(Unicode)

ပရိသတ်ကြီးရေ အက်ရှင်မင်းသားတွေဖြစ်တဲ့ ဝေဠုကျော်နဲ့ နေထက်လင်းတို့ ဦးစီးပြီး ရခိုင်အရောက်အလှူပစ္စည်းများ ပို့ဆောင်ပေးနေ ပြီး ရခိုင်အတွက် အလှူခံလျက်ရှိပါတယ် ။ အခုချိန်ဟာ ရခိုင်ပြည်နယ် ရှိ မြို့တော်တော်များများ မှာ COVID ရောဂါ ဖြစ်ပွားနေပြီး အမြန်ထိန်းချုပ်ကာကွယ်ဖို့ အစစအရာရာ လိုအပ်နေပါတာပါ ။



အနယ်နယ်အရပ်ရပ်မှ ရခိုင်ပြည်နယ် ကပ်ရောဂါ အတွက် ပေးပို့ လှူဒါန်းလိုသူများ၊  တိုက်ပွဲရှောင် နဲ့ ဆင်းရဲသားလက်လုပ်လက်စားများအား ပေးပို့ လှူဒါန်းလိုသူများ ဆေးရုံများသို့ ဆေးပစ္စည်းများ ကာကွယ်ရေး ပစ္စည်းများပေးပို့ လှူဒါန်းလိုသူများ အနေဖြင့် ဝေဠုကျော်ဖောင်ဒေးရှင်း သို့ ပို့ဆောင် ပေးလို့ရတဲ့အကြောင်း ဝေဠုကျော် ဖောင်ဒေးရှင်းမှ တဆင့် ပရိသတ်တွေကို အသိပေးထားတာဖြစ်ပါတယ် ။ ဖောင်ဒေးရှင်းမှလဲ အရင် သံတွဲ၊ဘူးသီးတောင်၊မောင်တော တို့အတွက် ကာကွယ်ရေးပစ္စည်းတွေ ပို့ဆောင်ပေးခဲ့ပြီး အခုအကြိမ်မှာလည်း လဲ တတ်နိူင်သလောက် အရင် ပေးပို့လိုက်ပြီး နောက်ထပ်လဲ ထပ်မံ ပေးပို့ပေးသွားမှာဖြစ်တယ်လို့သိရှိရပါတယ် ။



အရင် တိုက်ပွဲရှောင်တွေ ကူညီဖို့ ဖွဲ့စည်းထားသော သရုပ်ဆောင် နေထက်လင်း က ဥက္ကဌ ဝေဠုကျော်က ဒုဥက္ကဌ အဖြစ် ပါဝင်သော ရခိုင် COVID 19 ကာကွယ် ထိန်းချုပ် ကူညီထောက်ပံ့ရေးအဖွဲ့ မှ ရခိုင်ပြည်နယ် COVID19ကာကွယ်ထိန်းချုပ်ရန် အရေးပေါ် လိုအပ်နေသော မြို့များသို့ နယ်ခံ အဖွဲ့သားများနဲ့ ချိတ်ဆက်ပို့ဆောင် ဖြန့်ဝေပေးသွားမှာဖြစ်လို့ လှူဒါန်းပေးပို့လို့ရပြီဖြစ်ကြောင်း ပရိသတ်တွေကို သတင်းကောင်းပါးလိုက်ပါတယ်နော် ။



Source : Wai Lu Kyaw Foundation
Emily (Cele Gabar)


(Zawgyi)


ပရိသတ္ႀကီးေရ အက္ရွင္မင္းသားေတြျဖစ္တဲ့ ေဝဠဳေက်ာ္နဲ႔ ေနထက္လင္းတို႔ ဦးစီးၿပီး ရခိုင္အေရာက္အလႉပစၥည္းမ်ား ပို႔ေဆာင္ေပးေန ၿပီး ရခိုင္အတြက္ အလႉခံလ်က္ရွိပါတယ္ ။ အခုခ်ိန္ဟာ ရခိုင္ျပည္နယ္ ရွိ ၿမိဳ႕ေတာ္ေတာ္မ်ားမ်ား မွာ COVID ေရာဂါ ျဖစ္ပြားေနၿပီး အျမန္ထိန္းခ်ဳပ္ကာကြယ္ဖို႔ အစစအရာရာ လိုအပ္ေနပါတာပါ ။



အနယ္နယ္အရပ္ရပ္မွ ရခိုင္ျပည္နယ္ ကပ္ေရာဂါ အတြက္ ေပးပို႔ လႉဒါန္းလိုသူမ်ား၊  တိုက္ပြဲေရွာင္ နဲ႔ ဆင္းရဲသားလက္လုပ္လက္စားမ်ားအား ေပးပို႔ လႉဒါန္းလိုသူမ်ား ေဆး႐ုံမ်ားသို႔ ေဆးပစၥည္းမ်ား ကာကြယ္ေရး ပစၥည္းမ်ားေပးပို႔ လႉဒါန္းလိုသူမ်ား အေနျဖင့္ ေဝဠဳေက်ာ္ေဖာင္ေဒးရွင္း သို႔ ပို႔ေဆာင္ ေပးလို႔ရတဲ့အေၾကာင္း ေဝဠဳေက်ာ္ ေဖာင္ေဒးရွင္းမွ တဆင့္ ပရိသတ္ေတြကို အသိေပးထားတာျဖစ္ပါတယ္ ။ ေဖာင္ေဒးရွင္းမွလဲ အရင္ သံတြဲ၊ဘူးသီးေတာင္၊ေမာင္ေတာ တို႔အတြက္ ကာကြယ္ေရးပစၥည္းေတြ ပို႔ေဆာင္ေပးခဲ့ၿပီး အခုအႀကိမ္မွာလည္း လဲ တတ္ႏိူင္သေလာက္ အရင္ ေပးပို႔လိုက္ၿပီး ေနာက္ထပ္လဲ ထပ္မံ ေပးပို႔ေပးသြားမွာျဖစ္တယ္လို႔သိရွိရပါတယ္ ။



အရင္ တိုက္ပြဲေရွာင္ေတြ ကူညီဖို႔ ဖြဲ႕စည္းထားေသာ သ႐ုပ္ေဆာင္ ေနထက္လင္း က ဥကၠဌ ေဝဠဳေက်ာ္က ဒုဥကၠဌ အျဖစ္ ပါဝင္ေသာ ရခိုင္ COVID 19 ကာကြယ္ ထိန္းခ်ဳပ္ ကူညီေထာက္ပံ့ေရးအဖြဲ႕ မွ ရခိုင္ျပည္နယ္ COVID19ကာကြယ္ထိန္းခ်ဳပ္ရန္ အေရးေပၚ လိုအပ္ေနေသာ ၿမိဳ႕မ်ားသို႔ နယ္ခံ အဖြဲ႕သားမ်ားနဲ႔ ခ်ိတ္ဆက္ပို႔ေဆာင္ ျဖန္႔ေဝေပးသြားမွာျဖစ္လို႔ လႉဒါန္းေပးပို႔လို႔ရၿပီျဖစ္ေၾကာင္း ပရိသတ္ေတြကို သတင္းေကာင္းပါးလိုက္ပါတယ္ေနာ္ ။

Source : Wai Lu Kyaw Foundation
Emily (Cele Gabar)

Post a Comment

Previous Post Next Post