(Zawgyi)

မိတ္ထီလာမြို့နယ်တွင် ပြည်သူ့ဝန်ထမ်းအယောင်ဆောင်ကာ ငွေလိမ်လည်သူနှစ်ဦးကို ဖမ်းဆီးအရေးယူထားကြောင်း ယနေ့သြဂုတ် ၄ ရက်တွင် ရဲတပ်ဖွဲ့ထံမှ သိရသည်။ ဖြစ်စဉ်မှာ သြဂုတ် ၁ ရက် မွန်းလွဲ၃နာရီခွဲခန့်တွင် မိတ္ထီလာမြို့နယ် မုန်တိုင်ကျေးရွာအရှေ့ဘက် ကျောက်ပန်း တောင်းကားလမ်းပေါ်ရှိ စားသောက်ဆိုင်တစ်ခုသိ့ု အမည်မသိအမျိုးသား နှစ်ဦးရောက်လာကာ ၎င်းတို့သည် လျှပ်စစ်ဌာနမှဖြစ်ကြောင်း၊ ဆိုင်တွင် မီတာဘောက်တပ်ဆင်ပေးပြီး မီးအဆင်ပြေမည်ဖြစ်ကြောင်း၊ ငွေကျပ် ၅၂၀၀၀၀ ခန့်မှန်းကုန်ကျမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။


အမည်မသိအမျိုးသားနှစ်ဦးက ထိုသို့ပြောသဖြင့် ငွေ ၆ သိန်းထုတ်ပေးရန် ဆိုင်ရှင်က မန်နေဂျာ ကိုထွန်းထွန်းဦးကို စေခိုင်းခဲ့သည်။ လိုအပ်သည့်ပစ္စည်းများဝယ်ယူရန်အတွက် ဆိုင်မန်နေဂျာနှင့် ဆိုင်ဝန်ထမ်းတစ်ဦးတို့က အမည်မသိအမျိုးသားနှစ်ဦးနှင့်အတူ ဆိုင်ကယ်(၁)စီးဖြင့် ထွက်လာခဲ့သည်။ ထိုသို့ ထွက်လာခဲ့ရာ မိတ္ထီလာမြို့အထွက် မြို့သစ်ရပ်ကွက်ဘီးခွန်ဂိတ်အကျော်လမ်းဘေး၌ အဆိုပါ လူနှစ်ဦးက ဆိုင်ကယ်ရပ်ကာ လမ်းတောင်ဘက်ရှိ နေအိမ်ကို လက်ညိုးထိုးပြပြီး အဆိုပါနေအိမ်တွင် မီးကြိုး၊ ကြွေသီးများသွားယူရန် ဆိုင်မန်နေဂျာနှင့် ဝန်ထမ်းတို့ကိုစေလွှတ်ကာ ၎င်းတို့ ၂ ဦးက ဓာတ်တိုင်သွားသယ်မည်ဟုပြော၍ ငွေကျပ် ၆ သိန်း တောင်းယူသွားခဲ့သည်။


ဆိုင်မန်နေဂျာနှင့် ဆိုင်ဝန်ထမ်းတို့က မီးကြိုး၊ ကြွေသီးယူရန် အဆိုပါနေအိမ်ကို သွားရောက်ခဲ့ရာ အမည်မသိအမျိုးသားနှစ်ဦးက မဟုတ်မမှန်လိမ်လည်ပြောဆိုသည်ကို သိရှိခဲ့ကြောင်း၊လမ်းပေါ်သို့ ပြန်လာစဉ် အမည်မသိအမျိုးသားနှစ်ဦးမှာလည်းမရှိတော့သည်ကို တွေ့ရသဖြင့် လိုက်လံရှာဖွေခဲ့ကြောင်း၊ထိုသို့ လိုက်လံရှာဖွေရာ ပြည်သာယာရပ်ကွက်လမ်းဘေးရှိ စားသောက်ဆိုင်ရှေ့၌ DTအဖြူရောင်ဆိုင်ကယ်ရပ်ထားသည်ကို မြင်တွေ့ခဲ့ကြောင်း၊ ထို့ကြောင့် ဆိုင်အတွင်းဝင်ရောက်ကြည့်ရှုရာ ငွေလိမ်လည်သွားသူ အမည်မသိအမျိုးသားနှစ်ဦးကိုတွေ့ရသဖြင့် ပတ်ဝန်းကျင်ကို အကူအညီတောင်းပြီး ဝိုင်းဝန်းဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။



ဖမ်းဆီးရမိသူများမှာ ပြင်ဦးလွင်မြို့နယ်နေ မိုးအောင်(ခ)ရှမ်းလေး(၃၈ နှစ်)နှင့် တင်ကိုဦး(ခ) အာလူး(၂၄ နှစ်)တို့ ဖြစ်ကြောင်းသိရှိခဲ့သဖြင့် လျှပ်စစ်ဝန်ထမ်းအယောင်ဆောင်ကာ ငွေကျပ် ၆ သိန်း လိမ်လည်တောင်းယူသွားသူ ၎င်းတို့ ၂ ဦးကို အရေးယူပေးရန် သက်ဆိုင်ရာသို့ တိုင်ကြားခဲ့သည်။ မိတ္ထီလာမြို့မရဲစခန်းက (ပ)၃၆၂/၂၀၂၀၊ ရာဇသတ်ကြီးဥပဒေပုဒ်မ၄၂၀ အရ အမှုဖွင့် အရေးယူထားသည်။


Crd : Myanmar Times


(Unicode)


မိတၳီလာၿမိဳ႕နယ္တြင္ ျပည္သူ႔ဝန္ထမ္းအေယာင္ေဆာင္ကာ ေငြလိမ္လည္သူႏွစ္ဦးကို ဖမ္းဆီးအေရးယူထားေၾကာင္း ယေန႔ၾသဂုတ္ ၄ ရက္တြင္ ရဲတပ္ဖြဲ႕ထံမွ သိရသည္။ ျဖစ္စဥ္မွာ ၾသဂုတ္ ၁ ရက္ မြန္းလြဲ၃နာရီခြဲခန႔္တြင္ မိတၳီလာၿမိဳ႕နယ္ မုန္တိုင္ေက်း႐ြာအေရွ႕ဘက္ ေက်ာက္ပန္း ေတာင္းကားလမ္းေပၚရွိ စားေသာက္ဆိုင္တစ္ခုသိ့ု အမည္မသိအမ်ိဳးသား ႏွစ္ဦးေရာက္လာကာ ၎တို႔သည္ လွ်ပ္စစ္ဌာနမွျဖစ္ေၾကာင္း၊ ဆိုင္တြင္ မီတာေဘာက္တပ္ဆင္ေပးၿပီး မီးအဆင္ေျပမည္ျဖစ္ေၾကာင္း၊ ေငြက်ပ္ ၅၂၀၀၀၀ ခန႔္မွန္းကုန္က်မည္ျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။


အမည္မသိအမ်ိဳးသားႏွစ္ဦးက ထိုသို႔ေျပာသျဖင့္ ေငြ ၆ သိန္းထုတ္ေပးရန္ ဆိုင္ရွင္က မန္ေနဂ်ာ ကိုထြန္းထြန္းဦးကို ေစခိုင္းခဲ့သည္။ လိုအပ္သည့္ပစၥည္းမ်ားဝယ္ယူရန္အတြက္ ဆိုင္မန္ေနဂ်ာႏွင့္ ဆိုင္ဝန္ထမ္းတစ္ဦးတို႔က အမည္မသိအမ်ိဳးသားႏွစ္ဦးႏွင့္အတူ ဆိုင္ကယ္(၁)စီးျဖင့္ ထြက္လာခဲ့သည္။ ထိုသို႔ ထြက္လာခဲ့ရာ မိတၳီလာၿမိဳ႕အထြက္ ၿမိဳ႕သစ္ရပ္ကြက္ဘီးခြန္ဂိတ္အေက်ာ္လမ္းေဘး၌ အဆိုပါ လူႏွစ္ဦးက ဆိုင္ကယ္ရပ္ကာ လမ္းေတာင္ဘက္ရွိ ေနအိမ္ကို လက္ညိဳးထိုးျပၿပီး အဆိုပါေနအိမ္တြင္ မီးႀကိဳး၊ ေႂကြသီးမ်ားသြားယူရန္ ဆိုင္မန္ေနဂ်ာႏွင့္ ဝန္ထမ္းတို႔ကိုေစလႊတ္ကာ ၎တို႔ ၂ ဦးက ဓာတ္တိုင္သြားသယ္မည္ဟုေျပာ၍ ေငြက်ပ္ ၆ သိန္း ေတာင္းယူသြားခဲ့သည္။


ဆိုင္မန္ေနဂ်ာႏွင့္ ဆိုင္ဝန္ထမ္းတို႔က မီးႀကိဳး၊ ေႂကြသီးယူရန္ အဆိုပါေနအိမ္ကို သြားေရာက္ခဲ့ရာ အမည္မသိအမ်ိဳးသားႏွစ္ဦးက မဟုတ္မမွန္လိမ္လည္ေျပာဆိုသည္ကို သိရွိခဲ့ေၾကာင္း၊လမ္းေပၚသို႔ ျပန္လာစဥ္ အမည္မသိအမ်ိဳးသားႏွစ္ဦးမွာလည္းမရွိေတာ့သည္ကို ေတြ႕ရသျဖင့္ လိုက္လံရွာေဖြခဲ့ေၾကာင္း၊ထိုသို႔ လိုက္လံရွာေဖြရာ ျပည္သာယာရပ္ကြက္လမ္းေဘးရွိ စားေသာက္ဆိုင္ေရွ႕၌ DTအျဖဴေရာင္ဆိုင္ကယ္ရပ္ထားသည္ကို ျမင္ေတြ႕ခဲ့ေၾကာင္း၊ ထို႔ေၾကာင့္ ဆိုင္အတြင္းဝင္ေရာက္ၾကည့္ရႈရာ ေငြလိမ္လည္သြားသူ အမည္မသိအမ်ိဳးသားႏွစ္ဦးကိုေတြ႕ရသျဖင့္ ပတ္ဝန္းက်င္ကို အကူအညီေတာင္းၿပီး ဝိုင္းဝန္းဖမ္းဆီးႏိုင္ခဲ့ေၾကာင္း သိရသည္။


ဖမ္းဆီးရမိသူမ်ားမွာ ျပင္ဦးလြင္ၿမိဳ႕နယ္ေန မိုးေအာင္(ခ)ရွမ္းေလး(၃၈ ႏွစ္)ႏွင့္ တင္ကိုဦး(ခ) အာလူး(၂၄ ႏွစ္)တို႔ ျဖစ္ေၾကာင္းသိရွိခဲ့သျဖင့္ လွ်ပ္စစ္ဝန္ထမ္းအေယာင္ေဆာင္ကာ ေငြက်ပ္ ၆ သိန္း လိမ္လည္ေတာင္းယူသြားသူ ၎တို႔ ၂ ဦးကို အေရးယူေပးရန္ သက္ဆိုင္ရာသို႔ တိုင္ၾကားခဲ့သည္။ မိတၳီလာၿမိဳ႕မရဲစခန္းက (ပ)၃၆၂/၂၀၂၀၊ ရာဇသတ္ႀကီးဥပေဒပုဒ္မ၄၂၀ အရ အမႈဖြင့္ အေရးယူထားသည္။


Crd : Myanmar Times

Post a Comment

Previous Post Next Post