(Unicode)

ဓာတ်ခွဲအတည် ပြု လူနာဟောင်း (old confirmed case) များ၏ ဓာတ်ခွဲနမူနာ စစ်ဆေးမှုတွင် (၂) ကြိမ်ဆက်တိုက် ပိုးမတွေ့ ရှိသူ (၂)ဦး (Case- 347 နှင့် 376) ရှိသဖြင့် ယနေ့ အထိ ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း (၃၅၄) ဦးရှိပါသည်။ ၎င်းတို့အနက် (၃၄၇) ဦးအား ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ်နေရာများတွင် အသွား အလာ ဆက်လက်ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိပါသည်။

ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ (၆)ဦး ရှိပါသည်။ (၃၀-၈-၂၀၂၀) ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီမှ (၃၁-၈-၂၀၂၀)ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအတွင်း တွေ့ရှိရသော စောင့်ကြည့်လူနာအသစ် (၆၁) ဦးရှိပါသည်။ ဓာတ်ခွဲစစ်ဆေးမှုများပြီးစီးချိန်နှင့် သတင်း ထုတ်ပြန်ချိန်အကြား အချိန်တိုတောင်းခြင်းကြောင့် ဓာတ်ခွဲအတည်ပြုလူနာသစ်များ၏ သတင်းအချက်အလက်များကို ပြုစုလျက်ရှိပြီး။

ပြုစုပြီးစီးပြီးနောက်မှသာ ထပ်မံထုတ်ပြန်မည်ဖြစ်ပါသည်။(၃၁-၈-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် အ မျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမအသုတ်) ဓာတ်ခွဲ နမူနာ (၉၃၂) ခု၊ ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ (၂၁၈) ခု၊ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) မှ ဓာတ်ခွဲနမူနာ (၆၄) ခု၊



ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) မှ ဓာတ်ခွဲနမူနာ (၂၅၆) ခု၊ ပြည်သူ့ဆေးရုံကြီး၊ စစ်တွေမြို့မှ ဓာတ်ခွဲနမူနာ (၁၂၃) ခု၊ပြည်သူ့ဆေးရုံကြီး၊ ကျောက်ဖြူမြို့မှ ဓာတ်ခွဲနမူနာ (၂၈) ခု၊ နေပြည်တော် ပြည်သူ့ဆေးရုံကြီး ခုတင် (၁၀၀၀)မှ ဓာတ်ခွဲနမူနာ (၁၂) ခု၊ ပြည်သူ့ဆေးရုံကြီး၊ မူဆယ်မြို့မှ ဓာတ်ခွဲနမူနာ (၁) ခု၊ ပြည်သူ့ဆေးရုံကြီး၊ လွိုင်ကော်မြို့မှ ဓာတ်ခွဲနမူနာ (၁) ခုနှင့်

ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော်ဆေးရုံကြီး ခုတင် (၁,၀၀၀) မှ ဓာတ်ခွဲနမူနာ (၁၀၆) ခု၊ စုစုပေါင်း (၁,၇၄၁) ခု အား ယနေ့၊ ညနေတွင် စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၉၅) ဦး တွေ့ရှိရပါသည်။ (၃၁-၈-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီအ ထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၈၈၂) ဦးရှိပြီ ဖြစ်ပါသည်။

REF: MINISTRY OF HEALTH

(Zawgyi)


ဓာတ္ခြဲအတည္ ျပဳ လူနာေဟာင္း (old confirmed case) မ်ား၏ ဓာတ္ခြဲနမူနာ စစ္ေဆးမႈတြင္ (၂) ႀကိမ္ဆက္တိုက္ ပိုးမေတြ႕ ရွိသူ (၂)ဦး (Case- 347 ႏွင့္ 376) ရွိသျဖင့္ ယေန႔ အထိ ေရာဂါပိုးကင္းစင္လာသူ စုစုေပါင္း (၃၅၄) ဦးရွိပါသည္။ ၎တို႔အနက္ (၃၄၇) ဦးအား ေဆး႐ုံမွ ဆင္းခြင့္ျပဳခဲ့ၿပီးျဖစ္ကာ သတ္မွတ္ေနရာမ်ားတြင္ အသြား အလာ ဆက္လက္ကန႔္သတ္၍ ေစာင့္ၾကပ္ၾကည့္ရႈလ်က္ရွိပါသည္။

ဓာတ္ခြဲအတည္ျပဳလူနာမ်ားအနက္ ေသဆုံးသူ (၆)ဦး ရွိပါသည္။ (၃၀-၈-၂၀၂၀) ရက္ေန႔၊ ေန႔လယ္ (၁၂:၀၀) နာရီမွ (၃၁-၈-၂၀၂၀)ရက္ေန႔၊ ေန႔လယ္ (၁၂:၀၀) နာရီအတြင္း ေတြ႕ရွိရေသာ ေစာင့္ၾကည့္လူနာအသစ္ (၆၁) ဦးရွိပါသည္။ ဓာတ္ခြဲစစ္ေဆးမႈမ်ားၿပီးစီးခ်ိန္ႏွင့္ သတင္း ထုတ္ျပန္ခ်ိန္အၾကား အခ်ိန္တိုေတာင္းျခင္းေၾကာင့္ ဓာတ္ခြဲအတည္ျပဳလူနာသစ္မ်ား၏ သတင္းအခ်က္အလက္မ်ားကို ျပဳစုလ်က္ရွိၿပီး။

ျပဳစုၿပီးစီးၿပီးေနာက္မွသာ ထပ္မံထုတ္ျပန္မည္ျဖစ္ပါသည္။(၃၁-၈-၂၀၂၀) ရက္ေန႔အတြက္ COVID-19 ေရာဂါ ဓာတ္ခြဲစစ္ေဆးရာတြင္ အ မ်ိဳးသားက်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာန (ရန္ကုန္) (NHL) မွ (ပထမအသုတ္) ဓာတ္ခြဲ နမူနာ (၉၃၂) ခု၊ ေဆးသုေတသနဦးစီးဌာန (DMR)မွ ဓာတ္ခြဲနမူနာ (၂၁၈) ခု၊ျပည္သူ႔က်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာန (မႏၲေလး) မွ ဓာတ္ခြဲနမူနာ (၆၄) ခု၊


ျပည္သူ႔က်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာန (ေမာ္လၿမိဳင္) မွ ဓာတ္ခြဲနမူနာ (၂၅၆) ခု၊ ျပည္သူ႔ေဆး႐ုံႀကီး၊ စစ္ေတြၿမိဳ႕မွ ဓာတ္ခြဲနမူနာ (၁၂၃) ခု၊ျပည္သူ႔ေဆး႐ုံႀကီး၊ ေက်ာက္ျဖဴၿမိဳ႕မွ ဓာတ္ခြဲနမူနာ (၂၈) ခု၊ ေနျပည္ေတာ္ ျပည္သူ႔ေဆး႐ုံႀကီး ခုတင္ (၁၀၀၀)မွ ဓာတ္ခြဲနမူနာ (၁၂) ခု၊ ျပည္သူ႔ေဆး႐ုံႀကီး၊ မူဆယ္ၿမိဳ႕မွ ဓာတ္ခြဲနမူနာ (၁) ခု၊ ျပည္သူ႔ေဆး႐ုံႀကီး၊ လြိဳင္ေကာ္ၿမိဳ႕မွ ဓာတ္ခြဲနမူနာ (၁) ခုႏွင့္

ရန္ကုန္ၿမိဳ႕၊ အမွတ္ (၁) တပ္မေတာ္ေဆး႐ုံႀကီး ခုတင္ (၁,၀၀၀) မွ ဓာတ္ခြဲနမူနာ (၁၀၆) ခု၊ စုစုေပါင္း (၁,၇၄၁) ခု အား ယေန႔၊ ညေနတြင္ စစ္ေဆးၿပီးစီးခဲ့ရာ COVID-19 ေရာဂါ ဓာတ္ခြဲအတည္ျပဳလူနာသစ္ (၉၅) ဦး ေတြ႕ရွိရပါသည္။ (၃၁-၈-၂၀၂၀) ရက္ေန႔၊ ည (၈:၀၀)နာရီအ ထိ ျမန္မာႏိုင္ငံတြင္ COVID-19 ေရာဂါဓာတ္ခြဲ အတည္ျပဳလူနာ (၈၈၂) ဦးရွိၿပီ ျဖစ္ပါသည္။

REF: MINISTRY OF HEALTH

Post a Comment

Previous Post Next Post