(Zawgyi)


အဆိုေတာ္၊ သ႐ုပ္ေဆာင္ စိုင္းလႊမ္းကေတာ့ အႏုပညာအလုပ္ေတြကို လုပ္ကိုင္ရင္း သူ႔ရဲ႕ သမီးေလး စစ္လြန္းဝတီထက္ကို ဂ႐ုစိုက္ေစာင့္ေရွာက္ေနတာပဲ ျဖစ္ပါတယ္။ စိုင္းလႊမ္းက မေန႔က ၾသဂုတ္လ (၇) ရက္ေန႔မွာေတာ့ သာသနာ့ေဘာင္ထဲသို႔ဝင္ေရာက္ခဲ့ၿပီး သမီးေလး စစ္လြန္းဝတီထက္ကလည္း ဖခင္နဲ႔အတူတူ ပါရမီျဖည့္ေပးေနတာပဲ ျဖစ္ပါတယ္။



ဒီကေန႔မွာေတာ့ စစ္လြန္းဝတီထက္ေလးက မေမွ်ာ္လင့္ပဲ ဖခင္နဲ႔ အဖြားဆီကို ခြင့္ေတာင္းၿပီး သီလရွင္ဝတ္ခဲ့ေၾကာင္း သိရပါတယ္။ ” နဂါး႐ုံဘုရားေပၚမွာဘုရားဖူးၾကရင္း မေျပာမဆို ငိုၿပီးဘာမွမေျဖဘဲ ဘုန္းႀကီး ဆီကိုအဖြားႏွင့္ သမီး ကိုယ္တိုင္ေလွ်ာက္ သီလရွင္ဝတ္ခြင့္ျပဳေပးပါေျပာ ဦးဇင္းဆီကလည္းခြင့္ျပဳခ်က္ေတာင္းၿပီး


အရမ္းျမတ္ႏိုးတဲ့ သူ႔ဆံပင္ကို ဘုရား႒ာပနာ ထဲထည့္လႉ ဆရာေလး ဆႏၵမာလာ အျဖစ္ခံယူၿပီး ကြယ္လြန္သြားသူအဖိုးဦးခင္ေမာင္ဦးႏွင့္ ၇ရက္သားသမီး အေပါင္း သာဓုေခၚဆိုႏိုင္ပါတယ္။” စိုင္းလႊမ္းက သူ႔ရဲ႕ ေဖ့စ္ဘုတ္စာမ်က္ႏွာမွာ မွ်ေဝေပးထားတာပဲ ျဖစ္ပါတယ္။


စစ္လြန္းဝတီထက္ေလးကေတာ့ သူမ အရမ္းျမတ္ႏိုးတဲ့ ဆံပင္ေတြကို ဘုရား႒ာပနာထဲ ထည့္လႉရင္း သီလရွင္ေလးအျဖစ္ ခံယူခဲ့တာပဲ ျဖစ္ပါတယ္။ ပရိသတ္ႀကီးလည္း ဆရာေလး ဆႏၵမာလာတစ္ျဖစ္လည္း စစ္လြန္းဝတီထက္ေလးကိုၾကည့္ၿပီး သာဓုေခၚဆိုႏိုင္ၾကပါေစေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ရက္ေလးကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။


(Unicode)

အဆိုတော်၊ သရုပ်ဆောင် စိုင်းလွှမ်းကတော့ အနုပညာအလုပ်တွေကို လုပ်ကိုင်ရင်း သူ့ရဲ့ သမီးလေး စစ်လွန်းဝတီထက်ကို ဂရုစိုက်စောင့်ရှောက်နေတာပဲ ဖြစ်ပါတယ်။ စိုင်းလွှမ်းက မနေ့က သြဂုတ်လ (၇) ရက်နေ့မှာတော့ သာသနာ့ဘောင်ထဲသို့ဝင်ရောက်ခဲ့ပြီး သမီးလေး စစ်လွန်းဝတီထက်ကလည်း ဖခင်နဲ့အတူတူ ပါရမီဖြည့်ပေးနေတာပဲ ဖြစ်ပါတယ်။


ဒီကနေ့မှာတော့ စစ်လွန်းဝတီထက်လေးက မမျှော်လင့်ပဲ ဖခင်နဲ့ အဖွားဆီကို ခွင့်တောင်းပြီး သီလရှင်ဝတ်ခဲ့ကြောင်း သိရပါတယ်။ ” နဂါးရုံဘုရားပေါ်မှာဘုရားဖူးကြရင်း မပြောမဆို ငိုပြီးဘာမှမဖြေဘဲ ဘုန်းကြီး ဆီကိုအဖွားနှင့် သမီး ကိုယ်တိုင်လျှောက် သီလရှင်ဝတ်ခွင့်ပြုပေးပါပြော ဦးဇင်းဆီကလည်းခွင့်ပြုချက်တောင်းပြီး


အရမ်းမြတ်နိုးတဲ့ သူ့ဆံပင်ကို ဘုရားဋ္ဌာပနာ ထဲထည့်လှူ ဆရာလေး ဆန္ဒမာလာ အဖြစ်ခံယူပြီး ကွယ်လွန်သွားသူအဖိုးဦးခင်မောင်ဦးနှင့် ၇ရက်သားသမီး အပေါင်း သာဓုခေါ်ဆိုနိုင်ပါတယ်။” စိုင်းလွှမ်းက သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေပေးထားတာပဲ ဖြစ်ပါတယ်။


စစ်လွန်းဝတီထက်လေးကတော့ သူမ အရမ်းမြတ်နိုးတဲ့ ဆံပင်တွေကို ဘုရားဋ္ဌာပနာထဲ ထည့်လှူရင်း သီလရှင်လေးအဖြစ် ခံယူခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဆရာလေး ဆန္ဒမာလာတစ်ဖြစ်လည်း စစ်လွန်းဝတီထက်လေးကိုကြည့်ပြီး သာဓုခေါ်ဆိုနိုင်ကြပါစေနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့ရက်လေးကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Post a Comment

Previous Post Next Post