(Zawgyi)


ဆရာဝန္ဘြဲ႕လက္မွတ္မ်ားအသုံးျပဳေက်ာက္ေရာဂါ ကုသေပးသည့္ ဆရာဝန္အတုက လူနာမ်ားထံမွ တစ္ဦးလ်င္ (၁၅)သိန္းေတာင္းယူခဲ့သည့္ ျဖစ္စဥ္ အေပၚ ေအာင္ေျမသာစံၿမိဳ႕နယ္တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ေဒါက္တာ ညီမင္းဟန္က ယေန႔က်င္းပသည့္ မႏၲေလးတိုင္းလႊတ္ေတာ္၌တင္ျပေဆြးေႏြးခဲ့ပါတယ္။



“လူနာႏွစ္ဦးရဲ႕ေျပာၾကားခ်က္အရဆိုရင္ ဒီဆရာဝန္အတုက သူတို႔နယ္ဘက္ကိုပရဟိတေဆးကုသတယ္ဆိုၿပီး လာေရာက္ကုသတယ္။ ၿပီးေတာ့သူတို႔ကိုေဆးစစ္ေပးၿပီးေတာ့မွ မင္းတို႔မွာေက်ာက္တည္ေနတယ္။ ေက်ာ က္ကပ္မွာေက်ာက္တည္ေနတာမို႔လို႔ သူ႔ေဆးခန္းမွာလာခြဲလွည့္ တစ္ျခားေဆး႐ုံသြားရင္ ေဈးေတြႀကီး ေန မယ္ဆိုလို႔ လူနာကသူ႔ေဆးခန္းမွာလာခြဲခဲ့ပါတယ္။



ခြဲတဲ့အခါမွာလည္း သူ႔ေဆးခန္း လူနာၾကည့္တဲ့ ခုတင္ ေပၚမွာဘဲ ထုံေဆးေပးခြဲစိပ္ကုသေပးၿပီးေတာ့ ဒါမင္းတို႔ေက်ာက္ကပ္ကထြက္တဲ့ေက်ာက္ဆိုၿပီးေတာ့ ဒီလမ္းခင္းတဲ့ေက်ာက္ကိုေဆးဝါရည္စိမ္ၿပီးေပးအပ္ခဲ့ပါတယ္။ အခေၾကးေငြစုစုေပါင္းကလည္း ၁၅ သိန္း ခန႔္ကုန္က်ရပါတယ္။ ဒါ့အျပင္လူနာမိခင္ဆီကလည္း သိန္း ၃၀ ေခ်းယူပါေသးတယ္”ဟု ၎ ေဒါက္တာညီမင္းဟန္ကေျပာပါတယ္။

Credit Peoplemedia


(Unicode)


ဆရာဝန်ဘွဲ့လက်မှတ်များအသုံးပြုကျောက်ရောဂါ ကုသပေးသည့် ဆရာဝန်အတုက လူနာများထံမှ တစ်ဦးလျင် (၁၅)သိန်းတောင်းယူခဲ့သည့် ဖြစ်စဉ် အပေါ် အောင်မြေသာစံမြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ညီမင်းဟန်က ယနေ့ကျင်းပသည့် မန္တလေးတိုင်းလွှတ်တော်၌တင်ပြဆွေးနွေးခဲ့ပါတယ်။

                             

“လူနာနှစ်ဦးရဲ့ပြောကြားချက်အရဆိုရင် ဒီဆရာဝန်အတုက သူတို့နယ်ဘက်ကိုပရဟိတဆေးကုသတယ်ဆိုပြီး လာရောက်ကုသတယ်။ ပြီးတော့သူတို့ကိုဆေးစစ်ပေးပြီးတော့မှ မင်းတို့မှာကျောက်တည်နေတယ်။ ကျော က်ကပ်မှာကျောက်တည်နေတာမို့လို့ သူ့ဆေးခန်းမှာလာခွဲလှည့် တစ်ခြားဆေးရုံသွားရင် ဈေးတွေကြီး နေ မယ်ဆိုလို့ လူနာကသူ့ဆေးခန်းမှာလာခွဲခဲ့ပါတယ်။



ခွဲတဲ့အခါမှာလည်း သူ့ဆေးခန်း လူနာကြည့်တဲ့ ခုတင် ပေါ်မှာဘဲ ထုံဆေးပေးခွဲစိပ်ကုသပေးပြီးတော့ ဒါမင်းတို့ကျောက်ကပ်ကထွက်တဲ့ကျောက်ဆိုပြီးတော့ ဒီလမ်းခင်းတဲ့ကျောက်ကိုဆေးဝါရည်စိမ်ပြီးပေးအပ်ခဲ့ပါတယ်။ အခကြေးငွေစုစုပေါင်းကလည်း ၁၅ သိန်း ခန့်ကုန်ကျရပါတယ်။ ဒါ့အပြင်လူနာမိခင်ဆီကလည်း သိန်း ၃၀ ချေးယူပါသေးတယ်”ဟု ၎င်း ဒေါက်တာညီမင်းဟန်ကပြောပါတယ်။

Credit Peoplemedia

Post a Comment

Previous Post Next Post