(Unicode)


ရောဂါပိုးတွေ့ရှိခဲ့တဲ့အေးခဲ ပင်လယ်စာတွေကိုကိုင်တွယ်ခဲ့သူတိုင်း ရောဂါပိုးစစ်ဆေးမှုခံယူခဲ့ရပြီး Negative သာထွက်ခဲ့ပေမယ့် သီးသန့်ခွဲ ခြားစောင့်ကြည့်ထားတယ်လို့ သိရပါတယ်။ကုမ္ပဏီသုံးခုကဝယ်ယူခဲ့တဲ့ ပင်လယ်စာတချို့ဟာ ပို့ကုန်အဖြစ် လုပ်ဆောင်ပြီးသား ဖြစ်နေပေ မယ့် အအေးခန်းထဲက ကျန်တဲ့ပင်လယ်စာတွေကတော့ ဈေးကွက်ထဲမရောက်သေးဘူးလို့ Yantai မြို့အာဏာပိုင်တွေက ဆိုပါတယ်။

ပို့ကုန်အဖြစ်လုပ်ဆောင်ပြီးသားပင်လယ်စာတွေကို တင်ပို့လိုက်ပြီလားဆိုတာကိုတော့ တာဝန်ရှိသူတွေက ဖြေကြားခဲ့ခြင်းမရှိပါဘူး။ တ ရုတ်နိုင်ငံ Liaoning ပြည်နယ် Dalian မြို့ကရောက်ရှိလာတဲ့ အေးခဲထားတဲ့ပြည်ပသွင်းကုန်ပင်လယ်စာတွေရဲ့ ပါကင်ပေါ်မှာ Corona virus ရောဂါပိုးတွေ့ရှိခဲ့တယ်လို့ သြဂုတ်လ ၁၁ ရက်မှာ ဒေသခံအာဏာပိုင်တွေက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။



Shandong ပြည်နယ် Yantai မြို့မှာ ကုမ္ပဏီသုံးခုက ဝယ်ယူခဲ့တဲ့ပင်လယ်စာတွေရဲ့ အပြင်ဘက်ပါကင်မှာ ရောဂါပိုးတွေ့ရှိခဲ့တာပါ။ Yan tai မြို့ခံအာဏာပိုင်တွေက Dalian မြို့က ရောက်ရှိလာတဲ့ပင်လယ်စာတွေလို့သာပြောပြီး ဘယ်ပြည်ပနိုင်ငံက တင်သွင်းထားတာလဲ ဆို တာတော့ ထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိပါဘူး။

ပြီးခဲ့တဲ့ဇူလိုင်လတုန်းကလည်း Dalian မြို့အကောက်ခွန်အရာရှိတွေက အီကွေဒေါက တင်သွင်းလာတဲ့ အေးခဲထားတဲ့ ပုစွန်ဆိတ်ပါကင် တွေမှာ ရောဂါပိုးတွေ့ရှိတာကြောင့် အီကွေဒေါပုစွန်ဆိတ်ထုတ်လုပ်သူသုံးဦးဆီက သွင်းကုန်တွေကို တားမြစ်ခဲ့ပါတယ်။


Ref: Straits Times


(Zawgyi)

ေရာဂါပိုးေတြ႕ရွိခဲ့တဲ့ေအးခဲ ပင္လယ္စာေတြကိုကိုင္တြယ္ခဲ့သူတိုင္း ေရာဂါပိုးစစ္ေဆးမႈခံယူခဲ့ရၿပီး Negative သာထြက္ခဲ့ေပမယ့္ သီးသန႔္ခြဲ ျခားေစာင့္ၾကည့္ထားတယ္လို႔ သိရပါတယ္။ကုမၸဏီသုံးခုကဝယ္ယူခဲ့တဲ့ ပင္လယ္စာတခ်ိဳ႕ဟာ ပို႔ကုန္အျဖစ္ လုပ္ေဆာင္ၿပီးသား ျဖစ္ေနေပ မယ့္ အေအးခန္းထဲက က်န္တဲ့ပင္လယ္စာေတြကေတာ့ ေစ်းကြက္ထဲမေရာက္ေသးဘူးလို႔ Yantai ၿမိဳ႕အာဏာပိုင္ေတြက ဆိုပါတယ္။

ပို႔ကုန္အျဖစ္လုပ္ေဆာင္ၿပီးသားပင္လယ္စာေတြကို တင္ပို႔လိုက္ၿပီလားဆိုတာကိုေတာ့ တာဝန္ရွိသူေတြက ေျဖၾကားခဲ့ျခင္းမရွိပါဘူး။ တ ႐ုတ္ႏိုင္ငံ Liaoning ျပည္နယ္ Dalian ၿမိဳ႕ကေရာက္ရွိလာတဲ့ ေအးခဲထားတဲ့ျပည္ပသြင္းကုန္ပင္လယ္စာေတြရဲ႕ ပါကင္ေပၚမွာ Corona virus ေရာဂါပိုးေတြ႕ရွိခဲ့တယ္လို႔ ၾသဂုတ္လ ၁၁ ရက္မွာ ေဒသခံအာဏာပိုင္ေတြက ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။

Shandong ျပည္နယ္ Yantai ၿမိဳ႕မွာ ကုမၸဏီသုံးခုက ဝယ္ယူခဲ့တဲ့ပင္လယ္စာေတြရဲ႕ အျပင္ဘက္ပါကင္မွာ ေရာဂါပိုးေတြ႕ရွိခဲ့တာပါ။ Yan tai ၿမိဳ႕ခံအာဏာပိုင္ေတြက Dalian ၿမိဳ႕က ေရာက္ရွိလာတဲ့ပင္လယ္စာေတြလို႔သာေျပာၿပီး ဘယ္ျပည္ပႏိုင္ငံက တင္သြင္းထားတာလဲ ဆို တာေတာ့ ထုတ္ေဖာ္ေျပာဆိုခဲ့ျခင္းမရွိပါဘူး။

ၿပီးခဲ့တဲ့ဇူလိုင္လတုန္းကလည္း Dalian ၿမိဳ႕အေကာက္ခြန္အရာရွိေတြက အီေကြေဒါက တင္သြင္းလာတဲ့ ေအးခဲထားတဲ့ ပုစြန္ဆိတ္ပါကင္ ေတြမွာ ေရာဂါပိုးေတြ႕ရွိတာေၾကာင့္ အီေကြေဒါပုစြန္ဆိတ္ထုတ္လုပ္သူသုံးဦးဆီက သြင္းကုန္ေတြကို တားျမစ္ခဲ့ပါတယ္။


Ref: Straits Times

Post a Comment

Previous Post Next Post