(Zawgyi)











(Unicode)


သရုပ်ဆောင်စမိုင်းလ်ကတော့ အလှူအတန်းတွေကို ရက်ရက်ရောလုပ်သလို၊ ဟန်ဆောင်မှုမရှိ ပွင့်လင်းစွာနေထိုင်တတ်တာကြောင့် ပရိသတ်တွေရဲ့ အချစ်တွေကို ရရှိပိုင်ဆိုင်ထားသူပါ။ စမိုင်းလ်က အိမ်ထောင်မကျခင်အချိန်အထိ အနုပညာလောကမှာ လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့ပြီး အခုလက်ရှိ အိမ်ထောင်ကျပြီး ကလေးမေမေဖြစ်နေပြီဆိုပေမယ့် ပရိသတ်တွေကတော့ အရင်ကအတိုင်း အချစ်မလျော့သေးတာကို တွေ့ရပါတယ်။ စမိုင်းလ်ကလည်း အနုပညာအလုပ်လုပ်ကိုင်တာ နည်းပါးပေမယ့် ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်အောင် သူမရဲ့ လှုပ်ရှားမှုလေးတွေကို မျှဝေပေးလေ့ရှိတာပဲ ဖြစ်ပါတယ်။


စမိုင်းလ်ကတော့ ပထမဆုံးအကြိမ် ထိုးတဲ့ ထီကနေ ငွေကျပ်(၁) သိန်း ဆွတ်ခူးနိုင်ခဲ့လို့ အရမ်းပျော်နေတာကို တွေ့ရပါတယ်။ ဒါဟာ သီလရှင် ထွက်တဲ့နေ့က အောင်ဇဗ္ဗူတောရကျောင်းမှာ ထိုးခဲ့တဲ့ ထီဖြစ်တယ်လို့ သိရပါတယ်။


” သီလရှင်ထွက်တုန်းကထိုးခဲ့တဲ့ ထီက ၁ သိန်း ဆုပေါက်တယိတဲ့ ပျော်လိုက်တာတစ်ခါမှ ထီမပေါက်ဖူးဘူး။ ပထမဆုံးအကြိမ်ပေါက်တာ” ဆိုပြီးတော့ သြဂုတ်လ (၁) ရက်နေ့ ည (၉) နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ မျှဝေလာခဲ့တာပါ။ စမိုင်းလ် အတွက် ပရိသတ်တွေကလည်း ထပ်တူ ဝမ်းသာပီတိဖြစ်လို့နေပါတယ်။


စမိုင်းလ်ကတော့ စေတနာကောင်းလို့ကံကောင်းခဲ့တယ်လို့ပဲပြောရမှာပါပရိသတ်ကြီးရေ….။ပရိသတ်ကြီးလည်း စ မိုင်းလ်အပေါ် အမြင်လေးကို ပြောခဲ့ကြပါအုန်းနော်။

Yin Khat Pan

Post a Comment

Previous Post Next Post