ကိုရင်လေးလည်း ၅ ဘာသာဂုဏ်ထူးနဲ့အောင်တယ်ဆိုလို့ ဝမ်းသာဂုဏ်ယူမိနေတာ။



ကိုရင်လေးဆိုတာ ၂ တနိးထဲကကျောင်းပိတ်ချိန် ကိုရင်ဝတ်ပေးလိုက်တာ လူပြန်ထွက်ခိုင်းတာ မရလို့၊နေ့ဆို ကျောင်းမှာစာသင် ညဆို ဘုန်းကြီးကျောင်းပြန်၊ တစ်ခါတစ်လေအိမ်ပြန်တယ်ထင်တယ်။



မိဘတွေကလည်း ငယ်သေးတော့ ဟိုမရောက်ဒီမရောက်ဖြစ်မှာစိုးလို့ ၁၀ တနိးအထိဖြေခိုင်းတာ ခုတော့ ၅ ဘာသာဂုဏ်ထူးလည်းရ၊ အောင်စာရင်းလည်းထွက်ပြီးပြီဆိုတော့ သာသနာဘောင်ကိုပဲ အပြီးရွှေးချယ်လိုက်ပြီတဲ့။

ခု စစ်ကိုင်းမြစကြာကျောင်းတိုက်မှာ စာသင်သားဘဝနဲ့ စာတွေသွားသင်နေပြီလို့သိရပါတယ်။

@Aung Zaw Tun

Post a Comment

Previous Post Next Post