(Unicode)


ရခိုင်ပြည်နယ် အတွင်း သွားလာမှုပြုရာမှာ သတ်မှတ်ဦးရေ ထက်ပိုပြီး သွားရောက်ဖို့ ဖြစ်စေ၊ အခြားအရေး ပေါ် ကိစ္စတွေ အတွက် သွား ရောက်ဖို့ရှိရင်ဖြစ်စေ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေရဲ့ ခွင့်ပြုချက်နဲ့ သွားလာရမှာဖြစ်ပြီး အလုပ်သွား၊အလုပ်ပြန်ကလွဲပြီး ရပ်ကွက်အတွင်း ဝင်/ထွက်ခွင့်မပြုဘူးလို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ဒီအမိန့်တွေကို လိုက်နာဖို့ပျက်ကွက်ရင် ကူးစက်ရောဂါများ ကာကွယ်နှိမ် နင်းရေး ဥပဒေအရ အရေးယူခံရမယ်လို့ ကြေညာလိုက်ပါတယ်။

ဩဂုတ်(၂၀)ရက် ည(၈)နာရီထုတ်ပြန်ချက်အရ စစ်တွေမှာ ပြည်တွင်းကူးစက်မှုအဖြစ်သတ်မှတ်နိုင်တဲ့ ကိုဗစ် အတည်ပြုလူနာ(၃)ဦး ထပ်မံ တွေ့ရှိရပြီး ပြည်တွင်းကူးစက်မှုလူနာ (၉)ဦးရှိနေပြီဖြစ်ပါတယ်။ အားလုံးလည်း သတိ ရှိကြပါနော်။၂၀-၈-၂၀၂၀ ရက်နေ့တွင် ထုတ်ပြန် သည့် ကိုရိုနာဗိုင်းရပ်စ် ကာကွယ် ထိန်းချုပ်ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီရဲ့ စာမှာ အောက်ပါအတိုင်း ဖော်ပြထားပါတယ်။
“ရခိုင်ပြည်နယ်အတွင်း လက်ရှိ ဖွင့်လှစ် ထားသည့် စာသင်ကျောင်း များတွင် ကိုဗစ်ရောဂါ ကူးစက်ဖြစ်ပွားမှု မရှိစေရေးအတွက်။



ကြိုတင်ကာကွယ်ရေးအနေဖြင့် ကျောင်းများအား ခေတ္တခဏပိတ်ထားရန်၊ နောက်ထပ် ဖွင့်လှစ်မည့် အခြေခံပညာအထက်တန်း အဆင့် ကျောင်းများ ရှိပါက ခေတ္တဆိုင်းငံ့ထားရေး ညှိနှိုင်း ဆောင်ရွက်ရန်” ဟု ဖော်ပြ ပါရှိပါတယ်။အဲဒါကြောင့် လက်ရှိ ရခိုင်ပြည်နယ် အတွင်း ဖွင့် လှစ် ထားသည့် အထက်တန်းကျောင်းများကို ယနေ့ (၂၁-၈-၂၀၂၀) မှ စ၍ ပိတ်ရမည်ဖြစ်ပြီး ဖွင့်လှစ်ရန် ပြင်ဆင်နေတဲ့ ကျောင်းတွေလည်း ခေတ္တဆိုင်းငံ့ထားရမှာ ဖြစ်ပါတယ်။

စစ်တွေမြို့နယ်မှာ COVID-19ပြည်တွင်းကူးစက်မှုလူနာတွေ တွေ့ရှိလာရတဲ့အတွက် စစ်တွေမြို့နယ်မှာ နေထိုင်သူတွေအနေနဲ့ ဩဂုတ် (၂၀)ရက် ည(၈)နာရီကစပြီး Stay at Homeအစီအစဉ်မှာ အကျုံးဝင်တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ကြေညာလိုက် ပါတယ်။ အဲ့ဒါကြောင့် စစ်တွေမြို့နယ်မှာ နေထိုင်သူတွေအနေနဲ့ အစိုးရဌာန၊ အဖွဲ့အစည်း၊ ကုမ္ပဏီစက်ရုံ၊ အလုပ်ရုံတွေမှာ တာဝန်ထမ်း ဆောင်ဖို့သွားရောက်တဲ့သူတွေကလွဲပြီး အိမ်မှာပဲနေဖို့၊ ဈေးဝယ်ဖို့အတွက် တစ်အိမ်တစ်ဦးနှုန်းသွားဖို့၊




ဆေးရုံ၊ဆေးခန်းသွားရင် တစ်အိမ်နှစ်ဦးနှုန်းသွားဖို့၊ အပြင်သွားရင်နှာခေါင်းစည်းတပ်ဖို့၊ ဈေးကိုမော်တော်ကားနဲ့သွားရင် ယာဉ်မောင်းအ ပြင်တစ်ဦး၊ ဆေးရုံ၊ဆေးခန်းကို မော်တော်ယာဉ်နဲ့သွားရင် ယာဉ်မောင်းအပြင်နှစ်ဦးသာ သွားရောက်ဖို့၊ အလုပ်သွားသူတွေရဲ့ ကြို/ပို့ယာဉ် တွေကိုပဲ ရပ်ကွက်ကျော်လွန်သွားခွင့်ပြုဖို့စတဲ့ အချက်တွေကို လိုက်နာရတော့မှာ ဖြစ်ပါတယ်။

REF: LET PAN


(Zawgyi)

ရခိုင္ျပည္နယ္ အတြင္း သြားလာမႈျပဳရာမွာ သတ္မွတ္ဦးေရ ထက္ပိုၿပီး သြားေရာက္ဖို႔ ျဖစ္ေစ၊ အျခားအေရး ေပၚ ကိစၥေတြ အတြက္ သြား ေရာက္ဖို႔ရွိရင္ျဖစ္ေစ ရပ္ကြက္အုပ္ခ်ဳပ္ေရးအဖြဲ႕ေတြရဲ႕ ခြင့္ျပဳခ်က္နဲ႔ သြားလာရမွာျဖစ္ၿပီး အလုပ္သြား၊အလုပ္ျပန္ကလြဲၿပီး ရပ္ကြက္အတြင္း ဝင္/ထြက္ခြင့္မျပဳဘူးလို႔ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။ဒီအမိန႔္ေတြကို လိုက္နာဖို႔ပ်က္ကြက္ရင္ ကူးစက္ေရာဂါမ်ား ကာကြယ္ႏွိမ္ နင္းေရး ဥပေဒအရ အေရးယူခံရမယ္လို႔ ေၾကညာလိုက္ပါတယ္။

ဩဂုတ္(၂၀)ရက္ ည(၈)နာရီထုတ္ျပန္ခ်က္အရ စစ္ေတြမွာ ျပည္တြင္းကူးစက္မႈအျဖစ္သတ္မွတ္ႏိုင္တဲ့ ကိုဗစ္ အတည္ျပဳလူနာ(၃)ဦး ထပ္မံ ေတြ႕ရွိရၿပီး ျပည္တြင္းကူးစက္မႈလူနာ (၉)ဦးရွိေနၿပီျဖစ္ပါတယ္။ အားလုံးလည္း သတိ ရွိၾကပါေနာ္။၂၀-၈-၂၀၂၀ ရက္ေန႔တြင္ ထုတ္ျပန္ သည့္ ကို႐ိုနာဗိုင္းရပ္စ္ ကာကြယ္ ထိန္းခ်ဳပ္ကုသေရး အမ်ိဳးသားအဆင့္ဗဟိုေကာ္မတီရဲ႕ စာမွာ ေအာက္ပါအတိုင္း ေဖာ္ျပထားပါတယ္။
“ရခိုင္ျပည္နယ္အတြင္း လက္ရွိ ဖြင့္လွစ္ ထားသည့္ စာသင္ေက်ာင္း မ်ားတြင္ ကိုဗစ္ေရာဂါ ကူးစက္ျဖစ္ပြားမႈ မရွိေစေရးအတြက္။


ႀကိဳတင္ကာကြယ္ေရးအေနျဖင့္ ေက်ာင္းမ်ားအား ေခတၱခဏပိတ္ထားရန္၊ ေနာက္ထပ္ ဖြင့္လွစ္မည့္ အေျခခံပညာအထက္တန္း အဆင့္ ေက်ာင္းမ်ား ရွိပါက ေခတၱဆိုင္းငံ့ထားေရး ညႇိႏႈိင္း ေဆာင္႐ြက္ရန္” ဟု ေဖာ္ျပ ပါရွိပါတယ္။အဲဒါေၾကာင့္ လက္ရွိ ရခိုင္ျပည္နယ္ အတြင္း ဖြင့္ လွစ္ ထားသည့္ အထက္တန္းေက်ာင္းမ်ားကို ယေန႔ (၂၁-၈-၂၀၂၀) မွ စ၍ ပိတ္ရမည္ျဖစ္ၿပီး ဖြင့္လွစ္ရန္ ျပင္ဆင္ေနတဲ့ ေက်ာင္းေတြလည္း ေခတၱဆိုင္းငံ့ထားရမွာ ျဖစ္ပါတယ္။

စစ္ေတြၿမိဳ႕နယ္မွာ COVID-19ျပည္တြင္းကူးစက္မႈလူနာေတြ ေတြ႕ရွိလာရတဲ့အတြက္ စစ္ေတြၿမိဳ႕နယ္မွာ ေနထိုင္သူေတြအေနနဲ႔ ဩဂုတ္ (၂၀)ရက္ ည(၈)နာရီကစၿပီး Stay at Homeအစီအစဥ္မွာ အက်ဳံးဝင္တယ္လို႔ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနက ေၾကညာလိုက္ ပါတယ္။ အဲ့ဒါေၾကာင့္ စစ္ေတြၿမိဳ႕နယ္မွာ ေနထိုင္သူေတြအေနနဲ႔ အစိုးရဌာန၊ အဖြဲ႕အစည္း၊ ကုမၸဏီစက္႐ုံ၊ အလုပ္႐ုံေတြမွာ တာဝန္ထမ္း ေဆာင္ဖို႔သြားေရာက္တဲ့သူေတြကလြဲၿပီး အိမ္မွာပဲေနဖို႔၊ ေဈးဝယ္ဖို႔အတြက္ တစ္အိမ္တစ္ဦးႏႈန္းသြားဖို႔၊

ေဆး႐ုံ၊ေဆးခန္းသြားရင္ တစ္အိမ္ႏွစ္ဦးႏႈန္းသြားဖို႔၊ အျပင္သြားရင္ႏွာေခါင္းစည္းတပ္ဖို႔၊ ေဈးကိုေမာ္ေတာ္ကားနဲ႔သြားရင္ ယာဥ္ေမာင္းအ ျပင္တစ္ဦး၊ ေဆး႐ုံ၊ေဆးခန္းကို ေမာ္ေတာ္ယာဥ္နဲ႔သြားရင္ ယာဥ္ေမာင္းအျပင္ႏွစ္ဦးသာ သြားေရာက္ဖို႔၊ အလုပ္သြားသူေတြရဲ႕ ႀကိဳ/ပို႔ယာဥ္ ေတြကိုပဲ ရပ္ကြက္ေက်ာ္လြန္သြားခြင့္ျပဳဖို႔စတဲ့ အခ်က္ေတြကို လိုက္နာရေတာ့မွာ ျဖစ္ပါတယ္။

REF: LET PAN

Post a Comment

Previous Post Next Post