(Unicode)

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နဲ့ ပဲခူးတိုင်းက လာတဲ့ ခရီးသည်တင်ယာဉ်တွေနဲ့ ခရီးသည်တွေကို တိုက်ကြီးမြို့နယ်၊ မီးနင်းချောင်းအနီး စစ်ဆေးရေးဂိတ်မှာ ကျန်းမာရေးစစ်ဆေးပြီးမှ ရန်ကုန်တိုင်းအတွင်း ဝင်ခွင့်ပြုသွားမယ်လို့ ဥက္ကံမြို့ အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်က ပြောပါတယ်။



“ဒီနေ့ စစ်တွေကလာတဲ့ ခရီးသည်ကားတစ်စီး၊ ယာဉ်မောင်းနဲ့ယာဉ်နောက်လိုက် နှစ်ဦးထဲ ပါလာတယ်။ သူတို့ကိုတော့အင်းစိန် GTC ဝန်းထဲက Quarantine Center ကိုပို့လိုက်တယ်။ ပဲခူးတိုင်းအတွင်းက ဝင်လာတဲ့ ခရီးသည်ကားတွေနဲ့ အိမ်စီးကားတွေကိုပါ အကုန်စစ်ဆေးတယ်။ နာမည်၊ မှတ်ပုံတင်နဲ့ နေရပ်လိပ်စာတွေစစ်ဆေးတယ်။ ကျန်းမာရေးနဲ့ပတ်သက်ပြီး အပူချိန်တိုင်းတာတွေ ပြုလုပ်ပြီးမှ ရန်ကုန်တိုင်းထဲကို ဝင်ခွင့်ပြုသွားမယ်။”




ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိတာ များလာတာကြောင့် စစ်တွေမြို့ကလာတဲ့ ခရီးသည်ယာဉ်တွေကို တိုက်ကြီးမြို့နယ်မှာ သြဂုတ် ၂၁ ရက်ကစလို့ ၂၄ နာရီစောင့်ကြည့်ကာ ကျန်းမာရေးစစ်ဆေးပြီး ရန်ကုန်မြို့ရှိ Quarantine Center တွေကို ပို့ဆောင်ပေးခဲ့တာ သြဂုတ် ၂၃ ရက်အထိ လူဦးရေ ၂၂၅ ဦး ရှိပြီလို့ သိရပါတယ်။ ပဲခူးတိုင်းအနောက်ခြမ်း ပြည်မြို့မှာလည်း ရခိုင်ပြည်နယ်၊ စစ်တွေမြို့က လာတဲ့ကားတွေကို လည်း ကျန်းမာရေးစစ်ဆေးနေတယ်လို့ သိရပါတယ်။



ဒီဗွီဘီ


(Zawgyi)


ရခိုင္ျပည္နယ္၊ စစ္ေတြၿမိဳ႕နဲ႔ ပဲခူးတိုင္းက လာတဲ့ ခရီးသည္တင္ယာဥ္ေတြနဲ႔ ခရီးသည္ေတြကို တိုက္ႀကီးၿမိဳ႕နယ္၊ မီးနင္းေခ်ာင္းအနီး စစ္ေဆးေရးဂိတ္မွာ က်န္းမာေရးစစ္ေဆးၿပီးမွ ရန္ကုန္တိုင္းအတြင္း ဝင္ခြင့္ျပဳသြားမယ္လို႔ ဥကၠံၿမိဳ႕ အုပ္ခ်ဳပ္ေရးမႉး ဦးေအာင္ေက်ာ္က ေျပာပါတယ္။



“ဒီေန႔ စစ္ေတြကလာတဲ့ ခရီးသည္ကားတစ္စီး၊ ယာဥ္ေမာင္းနဲ႔ယာဥ္ေနာက္လိုက္ ႏွစ္ဦးထဲ ပါလာတယ္။ သူတို႔ကိုေတာ့အင္းစိန္ GTC ဝန္းထဲက Quarantine Center ကိုပို႔လိုက္တယ္။ ပဲခူးတိုင္းအတြင္းက ဝင္လာတဲ့ ခရီးသည္ကားေတြနဲ႔ အိမ္စီးကားေတြကိုပါ အကုန္စစ္ေဆးတယ္။ နာမည္၊ မွတ္ပုံတင္နဲ႔ ေနရပ္လိပ္စာေတြစစ္ေဆးတယ္။ က်န္းမာေရးနဲ႔ပတ္သက္ၿပီး အပူခ်ိန္တိုင္းတာေတြ ျပဳလုပ္ၿပီးမွ ရန္ကုန္တိုင္းထဲကို ဝင္ခြင့္ျပဳသြားမယ္။”



ရခိုင္ျပည္နယ္၊ စစ္ေတြၿမိဳ႕မွာ ကိုဗစ္-၁၉ ေရာဂါပိုးေတြ႕ရွိတာ မ်ားလာတာေၾကာင့္ စစ္ေတြၿမိဳ႕ကလာတဲ့ ခရီးသည္ယာဥ္ေတြကို တိုက္ႀကီးၿမိဳ႕နယ္မွာ ၾသဂုတ္ ၂၁ ရက္ကစလို႔ ၂၄ နာရီေစာင့္ၾကည့္ကာ က်န္းမာေရးစစ္ေဆးၿပီး ရန္ကုန္ၿမိဳ႕ရွိ Quarantine Center ေတြကို ပို႔ေဆာင္ေပးခဲ့တာ ၾသဂုတ္ ၂၃ ရက္အထိ လူဦးေရ ၂၂၅ ဦး ရွိၿပီလို႔ သိရပါတယ္။ ပဲခူးတိုင္းအေနာက္ျခမ္း ျပည္ၿမိဳ႕မွာလည္း ရခိုင္ျပည္နယ္၊ စစ္ေတြၿမိဳ႕က လာတဲ့ကားေတြကို လည္း က်န္းမာေရးစစ္ေဆးေနတယ္လို႔ သိရပါတယ္။



ဒီဗြီဘီ

Post a Comment

Previous Post Next Post