(Unicode)

ကမာရွတ်မြို့နယ်စံရိပ်ငြိမ် မှတ်တိုင်အနီး ရတနာမြိုင်လမ်းရှိ ရွှေကွန်းကွန်ဒိုတွင် နေထိုင်သော ရွှေအရောင်းအဝယ် လုပ်ငန်းရှင်လင်မယားအား သြဂုတ် ၁၀ ရက်ည ၉ နာရီခွဲခန့်အချိန်ကအနုကြမ်းစီးသည့်အမှုဖြစ်ပွားခဲ့ကြောင်း ကမာရွတ်မြို့နယ်ရဲစခန်းက ပြည်မြန်မာ ကိုအတည်ပြုပြောကြားသည်။



အဆိုပါအမှုကို ပ- ၇၇၉/၂၀၂၀ ဖြင့်အမှုဖွင့်ထားကာ စုံစမ်းနေပြီဖြစ်ကြောင်း အဆိုပါစခန်း၏တာဝန်ကျရဲအရာထမ်းတစ်ဦးကဆိုသည်။



အနုကြမ်းစီးသူများကအိမ်ရှင်အမျိုးသားအား လက်ထိပ်ခတ်ထား၍ ရတနာနှင့်ငွေမရမချင်း ပေါင်ခြံကို ဓားဖြင့်စိတ်ကြိုက်မွှမ်း၍ စိမ်ပြေနပြေ ပြုလုပ်ပြီးနောက် အိမ်ရှင်အမျိုးသမီးအားလည်း လက်ထိပ်ခတ် ခြေထောက်ကိုပလပ်စတစ်ကြိုးဖြင့် ချည်နှောင်၍ငွေသားနှင့် လက်ဝတ်ရတနာ အချို့ယူဆောင်ထွက်ပြေးသွားကြောင်းလည်းသိရသည်။



ကျူးလွန်သူများမှာအမျိုးသမီးတစ်ဦးနှင့် အမျိုးသား သုံးဦးတို့ဖြစ်ကြောင်း ကနဦးသတင်းရရှိသည်။

မေငယ်
Credit = Pyi Myanmar


(Zawgyi)


ကမာ႐ြတ္ၿမိဳ႕နယ္စံရိပ္ၿငိမ္ မွတ္တိုင္အနီး ရတနာၿမိဳင္လမ္းရွိ ေ႐ႊကြန္းကြန္ဒိုတြင္ ေနထိုင္ေသာ ေ႐ႊအေရာင္းအဝယ္ လုပ္ငန္းရွင္လင္မယားအား ၾသဂုတ္ ၁၀ ရက္ည ၉ နာရီခြဲခန္႔အခ်ိန္ကအႏုၾကမ္းစီးသည့္အမႈျဖစ္ပြားခဲ့ေၾကာင္း ကမာ႐ြတ္ၿမိဳ႕နယ္ရဲစခန္းက ျပည္ျမန္မာ ကိုအတည္ျပဳေျပာၾကားသည္။



အဆိုပါအမႈကို ပ- ၇၇၉/၂၀၂၀ ျဖင့္အမႈဖြင့္ထားကာ စုံစမ္းေနၿပီျဖစ္ေၾကာင္း အဆိုပါစခန္း၏တာဝန္က်ရဲအရာထမ္းတစ္ဦးကဆိုသည္။



အႏုၾကမ္းစီးသူမ်ားကအိမ္ရွင္အမ်ိဳးသားအား လက္ထိပ္ခတ္ထား၍ ရတနာႏွင့္ေငြမရမခ်င္း ေပါင္ၿခံကို ဓားျဖင့္စိတ္ႀကိဳက္မႊမ္း၍ စိမ္ေျပနေျပ ျပဳလုပ္ၿပီးေနာက္ အိမ္ရွင္အမ်ိဳးသမီးအားလည္း လက္ထိပ္ခတ္ ေျခေထာက္ကိုပလပ္စတစ္ႀကိဳးျဖင့္ ခ်ည္ေႏွာင္၍ေငြသားႏွင့္ လက္ဝတ္ရတနာ အခ်ိဳ႕ယူေဆာင္ထြက္ေျပးသြားေၾကာင္းလည္းသိရသည္။



က်ဴးလြန္သူမ်ားမွာအမ်ိဳးသမီးတစ္ဦးႏွင့္ အမ်ိဳးသား သုံးဦးတို႔ျဖစ္ေၾကာင္း ကနဦးသတင္းရရွိသည္။

ေမငယ္
Credit = Pyi Myanmar

Post a Comment

Previous Post Next Post