(Unicode)

ရခိုင်ပြည်နယ်မှာ ကိုရိုနာ ဗိုင်းရပ်စ် COVID-19 ကူးစက် သူတွေ ရက်ဆက်တွေ့လာရလို့ သြဂုတ် ၁၆ ရက်ကနေ ဒီနေ့ ၂၄ ရက် အထိ စစ် တွေ၊ မြောက်ဦးနဲ့ သံတွဲ မြို့တွေမှာ ကိုဗစ်လူနာ ၇၂ ဦးရှိလာပြီ ဖြစ်ပါတယ်။ သြဂုတ် ၂၄ မနက် ထုတ်ပြန်ချက် ပါ အတည်ပြု လူနာ အသစ် တွေမှာ အသက် အငယ်ဆုံး ၁၁ နှစ် က နေ အသက်အကြီးဆုံး ၉၂ နှစ် အထိ ပါဝင်နေတာကို တွေ့ရပါတယ်။



သူတို့ အားလုံးဟာ အတည်ပြု လူနာတွေနဲ့ ထိတွေ့မှု ရှိခဲ့သူတွေ ဖြစ်ပြီး အသွားအလာ ကန့်သတ် ထားရှိသူတွေ ဖြစ်တယ်လို့ ထုတ်ပြန် ချက်မှာ ပါရှိပါတယ်။မြန်မာနိုင်ငံမှာ သြဂုတ် ၂၄ ရက် မနက် အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ စုစုပေါင်း ၄၆၃ ဦး ရှိပြီ ဖြစ်ပါတယ်။ စစ် တွေမှာ ဒေသ တွင်း ကူးစက်သူ ၁၃ ဦး ထပ်တွေ့ပြီး အသက် ၉၂ နှစ် ကနေ အသက် ၁၁ နှစ် အထိ အရွယ်စုံ ပါဝင်လာတာပါ။



ပိုးတွေ့ရှိတဲ့ မြို့တွေ ကတော့ စစ်တွေ၊ မြောက်ဦး နဲ့ သံတွဲတို့ဖြစ်ပြီး ပြည်နယ်ရဲ့ မြို့တော် စစ်တွေ မှာတော့ ပိုးတွေ့ လူနာအများဆုံး ရှိနေ တာပါ။ဒီနေ့ အထိတော့ မြန်မာနိုင်ငံ မှာ ပိုးတွေ့လူနာ(၄၆၃)ယောက် အထိ ရှိနေပြီး အဲဒီထဲ မှာ ပြန်ကောင်း မွန်သူ (၃၄၁)ယောက်နဲ့ သေ ဆုံး သူ(၆)ယောက်ရှိ နေပါတယ်။

REF: SHWE WIKI

(Zawgyi)





REF: SHWE WIKI

Post a Comment

Previous Post Next Post