(Unicode)

သတင်းမပို့ပါက အရေးယူမှုတွေလုပ်ဆောင်သွားမှာပါ။ ဩဂုတ်လ (၁၀)ရက်နေ့က စပြီးရခိုင်ပြည်နယ်ကနရန်ကုန်ကို လေကြောင်းလိုင်းက လိုက်ပါခဲ့သူများ သက်ဆိုင်ရာအဖွဲ့အစည်းဌာနတွေကို အကြောင်းကြားဖို့ ကျန်းမာရေးဝန်ကြီးဌာနက ဒီကနေ့ညမှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။လက်ရှိကူးစက်ပျံ့နှံ့မှု မြန်ဆန်နေတဲ့ ကိုဗစ်ပိုးကို အချိန်မီထိန်းချုပ်နိုင်ရန် အတွက် ရခိုင်က ပြန်လာသူများကို ကွာရန်တင်းထားရှိသွားမှာဖြစ်ပါတယ်။ ရခိုင်မှာ ဩဂုတ်လ (၁၆)ရက်နေ့က ပြည်တွင်းကူးစက်လူနာတစ်ဦး တွေ့ရှိခဲ့ပြီးနောက် ဆက်တိုက်ဆိုသလို ပြည်တွင်းကူးစက်လူနာတွေတွေ့ရှိလာခဲ့ တာဖြစ်ပါ တယ်။


လက်ရှိပြည်တွင်းကူးစက်လူနာတွေထဲမှာ ရခိုင်ပြည်နယ်က အများစု ပါဝင်နေတာကြောင့် ရခိုင်ကနေ ပြန်လာတဲ့သူအားလုံးကိုလည်း သက်ဆိုင်ရာတိုင်းနဲ့ ပြည်နယ်တွေအလိုက် အသွားအလာတွေကန့်သတ်ကာ ကွာရန်တင်းထားရှိနေတာ ဖြစ်ပါတယ်။ ဩဂုတ်လ (၁၀)ရက်နေ့စပြီး လေကြောင်းလိုင်းက တစ်ဆင့် ရခိုင်ကနေ တခြားတိုင်းနဲ့ ပြည်နယ်တွေကိုလိုက်ပါလာတဲ့ ခရီးသည် (၅၇၀၀)ကျော်ရှိတယ်လို့ သိရပါ တယ်။


အဆိုပါ ခရီးသည် (၅၇၀၀)ကျော်ထဲမှာ သြဂုတ်လ ၁၀ ရက်ကနေ ၂၁ ရက် အတွင်း ရန်ကုန်ကို လိုက်ပါလာတဲ့သူက ၅၄၀၀ ကျော်ရှိပြီး ထိုလူများအနေနဲ့ နီးစပ်ရာကျန်းမာရေးဌာနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေထံ အမြန်ဆုံးသတင်းပို့ဖို့ ညွှန်ကြားထားတာ ဖြစ်ပါတယ်။ လိုက်ပါလာတဲ့ သူတွေအနေနဲ့ အချိန်မီစာရင်းပေးပို့မှ ရောဂါကူးစက်ပြန့်ပွါးမှုကို ထိန်းချုပ်နိုင်မှာဖြစ်ပြီး သတင်းပေး ပို့ရန် ပျက်ကွက်တဲ့သူတွေက်ုလည်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေနဲ့ အရေးယူသွားမယ်လို့ ညွှန်ကြားချက်မှာပါ ရှိပါတယ်။

Credit Duwun


(Zawgyi)


သတင္းမပို႔ပါက အေရးယူမႈေတြလုပ္ေဆာင္သြားမွာပါ။ ဩဂုတ္လ (၁၀)ရက္ေန႔က စၿပီးရခိုင္ျပည္နယ္ကေန ရန္ကုန္ကို ေလေၾကာင္းလိုင္းက လိုက္ပါခဲ့သူမ်ား သက္ဆိုင္ရာအဖြဲ႕အစည္းဌာနေတြကို အေၾကာင္းၾကားဖို႔ က်န္းမာေရးဝန္ႀကီးဌာနက ဒီကေန႔ညမွာ ထုတ္ျပန္ေၾကညာခဲ့ပါတယ္။လက္ရွိကူးစက္ပ်ံ႕ႏွံ့မႈ ျမန္ဆန္ေနတဲ့ ကိုဗစ္ပိုးကို အခ်ိန္မီထိန္းခ်ဳပ္နိုင္ရန္ အတြက္ ရခိုင္က ျပန္လာသူမ်ားကို ကြာရန္တင္းထားရွိသြားမွာျဖစ္ပါတယ္။ ရခိုင္မွာ ဩဂုတ္လ (၁၆)ရက္ေန႔က ျပည္တြင္းကူးစက္လူနာတစ္ဦး ေတြ႕ရွိခဲ့ၿပီးေနာက္ ဆက္တိုက္ဆိုသလို ျပည္တြင္းကူးစက္လူနာေတြေတြ႕ရွိလာခဲ့ တာျဖစ္ပါ တယ္။


လက္ရွိျပည္တြင္းကူးစက္လူနာေတြထဲမွာ ရခိုင္ျပည္နယ္က အမ်ားစု ပါဝင္ေနတာေၾကာင့္ ရခိုင္ကေန ျပန္လာတဲ့သူအားလုံးကိုလည္း သက္ဆိုင္ရာတိုင္းနဲ႔ ျပည္နယ္ေတြအလိုက္ အသြားအလာေတြကန႔္သတ္ကာ ကြာရန္တင္းထားရွိေနတာ ျဖစ္ပါတယ္။ ဩဂုတ္လ (၁၀)ရက္ေန႔စၿပီး ေလေၾကာင္းလိုင္းက တစ္ဆင့္ ရခိုင္ကေန တျခားတိုင္းနဲ႔ ျပည္နယ္ေတြကိုလိုက္ပါလာတဲ့ ခရီးသည္ (၅၇၀၀)ေက်ာ္ရွိတယ္လို႔ သိရပါ တယ္။


အဆိုပါ ခရီးသည္ (၅၇၀၀)ေက်ာ္ထဲမွာ ၾသဂုတ္လ ၁၀ ရက္ကေန ၂၁ ရက္ အတြင္း ရန္ကုန္ကို လိုက္ပါလာတဲ့သူက ၅၄၀၀ ေက်ာ္ရွိၿပီး ထိုလူမ်ားအေနနဲ႔ နီးစပ္ရာက်န္းမာေရးဌာနဲ႔ သက္ဆိုင္ရာအဖြဲ႕အစည္းေတြထံ အျမန္ဆုံးသတင္းပို႔ဖို႔ ညႊန္ၾကားထားတာ ျဖစ္ပါတယ္။ လိုက္ပါလာတဲ့ သူေတြအေနနဲ႔ အခ်ိန္မီစာရင္းေပးပို႔မွ ေရာဂါကူးစက္ျပန႔္ပြါးမႈကို ထိန္းခ်ဳပ္နိုင္မွာျဖစ္ၿပီး သတင္းေပး ပို႔ရန္ ပ်က္ကြက္တဲ့သူေတြက္ုလည္း သဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈ ဥပေဒနဲ႔ အေရးယူသြားမယ္လို႔ ညႊန္ၾကားခ်က္မွာပါ ရွိပါတယ္။

Credit Duwun

Post a Comment

Previous Post Next Post