(Zawgyi)

Covid-19 စည္းမ်ည္းစည္းကမ္း ေဖာက္ဖ်က္သူေတြကို ေနပူထဲမွာ ျပစ္ဒဏ္ေပးတဲ့ ဗင္နီဇြဲလားႏိုင္ငံ


ဗင္နီဇြဲလားႏိုင္ငံမွာ ကာကြယ္ေရး တပ္ဖြဲ႕မ်ားက ကို႐ိုနာဗိုင္းရပ္စ္ တိုက္ဖ်တ္ေရး စည္းမ်ည္းစည္းကမ္း ေဖာက္ဖ်တ္သူ အခ်ိဳ႕ကို ကိုယ္ကာယေလ့က်င့္ခန္း လုပ္ေစျခင္း၊ ေနပူထဲမွာ ထိုင္ေစျခင္းအပါအဝင္ ႐ိုက္ႏွက္ျခင္းမ်ားနဲ႔ပါ အျပစ္ေပးေနေၾကာင္း မ်က္ျမင္သက္ေသမ်ားနဲ႔ လူ႔အခြင့္အေရးအဖြဲ႕မ်ားက ေျပာဆိုပါတယ္။



ေဒသဆိုင္ရာ လူ႔အခြင့္အေရး အဖြဲ႕မ်ားရဲ႕ ေျပာဆိုခ်က္အရ အာဏာပိုင္ေတြဟာ ႏိုင္ငံတစ္ဝန္းလုံးမွာ အိမ္သုံးကုန္၊ အစားအေသာက္စတဲ့ ပစၥည္းမ်ားဝယ္ယူရာမွာ တန္းမစီျခင္းကအစ ကာဖ်ဴးမိန႔္ မလိုက္နာျခင္းအဆုံး တစ္ခုခ်င္းစီအတြက္ ျပစ္ဒဏ္ေတြ ေပးေနၿပီ ျဖစ္တယ္လို႔ သိရပါတယ္။ လူ႔အခြင့္အေရး အဖြဲ႕တစ္ခုျဖစ္တဲ့ Provea က အခ်ိဳ႕ျဖစ္ရပ္ေတြမွာ လုံၿခဳံေရးတပ္ဖြဲ႕ေတြဟာ အၾကမ္းဖက္မႈကို စည္းကမ္းထိန္းသိမ္းေရး ပုံစံတစ္ခုအျဖစ္ အသုံးျပဳေနေၾကာင္း ေျပာဆိုၿပီး Covid-19 စည္းကမ္းေဖာက္ဖ်တ္သူ ၃ ဦးကို လုံၿခဳံေရး တပ္ဖြဲ႕က ေဘ့ေဘာ႐ိုက္တံနဲ႔ ႐ိုက္ႏွက္ေနတဲ့ ဗြီဒီယိုကို ၿပီးခဲ့တဲ့ ဇူလိုင္ ၂၂ ရက္ေန႔က တြစ္တာမွာ ေဖာ္ျပခဲ့ပါတယ္။

ဗင္နီဇြဲလား သတင္းအခ်က္အလက္ဝန္ႀကီးဌာနဟာ ဒီအေၾကာင္းအရာနဲ႔ ပတ္သတ္ၿပီး မွတ္ခ်က္ေပးဖို႔ ေတာင္းဆိုမႈေတြကို ျပန္လည္တုံ႔ျပန္ျခင္း မရွိေသးဘူးလို႔ သိရပါတယ္။ အတိုက္အခံ ဥပေဒျပဳအမတ္ေတြနဲ႔ လူ႔အခြင့္အေရးအဖြဲ႕မ်ားက သမၼတ Nicolas Maduro အစိုးရရဲ႕ ကူးစက္ေရာဂါ တိုက္ဖ်တ္ေရး တုံ႔ျပန္ခ်က္ေတြမွာ စစ္ေရးဆိုင္ရာဝါဒေတြ ပါဝင္ေနၿပီး ညႇင္းပမ္းႏွိပ္စက္ျခင္း၊ တရားမဝင္သတ္ျဖတ္ျခင္းနဲ႔ ဥပေဒမဲ့ ေငြအတင္းအၾကပ္ေတာင္းယူျခင္းေတြကို လူ႔အခြင့္အေရးစည္းမ်ည္းစည္းကမ္းမ်ားနဲ႔ ဆန႔္က်င္ၿပီး က်ယ္က်ယ္ ျပန႔္ျပန႔္ လုပ္ေဆာင္ေနေၾကာင္း ေျပာၾကားခဲ့ပါတယ္။



ဗင္နီဇြဲလားႏိုင္ငံဟာ ၿပီးခဲ့တဲ့ မတ္လအတည္းက ေလာ့ေဒါင္းကန႔္သတ္ခ်က္ ေၾကညာခဲ့ၿပီး ေနထိုင္သူေတြရဲ႕ အသြားအလာေတြ ကန႔္သတ္ဖို႔နဲ႔ ႏွာေခါင္းစြပ္ဝတ္ဆင္ျခင္းကို တြန္းအားေပးဖို႔အတြက္ ႏိုင္ငံတစ္ဝန္းလုံးမွာ စစ္ေဆးေရးဂိတ္ေတြ ထားရွိခဲ့ကာ ညမထြက္ရအမိန႔္ ျပဌာန္းခဲ့တယ္လို႔ သိရပါတယ္။ ဗင္နီဇြဲလားႏိုင္ငံဟာ အခုဆိုရင္ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္လူနာ ၂၄၁၆၆ ဦး၊ ေသဆုံးသူ ၂၀၈ ဦးထိ ရွိလာခဲ့ၿပီ ျဖစ္တယ္လို႔ တရား ဝင္ေဖာ္ျပထားတဲ့ သတင္းေတြအရ သိရပါတယ္။

(Unicode)


Covid-19 စည်းမျည်းစည်းကမ်း ဖောက်ဖျက်သူတွေကို နေပူထဲမှာ ပြစ်ဒဏ်ပေးတဲ့ ဗင်နီဇွဲလားနိုင်ငံ


ဗင်နီဇွဲလားနိုင်ငံမှာ ကာကွယ်ရေး တပ်ဖွဲ့များက ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျတ်ရေး စည်းမျည်းစည်းကမ်း ဖောက်ဖျတ်သူ အချို့ကို ကိုယ်ကာယလေ့ကျင့်ခန်း လုပ်စေခြင်း၊ နေပူထဲမှာ ထိုင်စေခြင်းအပါအဝင် ရိုက်နှက်ခြင်းများနဲ့ပါ အပြစ်ပေးနေကြောင်း မျက်မြင်သက်သေများနဲ့ လူ့အခွင့်အရေးအဖွဲ့များက ပြောဆိုပါတယ်။

ဒေသဆိုင်ရာ လူ့အခွင့်အရေး အဖွဲ့များရဲ့ ပြောဆိုချက်အရ အာဏာပိုင်တွေဟာ နိုင်ငံတစ်ဝန်းလုံးမှာ အိမ်သုံးကုန်၊ အစားအသောက်စတဲ့ ပစ္စည်းများဝယ်ယူရာမှာ တန်းမစီခြင်းကအစ ကာဖျူးမိန့် မလိုက်နာခြင်းအဆုံး တစ်ခုချင်းစီအတွက် ပြစ်ဒဏ်တွေ ပေးနေပြီ ဖြစ်တယ်လို့ သိရပါတယ်။ လူ့အခွင့်အရေး အဖွဲ့တစ်ခုဖြစ်တဲ့ Provea က အချို့ဖြစ်ရပ်တွေမှာ လုံခြုံရေးတပ်ဖွဲ့တွေဟာ အကြမ်းဖက်မှုကို စည်းကမ်းထိန်းသိမ်းရေး ပုံစံတစ်ခုအဖြစ် အသုံးပြုနေကြောင်း ပြောဆိုပြီး Covid-19 စည်းကမ်းဖောက်ဖျတ်သူ ၃ ဦးကို လုံခြုံရေး တပ်ဖွဲ့က ဘေ့ဘောရိုက်တံနဲ့ ရိုက်နှက်နေတဲ့ ဗွီဒီယိုကို ပြီးခဲ့တဲ့ ဇူလိုင် ၂၂ ရက်နေ့က တွစ်တာမှာ ဖော်ပြခဲ့ပါတယ်။



ဗင်နီဇွဲလား သတင်းအချက်အလက်ဝန်ကြီးဌာနဟာ ဒီအကြောင်းအရာနဲ့ ပတ်သတ်ပြီး မှတ်ချက်ပေးဖို့ တောင်းဆိုမှုတွေကို ပြန်လည်တုံ့ပြန်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။ အတိုက်အခံ ဥပဒေပြုအမတ်တွေနဲ့ လူ့အခွင့်အရေးအဖွဲ့များက သမ္မတ Nicolas Maduro အစိုးရရဲ့ ကူးစက်ရောဂါ တိုက်ဖျတ်ရေး တုံ့ပြန်ချက်တွေမှာ စစ်ရေးဆိုင်ရာဝါဒတွေ ပါဝင်နေပြီး ညှင်းပမ်းနှိပ်စက်ခြင်း၊ တရားမဝင်သတ်ဖြတ်ခြင်းနဲ့ ဥပဒေမဲ့ ငွေအတင်းအကြပ်တောင်းယူခြင်းတွေကို လူ့အခွင့်အရေးစည်းမျည်းစည်းကမ်းများနဲ့ ဆန့်ကျင်ပြီး ကျယ်ကျယ် ပြန့်ပြန့် လုပ်ဆောင်နေကြောင်း ပြောကြားခဲ့ပါတယ်။


ဗင်နီဇွဲလားနိုင်ငံဟာ ပြီးခဲ့တဲ့ မတ်လအတည်းက လော့ဒေါင်းကန့်သတ်ချက် ကြေညာခဲ့ပြီး နေထိုင်သူတွေရဲ့ အသွားအလာတွေ ကန့်သတ်ဖို့နဲ့ နှာခေါင်းစွပ်ဝတ်ဆင်ခြင်းကို တွန်းအားပေးဖို့အတွက် နိုင်ငံတစ်ဝန်းလုံးမှာ စစ်ဆေးရေးဂိတ်တွေ ထားရှိခဲ့ကာ ညမထွက်ရအမိန့် ပြဌာန်းခဲ့တယ်လို့ သိရပါတယ်။ ဗင်နီဇွဲလားနိုင်ငံဟာ အခုဆိုရင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်လူနာ ၂၄၁၆၆ ဦး၊ သေဆုံးသူ ၂၀၈ ဦးထိ ရှိလာခဲ့ပြီ ဖြစ်တယ်လို့ တရား ဝင်ဖော်ပြထားတဲ့ သတင်းတွေအရ သိရပါတယ်။


Credit Original

Post a Comment

Previous Post Next Post