(Unicode)

ဈေးကွက်လုတယ်လို့ထင်တဲ့အတွက် အမျိုးသားယာဉ်မောင်းအချို့က သူမကို သိပ်မမြင်မကြည်ကြဘူး။ခင်ပွန်းဆုံးပါးသွားပြီးနောက် မိသားစုကို ထောက်ပံဖို့အတွက် မမိမိပြုံးဟာ တက္ကစီမောင်းသမားဘဝကို ရွေးချယ်ခဲ့ပါတယ်။ ကျွန်းသစ်စက်ရုံမှာ အလုပ်လုပ်ခဲ့ပြီး တခြားအလုပ်လည်း မလုပ်တတ်တာကြောင့် ကလေးတွေကို စောင့်ရှောက်ဖို့အတွက် တက္ကစီမောင်းဖို့ ဆုံးဖြတ်လိုက်ရသူပါ။ ခုဆို တက္ကစီမောင်းလာတာ ၆ နှစ်နီးပါး ရှိပြီလို့ သူမက ပြောပါတယ်။အစကတော့ အမျိုးသမီးတက္ကစီယာဉ်မောင်းဆိုလို့ ကျွန်မ တစ်ယောက်ပဲရှိပြီး ကျန်တာတွေက အမျိုးသားတွေချည်းလိုလို ဆိုတော့ ကျွန်မ အမြဲအထင်သေးခံခဲ့ရတယ်။ တချို့က ကျွန်မ တက္ကစီမောင်းတာကို မနှစ်မြို့ဘူး။ တချို့ကတော့ ဒါက ဝင်ငွေရဖို့အလုပ်လုပ်တာပဲဆိုပြီး ကူညီပေးကြပါတယ်။



ဒါပေမယ့် ကျွန်မ ကားမောင်းကြသူများအဖွဲ့ထဲဝင်လိုက်တဲ့အတွက် ကျွန်မကို ကူညီပေးမယ့်အဖွဲ့တစ်ခုရလိုက်ပါတယ်။ သူတို့က ကျွန်မကိုကူညီကြသလို အားအင်တွေလည်းပေးပါတယ်။ ကျွန်မတို့အဖွဲ့ဝင်တွေအားလုံးက တစ်ယောက်နဲ့တစ်ယောက် အမြဲကူညီကြပါတယ်။ အခုဆိုရင် ကျွန်မမှာ Uber အသိုက်အဝန်းလေးတစ်ခုရှိနေပြီဖြစ်ပါတယ်။ ” လို့ မမိမိပြုံးက ပြောတယ်။ သူမက Uber ယာဉ်မောင်းအနေနဲ့လုပ်ကိုင်နေတာ တစ်နှစ်ကျော်ပါပြီ။သူမရဲ့ကားကို ငှားရမ်းစီးနင်းဖူးသူ ၁၀ ဦးမှာ ၉ ဦးက သူမကို သဘောကျကြတယ်လို့လည်း မမိမိပြုံးကဆိုတယ်။ တချို့ဆိုရင် သူမကိုကြည့်ပြီး ရုံးအလုပ်ကနေထွက်၊ တက္ကစီယာဉ်မောင်းလုပ်ချင်တယ်လို့တောင် ပြောကြတယ်။ အမျိုးသားတွေအဓိကလုပ်ကြတဲ့ တက္ကစီယာဉ်မောင်းလောကကို ဝင်ရောက်ထားတဲ့ မမိမိပြုံးကိုတော့ အချို့သောအမျိုးသားယာဉ်မောင်းတွေက အမြင်မကြည်ကြဘူးလို့ မမိမိပြုံးက သူမရဲ့ခံစားချက်ကို ပြောပြပါတယ်။



ကျွန်မက ငယ်ငယ်ကတည်းက ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိသလို လုပ်ရဲကိုင်ရဲလည်းရှိပါတယ်။ ရန်ကုန်မှာ အခုဆိုရင် အမျိုးသမီးယာဉ်မောင်းတွေ အများကြီးပဲရှိနေပါပြီ။ ကျွန်မက ကားမောင်းကြသူများအဖွဲ့မှာ ဝင်ထားတော့ အမျိုးသမီးယာဉ်မောင်း တော်တော်များများ ကို အဖွဲ့ထဲမှာတွေ့ရပါတယ်။ သူတို့တွေက တခြားတက္ကစီအငှားဝန်ဆောင်မှုအက်ပလီကေးရှင်းတွေကိုလည်း သုံးကြပါ တယ်။ သူတို့က ကျွန်မလိုပါပဲ၊ ကားမောင်းရတာ သဘောကျပြီး၊ တက္ကစီမောင်းပြီး ဝင်ငွေရှာနေကြတာဖြစ်ပါတယ်။ ” လို့ မမိမိပြုံးက ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအပြည့်နဲ့ဆိုပါတယ်။အမျိုးသားတွေအနေနဲ့လည်း အမျိုးသမီးတွေရဲ့ လုံခြုံရေးကို ကူညီပေးသင့်တယ်လို့လည်း သူမရဲ့ ထင်မြင်ချက်ကို ပြောပြပါတယ်။ ဒါ့အပြင် Uber ယာဉ်မောင်းမိတ်ဆွေတစ်ဦးအနေဲ့လည်း ဒီနယ်ပယ်ထဲမှာ လုပ်ကိုင်ချင်သူတွေကို အပြန်အလှန် အကူညီပေးသွားပါ့မယ်လို့လည်း ကတိပေးထားပါတယ်။

Credit DUWUN


(Zawgyi)


ေဈးကြက္လုတယ္လို႔ထင္တဲ့အတြက္ အမ်ိဳးသားယာဥ္ေမာင္းအခ်ိဳ႕က သူမကို သိပ္မျမင္မၾကည္ၾကဘူး။ခင္ပြန္းဆုံးပါးသြားၿပီးေနာက္ မိသားစုကို ေထာက္ပံဖို႔အတြက္ မမိမိၿပဳံးဟာ တကၠစီေမာင္းသမားဘဝကို ေ႐ြးခ်ယ္ခဲ့ပါတယ္။ ကြၽန္းသစ္စက္႐ုံမွာ အလုပ္လုပ္ခဲ့ၿပီး တျခားအလုပ္လည္း မလုပ္တတ္တာေၾကာင့္ ကေလးေတြကို ေစာင့္ေရွာက္ဖို႔အတြက္ တကၠစီေမာင္းဖို႔ ဆုံးျဖတ္လိုက္ရသူပါ။ ခုဆို တကၠစီေမာင္းလာတာ ၆ ႏွစ္နီးပါး ရွိၿပီလို႔ သူမက ေျပာပါတယ္။အစကေတာ့ အမ်ိဳးသမီးတကၠစီယာဥ္ေမာင္းဆိုလို႔ ကြၽန္မ တစ္ေယာက္ပဲရွိၿပီး က်န္တာေတြက အမ်ိဳးသားေတြခ်ည္းလိုလို ဆိုေတာ့ ကြၽန္မ အၿမဲအထင္ေသးခံခဲ့ရတယ္။ တခ်ိဳ႕က ကြၽန္မ တကၠစီေမာင္းတာကို မႏွစ္ၿမိဳ႕ဘူး။ တခ်ိဳ႕ကေတာ့ ဒါက ဝင္ေငြရဖို႔အလုပ္လုပ္တာပဲဆိုၿပီး ကူညီေပးၾကပါတယ္။



ဒါေပမယ့္ ကြၽန္မ ကားေမာင္းၾကသူမ်ားအဖြဲ႕ထဲဝင္လိုက္တဲ့အတြက္ ကြၽန္မကို ကူညီေပးမယ့္အဖြဲ႕တစ္ခုရလိုက္ပါတယ္။ သူတို႔က ကြၽန္မကိုကူညီၾကသလို အားအင္ေတြလည္းေပးပါတယ္။ ကြၽန္မတို႔အဖြဲ႕ဝင္ေတြအားလုံးက တစ္ေယာက္နဲ႔တစ္ေယာက္ အၿမဲကူညီၾကပါတယ္။ အခုဆိုရင္ ကြၽန္မမွာ Uber အသိုက္အဝန္းေလးတစ္ခုရွိေနၿပီျဖစ္ပါတယ္။ ” လို႔ မမိမိၿပဳံးက ေျပာတယ္။ သူမက Uber ယာဥ္ေမာင္းအေနနဲ႔လုပ္ကိုင္ေနတာ တစ္ႏွစ္ေက်ာ္ပါၿပီ။သူမရဲ႕ကားကို ငွားရမ္းစီးနင္းဖူးသူ ၁၀ ဦးမွာ ၉ ဦးက သူမကို သေဘာက်ၾကတယ္လို႔လည္း မမိမိၿပဳံးကဆိုတယ္။ တခ်ိဳ႕ဆိုရင္ သူမကိုၾကည့္ၿပီး ႐ုံးအလုပ္ကေနထြက္၊ တကၠစီယာဥ္ေမာင္းလုပ္ခ်င္တယ္လို႔ေတာင္ ေျပာၾကတယ္။ အမ်ိဳးသားေတြအဓိကလုပ္ၾကတဲ့ တကၠစီယာဥ္ေမာင္းေလာကကို ဝင္ေရာက္ထားတဲ့ မမိမိၿပဳံးကိုေတာ့ အခ်ိဳ႕ေသာအမ်ိဳးသားယာဥ္ေမာင္းေတြက အျမင္မၾကည္ၾကဘူးလို႔ မမိမိၿပဳံးက သူမရဲ႕ခံစားခ်က္ကို ေျပာျပပါတယ္။

ကြၽန္မက ငယ္ငယ္ကတည္းက ကိုယ့္ကိုယ္ကို ယုံၾကည္မႈရွိသလို လုပ္ရဲကိုင္ရဲလည္းရွိပါတယ္။ ရန္ကုန္မွာ အခုဆိုရင္ အမ်ိဳးသမီးယာဥ္ေမာင္းေတြ အမ်ားႀကီးပဲရွိေနပါၿပီ။ ကြၽန္မက ကားေမာင္းၾကသူမ်ားအဖြဲ႕မွာ ဝင္ထားေတာ့ အမ်ိဳးသမီးယာဥ္ေမာင္း ေတာ္ေတာ္မ်ားမ်ား ကို အဖြဲ႕ထဲမွာေတြ႕ရပါတယ္။ သူတို႔ေတြက တျခားတကၠစီအငွားဝန္ေဆာင္မႈအက္ပလီေကးရွင္းေတြကိုလည္း သုံးၾကပါ တယ္။ သူတို႔က ကြၽန္မလိုပါပဲ၊ ကားေမာင္းရတာ သေဘာက်ၿပီး၊ တကၠစီေမာင္းၿပီး ဝင္ေငြရွာေနၾကတာျဖစ္ပါတယ္။ ” လို႔ မမိမိၿပဳံးက ကိုယ့္ကိုယ္ကိုယ္ယုံၾကည္မႈအျပည့္နဲ႔ဆိုပါတယ္။အမ်ိဳးသားေတြအေနနဲ႔လည္း အမ်ိဳးသမီးေတြရဲ႕ လုံၿခဳံေရးကို ကူညီေပးသင့္တယ္လို႔လည္း သူမရဲ႕ ထင္ျမင္ခ်က္ကို ေျပာျပပါတယ္။ ဒါ့အျပင္ Uber ယာဥ္ေမာင္းမိတ္ေဆြတစ္ဦးအေနဲ႔လည္း ဒီနယ္ပယ္ထဲမွာ လုပ္ကိုင္ခ်င္သူေတြကို အျပန္အလွန္ အကူညီေပးသြားပါ့မယ္လို႔လည္း ကတိေပးထားပါတယ္။

Credit DUWUN

Post a Comment

Previous Post Next Post