(Unicode)


9:57 am, 20-8-2020 ဒီနေ့မနက်အတွက် ထပ်မံစစ်ဆေး ၆၅၉ ဦးဖြစ်ပါတယ်ပိုးတွေ့လူနာသစ် ၂ ဦး ရှိပါတယ်ဒီနှစ်ဦးလုံးဟာ စစ်တွေကဖြစ်ပါတယ် အခုဆို စစ်တွေက ၆ ယောက်ရှိနေပါပြီတစ်ယောက်က ကျန်းမာရေးဝန်ထမ်းဖြစ်နေတာကို တွေ့ရပါတယ် သူကတော့ Q ထားတဲ့သူ ဖြစ်ပါတယ် ဒါ့ကြောင့်ကျန်းမာရေးဝန်ထမ်းတွေ အထူးသတိပြုကြဖို့ အသိပေးလိုပါတယ်နောက်တစ်ယောက်ကတော့ သံသယလက္ခဏာ ရှိနေတဲ့ စောင့်ကြည့်လူနာထဲက ဖြစ်ပါတယ်ဒါ့ကြောင့် လက်ရှိအချိန်အထိ ပိုးတွေ့လူနာ ၃၉၆ ဦး ရှိနေပါတယ်ပြန်ကောင်းတာက ၃၃၃ ဦး ရှိနေပါတယ် ဒါဟာရောဂါပိုးတွေ့ရှိသူတွေရဲ့ ၈၄ % ပြန်ကောင်းတာဖြစ်ပါတယ်ဒီနေ့ (၁၉-၈-၂၀၂၀) အတွက် စစ်ဆေးတာ စုစုပေါင်း ၁,၆၆၄ ဦးရှိပြီး ပိုးတွေ့လူနာ စုစုပေါင်း ၁၇ ဦးရှိတာကို အားလုံးသိစေချင်ပါတယ်ရခိုင်ပြည်နယ်အတွက် အထူးစစ်ဆေးဖို့ Gene expert စက်တွေလဲ ပေးပို့ထားပြီး တပြိုင်နက်စစ်ဆေးနေတာကိုလဲ အသိပေးလိုပါတယ်အရာရာမှာ အမြဲတမ်း သတိ အသိကပ်ဖို့ လိုပါတယ် သတိဆိုတာပိုတယ်မရှိပါ။





ဒါ့ကြောင့် Mask တပ်ဖို့ မပျင်းပါနဲ့ Face shield တစ်ခုပဲတပ်တာဟာ ကာကွယ်မှု နည်းလွန်းပါတယ်ဆိုတာလဲ သတိပြုမိစေချင်ပါတယ် နှစ်ခုလုံးတပ်တာကတော့အကောင်းဆုံးပါလက်ဆေးပါ ရေနဲ့ဆပ်ပြာသုံးပြီး အနည်းဆုံး စက္ကန့် ၂၀ မှ ၄၀ ထိ ကြာအောင်ဆေးပါဖြစ်နိုင်သမျှ လူတွေကြားထဲ မသွားပါနဲ့တစ်ယောက်နဲ့တစ်ယောက် ၆ ပေခွာပါယမန်နေ့ညကထွက်တဲ့ ပိုးတွေ့လူနာ ၁၅ ယောက်လုံး ရောဂါလက္ခဏာ မပြတာကို တွေ့ရပါတယ်ဒါဟာ သိပ်ကိုအရေးကြီးပါတယ် ရောဂါလက္ခဏာ မပြပဲ ရောဂါရှိသူတွေ ကိုယ့်ပတ်ဝန်းကျင်မှာ ရှိနေနိုင်တာမို့ အန္တရာယ်က လက်တကမ်းမှာပါ



နောက်တခု အရေးကြီးတာ တစ်ခုက ကမ္ဘာမှာကူးစက်မှု အလွန်မြန်ဆန်တဲ့ ကိုဗစ်ပိုးသန္ဓေပြောင်း D614G ရှိနေပြီး မြန်မာနိုင်ငံမှာလဲ သန္ဓေပြောင်းပိုး ရှိနေပြီဆိုတဲ့အကြောင်း အသိပေးပါရစေပြီးတော့ ဒီရောဂါဟာ ခုန်ကျော်ကူးတတ်ပါတယ် ပြောလိုတာက ရောဂါပိုးတွေ့သူကနေတစ်ဆင့် ထိတွေ့သူ (primary contact) ကို တိုက်ရိုက်ကူးစက်တာမဟုတ်ပဲ ထိတွေ့သူရဲ့ မိသားစုဝင်တွေ (secondary contact) ကို ကူးစက်တာကို တွေ့လာရပါပြီ ဒါဟာလဲ အထူး ဂရုပြုစရာ ဖြစ်ပါတယ်ဒါ့ကြောင့် သင်ရော ဒီအန္တရာယ်ကို လက်သင့်ခံချင်ပါသလား မခံချင်ဘူးလား ဒါဟာသင့်ရွေးချယ်မှု ဆိုပေမဲ့ သင်တစ်ယောက်ထဲ ခံစားရမှာမဟုတ်ပဲ သင့်မိဘတွေ သင့်ပတ်ဝန်းကျင်က ကိုယ့်နိုင်ငံသားတွေကို ကူးစက်စေနိုင်တာမို့ လူသားတစ်ယောက်အနေနဲ့ လုပ်သင့်လား မလုပ်သင့်ဘူးလား သိနိုင်ပါလိမ့်မယ်

Credit Dr Khin Khin Gyi


(Zawgyi)


9:57 am, 20-8-2020 ဒီေန႔မနက္အတြက္ ထပ္မံစစ္ေဆး ၆၅၉ ဦးျဖစ္ပါတယ္ပိုးေတြ႕လူနာသစ္ ၂ ဦး ရွိပါတယ္ဒီႏွစ္ဦးလုံးဟာ စစ္ေတြကျဖစ္ပါတယ္ အခုဆို စစ္ေတြက ၆ ေယာက္ရွိေနပါၿပီတစ္ေယာက္က က်န္းမာေရးဝန္ထမ္းျဖစ္ေနတာကို ေတြ႕ရပါတယ္ သူကေတာ့ Q ထားတဲ့သူ ျဖစ္ပါတယ္ ဒါ့ေၾကာင့္က်န္းမာေရးဝန္ထမ္းေတြ အထူးသတိျပဳၾကဖို႔ အသိေပးလိုပါတယ္ေနာက္တစ္ေယာက္ကေတာ့ သံသယလကၡဏာ ရွိေနတဲ့ ေစာင့္ၾကည့္လူနာထဲက ျဖစ္ပါတယ္ဒါ့ေၾကာင့္ လက္ရွိအခ်ိန္အထိ ပိုးေတြ႕လူနာ ၃၉၆ ဦး ရွိေနပါတယ္ျပန္ေကာင္းတာက ၃၃၃ ဦး ရွိေနပါတယ္ ဒါဟာေရာဂါပိုးေတြ႕ရွိသူေတြရဲ႕ ၈၄ % ျပန္ေကာင္းတာျဖစ္ပါတယ္ဒီေန႔ (၁၉-၈-၂၀၂၀) အတြက္ စစ္ေဆးတာ စုစုေပါင္း ၁,၆၆၄ ဦးရွိၿပီး ပိုးေတြ႕လူနာ စုစုေပါင္း ၁၇ ဦးရွိတာကို အားလုံးသိေစခ်င္ပါတယ္ရခိုင္ျပည္နယ္အတြက္ အထူးစစ္ေဆးဖို႔ Gene expert စက္ေတြလဲ ေပးပို႔ထားၿပီး တၿပိဳင္နက္စစ္ေဆးေနတာကိုလဲ အသိေပးလိုပါတယ္အရာရာမွာ အၿမဲတမ္း သတိ အသိကပ္ဖို႔ လိုပါတယ္ သတိဆိုတာပိုတယ္မရွိပါ။




ဒါ့ေၾကာင့္ Mask တပ္ဖို႔ မပ်င္းပါနဲ႔ Face shield တစ္ခုပဲတပ္တာဟာ ကာကြယ္မႈ နည္းလြန္းပါတယ္ဆိုတာလဲ သတိျပဳမိေစခ်င္ပါတယ္ ႏွစ္ခုလုံးတပ္တာကေတာ့အေကာင္းဆုံးပါလက္ေဆးပါ ေရနဲ႔ဆပ္ျပာသုံးၿပီး အနည္းဆုံး စကၠန႔္ ၂၀ မွ ၄၀ ထိ ၾကာေအာင္ေဆးပါျဖစ္ႏိုင္သမွ် လူေတြၾကားထဲ မသြားပါနဲ႔တစ္ေယာက္နဲ႔တစ္ေယာက္ ၆ ေပခြာပါယမန္ေန႔ညကထြက္တဲ့ ပိုးေတြ႕လူနာ ၁၅ ေယာက္လုံး ေရာဂါလကၡဏာ မျပတာကို ေတြ႕ရပါတယ္ဒါဟာ သိပ္ကိုအေရးႀကီးပါတယ္ ေရာဂါလကၡဏာ မျပပဲ ေရာဂါရွိသူေတြ ကိုယ့္ပတ္ဝန္းက်င္မွာ ရွိေနႏိုင္တာမို႔ အႏၲရာယ္က လက္တကမ္းမွာပါ



​ေနာက္တခု အေရးႀကီးတာ တစ္ခုက ကမာၻမွာကူးစက္မႈ အလြန္ျမန္ဆန္တဲ့ ကိုဗစ္ပိုးသေႏၶေျပာင္း D614G ရွိေနၿပီး ျမန္မာႏိုင္ငံမွာလဲ သေႏၶေျပာင္းပိုး ရွိေနၿပီဆိုတဲ့အေၾကာင္း အသိေပးပါရေစၿပီးေတာ့ ဒီေရာဂါဟာ ခုန္ေက်ာ္ကူးတတ္ပါတယ္ ေျပာလိုတာက ေရာဂါပိုးေတြ႕သူကေနတစ္ဆင့္ ထိေတြ႕သူ (primary contact) ကို တိုက္႐ိုက္ကူးစက္တာမဟုတ္ပဲ ထိေတြ႕သူရဲ႕ မိသားစုဝင္ေတြ (secondary contact) ကို ကူးစက္တာကို ေတြ႕လာရပါၿပီ ဒါဟာလဲ အထူး ဂ႐ုျပဳစရာ ျဖစ္ပါတယ္ဒါ့ေၾကာင့္ သင္ေရာ ဒီအႏၲရာယ္ကို လက္သင့္ခံခ်င္ပါသလား မခံခ်င္ဘူးလား ဒါဟာသင့္ေ႐ြးခ်ယ္မႈ ဆိုေပမဲ့ သင္တစ္ေယာက္ထဲ ခံစားရမွာမဟုတ္ပဲ သင့္မိဘေတြ သင့္ပတ္ဝန္းက်င္က ကိုယ့္ႏိုင္ငံသားေတြကို ကူးစက္ေစႏိုင္တာမို႔ လူသားတစ္ေယာက္အေနနဲ႔ လုပ္သင့္လား မလုပ္သင့္ဘူးလား သိႏိုင္ပါလိမ့္မယ္

Credit Dr Khin Khin Gyi

Post a Comment

Previous Post Next Post