(Unicode)


အရွယ်ရောက်ပြီးသားသူတွေတောင် လက်ဝတ်ရတနာဝတ်မယ်ဆိုပြီး အမြဲသတိနှင့် ဝတ်ဆင်ပြီးသွားလာနေရတဲ့ခေတ်ကြီးမှာ ကလေးငယ်ကိုလက်ဝတ်ရတနာတွေဆင်ပေးတာကတော့ အတော်လေးကိုအန္တရာယ်များလွန်းလှပါတယ် ။ ယုတ်မာပြီးအရှောင်လိုချင်တဲ့သူတွေကတော့ အမြဲတမ်းလိုလိုအခွင့်အရေးရဖို့ လိုက်ရှောင်းနေကြတာပါ ။ ဒီတစ်ခေါက် Facebook ပေါ်မှာဝေမျှထားခဲ့တဲ့အကြောင်းအရာတစ်ခုကတော့ မလေးရှားနိုင်ငံ ၊ Batu Kawan မြို့မှာကျင်းပပြုလုပ်တဲ့ open-air bazaar ဈေးအရောင်းပြပွဲမှာ ကလေးမလေးတစ်ယောက်ဟာ မိသားစုတွေနဲ့ဈေးလည်နေတုန်း အလစ်သုတ်သမားက သူမဝတ်ဆင်ထားတဲ့ဆွဲကြိုးကို ရုတ်တရက် ဆွဲယူလုယက်မှုဖြစ်ပွားခဲ့ပါတယ် ။



မိသားစုဝင်တွေကတော့ ဈေးတစ်လျှောက် လှည့်လည်ကြည့်ရှုကြရင်း အနီးအနားမှာဖွင့်ထားတဲ့သီချင်းအသံတွေကြောင့် အတော်လေးကိုအာရုံထွေပြားနေခဲ့ကြပါတယ် ။ သို့ပေမဲ့လည်း သီချင်းအသံခဏတိတ်သွားတဲ့အချိန်မှ သမီးလေး Anelia ၏ငိုကြွေးနေခဲ့တဲ့ အသံကိုသတိထားမိခဲ့ကြပါတယ် ။ဘာလို့ငိုနေတာလဲဆိုပြီး မေးမြန်းလိုက်တဲ့အချိန်မှ ” သမီးရဲ့ဆွဲကြိုးကို ဖြုတ်ယူသွားတယ် ” ဆိုပြီးကလေးငယ်က ငိုရင်းပြန်လည်ဖြေကြားခဲ့ပါတယ် ။ မိသားစုဝင်တွေအကုန် အေးအေးလူလူလမ်းလျှောက်နေကြတုန်း Anelia ရဲ့ဆွဲကြိုးဆွဲဖြုတ်ခံခဲ့ရတာဖြစ်ပါတယ် ။ Anelia ၏လက်ကိုကိုင်ဆွဲထားခဲ့တဲ့ ဖခင်ဖြစ်သူက လုယက်သွားသူကိုရှာဖွေဖို့ လမ်းသွားလမ်းလာများကို အကူအညီတောင်းခံခဲ့ပေမဲ့လည်း ပတ်ဝန်ကျင်မှသီချင်းအသံတွေဟာ အတော်လေးကို ဆူညံလွန်းလှတဲ့အတွက် မည်သူမှမကြားခဲ့ကြပဲ အကူအညီမဲ့ဖြစ်နေခဲ့ကြပါတယ် ။



ဆွဲကြိုးကို အားထည့်ပြီးဆွဲဖြုတ်သွားခဲ့တာဖြစ်တဲ့အတွက် Anelia ရဲ့လည်ပင်းအနားမှာ အနီရောင်အရာတွေကြွင်းကျန်ရစ်ခဲ့ပါတယ် ။ သို့ပေမဲ့လည်း လည်ပင်းမှာ သွေးထွက်လောက်တဲ့အထိ ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိခဲ့ခြင်းမျိုးမရှိပါဘူး ။



အဆိုပါအဖြစ်အပျက်ဟာ Anelia ကိုစိတ်ဒဏ်ရာရရှိစေသွားခဲ့ပြီး သူမ၏မိဘများကို လုယူသွားသူ၏ပုံစံများကို ပြန်လည်ပြောပြနိုင်ခဲ့ပါတယ် ။ ” သူ သမီးရဲ့ဆွဲကြိုးခိုးသွားတယ် ။ သူ tudung (ခေါင်းချုံးသည့်ပိတ်စ) မဝတ်ထားဘူး ။ လူနှစ်ယောက်တောင်မှ ပြီးတော့သူကဝတယ် ဆံပင်လည်းရှည်တယ် ” ဆိုပြီးအကုန်ပြန်ပြောပြနိုင်ခဲ့ပါတယ် ။ တာဝန်ရှိသူများကို စုံစမ်းစစ်ဆေးမှုများပြုလုပ်ပေးရန်အတွက်လည်း တိုင်ကြားထားခဲ့ကြသည့်အပြင် Anelia ၏မိဘများက အခြားသောမိဘများလည်းသတိထားပြီးဆင်ခြင်နိုင်ရန်အတွက် အဆိုပါအဖြစ်အပျက်ကို ၎င်းတို့၏ Facebook တွင်ဝေမျှသွားခဲ့ပါတယ် ။



Jasmine (Mckzone Daily)


(Zawgyi)


အ႐ြယ္ေရာက္ၿပီးသားသူေတြေတာင္ လက္ဝတ္ရတနာဝတ္မယ္ဆိုၿပီး အၿမဲသတိႏွင့္ ဝတ္ဆင္ၿပီးသြားလာေနရတဲ့ေခတ္ႀကီးမွာ ကေလးငယ္ကိုလက္ဝတ္ရတနာေတြဆင္ေပးတာကေတာ့ အေတာ္ေလးကိုအႏၲရာယ္မ်ားလြန္းလွပါတယ္ ။ ယုတ္မာၿပီးအေရွာင္လိုခ်င္တဲ့သူေတြကေတာ့ အၿမဲတမ္းလိုလိုအခြင့္အေရးရဖို႔ လိုက္ေရွာင္းေနၾကတာပါ ။ ဒီတစ္ေခါက္ Facebook ေပၚမွာေဝမွ်ထားခဲ့တဲ့အေၾကာင္းအရာတစ္ခုကေတာ့ မေလးရွားႏိုင္ငံ ၊ Batu Kawan ၿမိဳ႕မွာက်င္းပျပဳလုပ္တဲ့ open-air bazaar ေဈးအေရာင္းျပပြဲမွာ ကေလးမေလးတစ္ေယာက္ဟာ မိသားစုေတြနဲ႔ေဈးလည္ေနတုန္း အလစ္သုတ္သမားက သူမဝတ္ဆင္ထားတဲ့ဆြဲႀကိဳးကို ႐ုတ္တရက္ ဆြဲယူလုယက္မႈျဖစ္ပြားခဲ့ပါတယ္ ။



မိသားစုဝင္ေတြကေတာ့ ေဈးတစ္ေလွ်ာက္ လွည့္လည္ၾကည့္ရႈၾကရင္း အနီးအနားမွာဖြင့္ထားတဲ့သီခ်င္းအသံေတြေၾကာင့္ အေတာ္ေလးကိုအာ႐ုံေထြျပားေနခဲ့ၾကပါတယ္ ။ သို႔ေပမဲ့လည္း သီခ်င္းအသံခဏတိတ္သြားတဲ့အခ်ိန္မွ သမီးေလး Anelia ၏ငိုေႂကြးေနခဲ့တဲ့ အသံကိုသတိထားမိခဲ့ၾကပါတယ္ ။ဘာလို႔ငိုေနတာလဲဆိုၿပီး ေမးျမန္းလိုက္တဲ့အခ်ိန္မွ ” သမီးရဲ႕ဆြဲႀကိဳးကို ျဖဳတ္ယူသြားတယ္ ” ဆိုၿပီးကေလးငယ္က ငိုရင္းျပန္လည္ေျဖၾကားခဲ့ပါတယ္ ။ မိသားစုဝင္ေတြအကုန္ ေအးေအးလူလူလမ္းေလွ်ာက္ေနၾကတုန္း Anelia ရဲ႕ဆြဲႀကိဳးဆြဲျဖဳတ္ခံခဲ့ရတာျဖစ္ပါတယ္ ။ Anelia ၏လက္ကိုကိုင္ဆြဲထားခဲ့တဲ့ ဖခင္ျဖစ္သူက လုယက္သြားသူကိုရွာေဖြဖို႔ လမ္းသြားလမ္းလာမ်ားကို အကူအညီေတာင္းခံခဲ့ေပမဲ့လည္း ပတ္ဝန္က်င္မွသီခ်င္းအသံေတြဟာ အေတာ္ေလးကို ဆူညံလြန္းလွတဲ့အတြက္ မည္သူမွမၾကားခဲ့ၾကပဲ အကူအညီမဲ့ျဖစ္ေနခဲ့ၾကပါတယ္ ။



ဆြဲႀကိဳးကို အားထည့္ၿပီးဆြဲျဖဳတ္သြားခဲ့တာျဖစ္တဲ့အတြက္ Anelia ရဲ႕လည္ပင္းအနားမွာ အနီေရာင္အရာေတြႂကြင္းက်န္ရစ္ခဲ့ပါတယ္ ။ သို႔ေပမဲ့လည္း လည္ပင္းမွာ ေသြးထြက္ေလာက္တဲ့အထိ ဒဏ္ရာျပင္းျပင္းထန္ထန္ရရွိခဲ့ျခင္းမ်ိဳးမရွိပါဘူး ။



အဆိုပါအျဖစ္အပ်က္ဟာ Anelia ကိုစိတ္ဒဏ္ရာရရွိေစသြားခဲ့ၿပီး သူမ၏မိဘမ်ားကို လုယူသြားသူ၏ပုံစံမ်ားကို ျပန္လည္ေျပာျပႏိုင္ခဲ့ပါတယ္ ။ ” သူ သမီးရဲ႕ဆြဲႀကိဳးခိုးသြားတယ္ ။ သူ tudung (ေခါင္းခ်ဳံးသည့္ပိတ္စ) မဝတ္ထားဘူး ။ လူႏွစ္ေယာက္ေတာင္မွ ၿပီးေတာ့သူကဝတယ္ ဆံပင္လည္းရွည္တယ္ ” ဆိုၿပီးအကုန္ျပန္ေျပာျပႏိုင္ခဲ့ပါတယ္ ။ တာဝန္ရွိသူမ်ားကို စုံစမ္းစစ္ေဆးမႈမ်ားျပဳလုပ္ေပးရန္အတြက္လည္း တိုင္ၾကားထားခဲ့ၾကသည့္အျပင္ Anelia ၏မိဘမ်ားက အျခားေသာမိဘမ်ားလည္းသတိထားၿပီးဆင္ျခင္ႏိုင္ရန္အတြက္ အဆိုပါအျဖစ္အပ်က္ကို ၎တို႔၏ Facebook တြင္ေဝမွ်သြားခဲ့ပါတယ္ ။



Jasmine (Mckzone Daily)

Post a Comment

Previous Post Next Post