(Unicode)

၂ဝ၂ဝ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲအတွက် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် ဗဟိုရွေး ကောက်ပွဲအောင် နိုင်ရေးကော်မတီကို အဖွဲ့ဝင် ၃၁ ဦးဖြင့် ဖွဲ့စည်းထားပြီး ကော်မတီတွင် ဂုဏ်ထူးဆောင်နာယကအဖြစ် သူရဦးတင်ဦး၊ ဥက္ကဋ္ဌအဖြစ် ဒေါ်အောင်ဆန်းစုကြည်၊ အတွင်းရေးမှူးအဖြစ် ဦးဝင်းမြင့်တို့က အသီးသီးတာဝန်ယူထားသည်။ NLD ရွေးကောက်ပွဲ အောင် နိုင်ရေး လှုပ်ရှားမှု စက်တင်ဘာ ၈ ရက်တွင် စတင်မည်ဖြစ်ကြောင်း ပါတီဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်က ပြောကြားထားသည်။

သို့ရာတွင် ကိုဗစ်-၁၉ကြောင့် ၂ဝ၂ဝ အထွေထွေရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလအတွင်း အမျိုးသားဒီမိုကရေစီ (NLD) ပါတီအနေ ဖြင့် လူထုဟောပြောပွဲများမပါဝင်ဘဲ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ချမှတ်ထားသော COVID ရောဂါကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်၊ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ မဲဆွယ် စည်းရုံးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ ‘လောလောဆယ် မှာကတော့ ၂ဝ၁၅ လို လူထုဟောပြောစည်းရုံးပွဲကြီးတွေတော့ မဖြစ်နိုင်ပါဘူး။

အဲဒီတော့ ကိုယ်စားလှယ်တွေက ပြည်သူနဲ့ကိုယ်တိုင်ကိုယ်ကျထိတွေ့မှုတော့ရှိမယ်။ သို့သော် တကယ်တမ်းတော့ ၄၊ ၅ ဦးပဲပါ တဲ့အဖွဲ့တွေ က အိမ်တိုင်ရာရောက်သွားပြီးတော့ pamphlet တွေဝေမယ်။ မိတ်ဆက်မယ် ဒီလိုဖြစ်ဖို့ များပါတယ်။ ကိုဗစ် စည်းကမ်းသတ်မှတ်ချက်နဲ့ အညီ လုပ်ရမှာပါ”ဟု ပါတီ၏ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောသည်။၂ဝ၁၅ ရွေးကောက်ပွဲမတိုင်ခင် NLD ပါတီ၏ရွေး ကောက်ပွဲအောင်နိုင်ရေးဆောင်ပုဒ်မှာ ‘ပြောင်းလဲချိန်တန်ပြီ’ ဖြစ်သည်။




ယင်းဆောင်ပုဒ်ဖြင့် မဲဆွယ်စည်းရုံးရေးပြုလုပ်ခဲ့ပြီး သောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။ ယခု ၂ဝ၂ဝ အထွေ ထွေရွေးကောက်ပွဲ အောင်နိုင်ရေး ဆောင်ပုဒ် ‘အောင်လံခိုင်ဖို့ မဲပေးစို့’ အောက်တွင် ဒီမိုကရေစီမှန်ကန်ရေးအတွက် ပါတီကိုမဲပေးရန် စာသားကိုလည်း ထည့် သွင်းဖော်ပြထားသည်။၂ဝ၁၅ ခုနှစ်မှာ အောင်လံထူခဲ့ပြီးပြီ။ ၂ဝ၂ဝမှာ အောင်လံခိုင်အောင်လုပ်ဖို့ လုပ်ရမယ်။ ဒါကြောင့် ၂ဝ၂ဝ ရွေးကောက် ပွဲအတွက် ‘အောင်လံခိုင်ဖို့ မဲပေးစို့’ ဆိုတဲ့ ဆောင်ပုဒ်ကိုရွေးရခြင်းပါဟု ပါတီဒုဥက္ကဋ္ဌ(၂) ဒေါက်တာဇော်မြင့်မောင်က ပြောကြားထားသည်။


CRD: NEWS WATCH

(Zawgyi)


၂ဝ၂ဝ ျပည့္ႏွစ္ ႏိုဝင္ဘာလ ၈ ရက္ေန႔တြင္က်င္းျပဳလုပ္မည့္ အေထြေထြေ႐ြးေကာက္ပြဲအတြက္ အမ်ိဳးသားဒီမို ကေရစီအဖြဲ႕ခ်ဳပ္ ဗဟိုေ႐ြး ေကာက္ပြဲေအာင္ ႏိုင္ေရးေကာ္မတီကို အဖြဲ႕ဝင္ ၃၁ ဦးျဖင့္ ဖြဲ႕စည္းထားၿပီး ေကာ္မတီတြင္ ဂုဏ္ထူးေဆာင္နာယကအျဖစ္ သူရဦးတင္ဦး၊ ဥကၠ႒အျဖစ္ ေဒၚေအာင္ဆန္းစုၾကည္၊ အတြင္းေရးမႉးအျဖစ္ ဦးဝင္းျမင့္တို႔က အသီးသီးတာဝန္ယူထားသည္။ NLD ေ႐ြးေကာက္ပြဲ ေအာင္ ႏိုင္ေရး လႈပ္ရွားမႈ စက္တင္ဘာ ၈ ရက္တြင္ စတင္မည္ျဖစ္ေၾကာင္း ပါတီဥကၠ႒ေဒၚေအာင္ဆန္းစုၾကည္က ေျပာၾကားထားသည္။

သို႔ရာတြင္ ကိုဗစ္-၁၉ေၾကာင့္ ၂ဝ၂ဝ အေထြေထြေ႐ြးေကာက္ပြဲ မဲဆြယ္စည္း႐ုံးေရးကာလအတြင္း အမ်ိဳးသားဒီမိုကေရစီ (NLD) ပါတီအေန ျဖင့္ လူထုေဟာေျပာပြဲမ်ားမပါဝင္ဘဲ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနမွ ခ်မွတ္ထားေသာ COVID ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရး လမ္းၫႊန္ခ်က္၊ စည္းကမ္းသတ္မွတ္ခ်က္မ်ားႏွင့္အညီ မဲဆြယ္ စည္း႐ုံးမႈမ်ား ျပဳလုပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။ ‘ေလာေလာဆယ္ မွာကေတာ့ ၂ဝ၁၅ လို လူထုေဟာေျပာစည္း႐ုံးပြဲဲႀကီးေတြေတာ့ မျဖစ္ႏိုင္ပါဘူး။

အဲဒီေတာ့ ကိုယ္စားလွယ္ေတြက ျပည္သူနဲ႔ကိုယ္တိုင္ကိုယ္က်ထိေတြ႕မႈေတာ့ရွိမယ္။ သို႔ေသာ္ တကယ္တမ္းေတာ့ ၄၊ ၅ ဦးပဲပါ တဲ့အဖြဲ႕ေတြ က အိမ္တိုင္ရာေရာက္သြားၿပီးေတာ့ pamphlet ေတြေဝမယ္။ မိတ္ဆက္မယ္ ဒီလိုျဖစ္ဖို႔ မ်ားပါတယ္။ ကိုဗစ္ စည္းကမ္းသတ္မွတ္ခ်က္နဲ႔ အညီ လုပ္ရမွာပါ”ဟု ပါတီ၏ေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာမ်ိဳးၫြန႔္က ေျပာသည္။၂ဝ၁၅ ေ႐ြးေကာက္ပြဲမတိုင္ခင္ NLD ပါတီ၏ေ႐ြး ေကာက္ပြဲေအာင္ႏိုင္ေရးေဆာင္ပုဒ္မွာ ‘ေျပာင္းလဲခ်ိန္တန္ၿပီ’ ျဖစ္သည္။

ယင္းေဆာင္ပုဒ္ျဖင့္ မဲဆြယ္စည္း႐ုံးေရးျပဳလုပ္ခဲ့ၿပီး ေသာင္ၿပိဳကမ္းၿပိဳ အႏိုင္ရရွိခဲ့ျခင္း ျဖစ္သည္။ ယခု ၂ဝ၂ဝ အေထြ ေထြေ႐ြးေကာက္ပြဲ ေအာင္ႏိုင္ေရး ေဆာင္ပုဒ္ ‘ေအာင္လံခိုင္ဖို႔ မဲေပးစို႔’ ေအာက္တြင္ ဒီမိုကေရစီမွန္ကန္ေရးအတြက္ ပါတီကိုမဲေပးရန္ စာသားကိုလည္း ထည့္ သြင္းေဖာ္ျပထားသည္။၂ဝ၁၅ ခုႏွစ္မွာ ေအာင္လံထူခဲ့ၿပီးၿပီ။ ၂ဝ၂ဝမွာ ေအာင္လံခိုင္ေအာင္လုပ္ဖို႔ လုပ္ရမယ္။ ဒါေၾကာင့္ ၂ဝ၂ဝ ေ႐ြးေကာက္ ပြဲအတြက္ ‘ေအာင္လံခိုင္ဖို႔ မဲေပးစို႔’ ဆိုတဲ့ ေဆာင္ပုဒ္ကိုေ႐ြးရျခင္းပါဟု ပါတီဒုဥကၠ႒(၂) ေဒါက္တာေဇာ္ျမင့္ေမာင္က ေျပာၾကားထားသည္။


CRD: NEWS WATCH

Post a Comment

Previous Post Next Post