ္ေဆးရန္” ျဖစ္ေၾကာင္း ေဖာ္ျပခဲ့ကာ ေဆး႐ုံ၌ အခ်ိန္ ၇ နာရီေက်ာ္ၾကာျမင့္ခဲ့သည္ဟု ဆိုသည္။ ဩဂုတ္ ၂၄ ရက္တြင္ က်န္းမာေရးစစ္ေဆးမႈရလဒ္မ်ား ရယူရန္ႏွင့္ စစ္ေဆးမႈမ်ားထပ္မံျပဳလုပ္ရန္ တိုက်ိဳၿမိဳ႕ရွိ Keio တကၠသိုလ္ေဆး႐ုံသို႔ တစ္ဖန္ျပန္သြားခဲ့ၿပီး အခ်ိန္ ေလးနာရီၾကာျမင့္ခဲ့ေၾကာင္း သိရသည္။

အာေဘးသည္ ယခုကဲ့သို႔ အူလမ္းေၾကာင္းေရာဂါဆိုင္ရာ က်န္းမာေရးအေျခအေနအရ ဒုတိယအႀကိမ္ေျမာက္ ရာထူးမွႏုတ္ထြက္ျခင္း ျဖစ္သည္။ အသက္ ၆၅ ႏွစ္အရြယ္ အာေဘးသည္ ၂၀၀၆ ခုႏွစ္ စက္တင္ဘာလကုန္ပိုင္းတြင္ စတင္ခဲ့ေသာ ဝန္ႀကီးခ်ဳပ္ ပထမသက္တမ္းအတြင္း နာတာရွည္ အူမႀကီးေရာင္ရမ္းနာေၾကာင့္ ၂၀၀၇ ခုႏွစ္ စက္တင္ဘာလက ရာထူးမွ ႐ုတ္တရက္ႏုတ္ထြက္ခဲ့ေၾကာင္း သိရသည္။

ရွင္ဇိုအာေဘးက ၎အေနျဖင့္နိုင္ငံေရးသမားဘဝကို ေရွ႕ဆက္သြားရန္ စီစဥ္ထားေၾကာင္းႏွင့္ ၂၀၂၁ ခုႏွစ္တြင္ က်င္းပမည့္အေထြေထြေရြးေကာက္ပြဲ၌ ဝင္ေရာက္ယွဥ္ၿပိဳင္မည္ျဖစ္ေၾကာင္း သိရသည္။

Post a Comment

Previous Post Next Post