အရေးကြီးရင်သွေးနီးကြတဲ့ မြန်မာပြည်။

စစ်တွေနဲ့ကျောက်ဖြူဆေးရုံတွေမှာ volunteer လုပ်အားပေးမယ့် ကျန်းမာရေးဝန်ထမ်းများအား မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်မှ ဂုဏ်ပြု နှုတ်ဆက် စကားပြော ။



ကိုဗစ်ရောဂါကို ထိန်းချုပ်ကုသဖို့ မိမိအသက်ကို ပဓာနမထားပဲ volunteer လုပ်ပြီး ရခိုင်ပြည်နယ် မှာလုပ်အားသွားပေးကြမယ့် မန္တလေးတိုင်းဒေသကြီးက ကျန်းမာရေးဝန်ထမ်းအားလုံးကို အလေးအနက် ဂုဏ်ပြုပါတယ်။



Volunteer အားလုံးရောဂါဆိုးကြီးမကူးဆက်ပဲ အမိမန္တလေးတိုင်းဒေသကြီးကို ဘေးရန်ကင်းစွာ ပြန်ရောက်ပါစေလို့လည်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။



လူသားချင်းစာနာထောက်ထားမှု စိတ်ဓာတ်အပြည့်နဲ့ ကျန်းမာရေးဝန်ထမ်းတွေရဲ့ Hippocratic Oath နဲ့ Nightingale Pledge ကို ဦးထိပ်ပန်ဆင်ပြီး မမြင်ရတဲ့ကျည်ဆံတွေကိုရင်ဆိုင်ဖို့ ရဲရဲဝံ့ဝံ့ဆုံးဖြတ်ချက်တွေချတာ အင်မတန်လေးစားစရာပါ။



လူအများစုက ရောဂါကူးဆက်မှုများတဲ့ ဒေသတွေကနေ ထွက်ခွာသွားချင်ကြတာ ဓမ္မတာပါ။

Royal salute to you all.

Ye Lwin

Post a Comment

Previous Post Next Post