(Zawgyi)

လတ္တေလာ လူမႈကြန္ရက္မွာ ယုန္ေလးဖန္တီးပုံေဖာ္ထားတဲ့ “ငါတို႔အားလုံးရဲ႕ေျမ” သီခ်င္းဗြီဒီယိုေၾကာင့္ ပြဲဆူေနၾကတာကို ပရိသတ္ေတြလည္း သိရွိၿပီးျဖစ္မွာပါ။ ယုန္ေလးရဲ႕အႏုပညာဖန္တီးမႈကို ေထာက္ခံသူေတြရွိသလို ေဝဖန္သူေတြလည္း မ်ားေနတဲ့အျပင္ သီခ်င္းထဲမွာ ပါဝင္သီဆို၊ သ႐ုပ္ေဆာင္ထားတဲ့ အႏုပညာရွင္ေတြအကုန္လုံးပါ ေဝဖန္တိုက္ခိုက္ခံေနရတာပါ။


မေန႔ကေတာ့ ဒီသီခ်င္းေလးထဲမွာ ပါဝင္သီဆိုထားသူခ်မ္းခ်မ္းက ဒီသီခ်င္းပုံေဖာ္မႈနဲ႔ပတ္သက္ၿပီး ဘာမွမသိခဲ့တဲ့အေၾကာင္းကို မီဒီယာေတြမွာ ရွင္းလင္းေျပာၾကားခဲ့သလို ဒီေန႔ညေနမွာလည္း Facebook Live လႊင့္ကာ ပရိသတ္ေတြနဲ႔တိုက္႐ိုက္ေျဖရွင္းခဲ့ပါတယ္။ ဒါ့အျပင္ အခုတစ္ခါမွာေတာ့ အရာရာဟာ အခုရႈပ္မွေနာင္ရွင္းမို႔ဟုဆိုကာ ဒီသီခ်င္းကို ပုံေဖာ္ဖို႔ ပါဝင္သူအားလုံး Group Chat လုပ္ထားတဲ့ Screenshot ေတြကို သူ႔ရဲ႕လူမႈကြန္ရက္မွာ မွ်ေဝခဲ့ပါတယ္။


” ဒီပုံေတြဟာ…က်မတို႔အားလုံး စၿပီးသီခ်င္းသြင္းတဲ့ေန႔ကစၿပီးေျပာထားတဲ့ စာေတြ..ပုံေတြပါ..ဒါသက္ေသပါပဲ…ဘယ္သူ႔ကိုမွ ေစာ္ကားလိုျခင္းမရွိပါ…. အျဖစ္မွန္ကေတာ့ ဒါပါပဲ…တခါမွ ကိုယ္ေတြ အဆိုေတာ္ေတြနဲ႔ meeting မွာ mv ဇာတ္လမ္း႐ိုက္မယ့္အေၾကာင္းလည္းမေျပာခဲ့ပါ…ဒါေပမဲ့ အကို႔မွာေျပာလို႔မရတဲ့ေနာက္ကြယ္က အေၾကာင္းတရားေတြရွိတာကို အခုသိလိုက္ရလို႔ သနားသြားမိတယ္….. တကယ္စိတ္ရင္းပါ..အကို အေနရက်ပ္ေနတဲ့အေျခေနကို ညီမကမသိဘဲ အမွန္ေတြေျပာလိုက္တယ္ဆိုတာလည္း တကယ္မလုပ္ မဟုတ္ တဲ့အတြက္


တျခားသူေတြလည္း မထိခိုက္ေစခ်င္လို႔ပါ..ညမတို႔ အကို႔ကိုခြင့္လႊတ္ပါတယ္..ဒါေပမဲ့ အကို ဇာတ္လမ္းထည့္မယ္ဆိုတာကိုတခါမွ group chat မွာမေျပာခဲ့ဘူးတာေတာ့ အမွန္အတိုင္းေျပာေစခ်င္ပါတယ္…. ႐ိုက္ကူးေရးကဓာတ္ပုံေလးတပုံႏွစ္ပုံပို႔ေပးတာနဲ႔တဖြဲ႕လုးံကို ဇာတ္ၫႊန္းျပတိုင္ပင္ခဲ့တယ္ဆိုတာေတာ့နည္းနည္းမ်ားသလားလို႔ပါ….. edit မွာ႐ိုက္တုန္းကမပါတာေတြထပ္ထည့္တာေရာ…တျခားကဒ္ေတပါလာတာေတေၾကာင့္ ညီမတို႔ရွင္းရတာပါ.. အကိုညီမကိုမုန္းႏိုင္ပါတယ္….


ပရိသတ္ေတြလည္း မုန္းႏိုင္ပါတယ္..အရာရာဟာအခုရႈပ္မွေနာင္ရွင္းမွာမို႔လို႔ပါ… ဒီကိစၥနဲ႔ပတ္သက္လို႔ ဒါေနာက္ဆုးံပါပဲ..အမွန္တရားကအကို႔ဘက္မွာရွိပါေစ..အမုန္းခံထပ္ေျပာလိုက္ပါတယ္… အားလုးံနားလည္ႏိုင္ပါေစ” လို႔ေရးသားကာ စကားေျပာထားတဲ့ Group Chat ေတြကို မွ်ေဝေဖာ္ျပခဲ့တာပဲ ျဖစ္ပါတယ္ ပရိသတ္ႀကီးေရ

(Unicode)

လတ်တလော လူမှုကွန်ရက်မှာ ယုန်လေးဖန်တီးပုံဖော်ထားတဲ့ “ငါတို့အားလုံးရဲ့မြေ” သီချင်းဗွီဒီယိုကြောင့် ပွဲဆူနေကြတာကို ပရိသတ်တွေလည်း သိရှိပြီးဖြစ်မှာပါ။ ယုန်လေးရဲ့အနုပညာဖန်တီးမှုကို ထောက်ခံသူတွေရှိသလို ဝေဖန်သူတွေလည်း များနေတဲ့အပြင် သီချင်းထဲမှာ ပါဝင်သီဆို၊ သရုပ်ဆောင်ထားတဲ့ အနုပညာရှင်တွေအကုန်လုံးပါ ဝေဖန်တိုက်ခိုက်ခံနေရတာပါ။


မနေ့ကတော့ ဒီသီချင်းလေးထဲမှာ ပါဝင်သီဆိုထားသူချမ်းချမ်းက ဒီသီချင်းပုံဖော်မှုနဲ့ပတ်သက်ပြီး ဘာမှမသိခဲ့တဲ့အကြောင်းကို မီဒီယာတွေမှာ ရှင်းလင်းပြောကြားခဲ့သလို ဒီနေ့ညနေမှာလည်း Facebook Live လွှင့်ကာ ပရိသတ်တွေနဲ့တိုက်ရိုက်ဖြေရှင်းခဲ့ပါတယ်။ ဒါ့အပြင် အခုတစ်ခါမှာတော့ အရာရာဟာ အခုရှုပ်မှနောင်ရှင်းမို့ဟုဆိုကာ ဒီသီချင်းကို ပုံဖော်ဖို့ ပါဝင်သူအားလုံး Group Chat လုပ်ထားတဲ့ Screenshot တွေကို သူ့ရဲ့လူမှုကွန်ရက်မှာ မျှဝေခဲ့ပါတယ်။



” ဒီပုံတွေဟာ…ကျမတို့အားလုံး စပြီးသီချင်းသွင်းတဲ့နေ့ကစပြီးပြောထားတဲ့ စာတွေ..ပုံတွေပါ..ဒါသက်သေပါပဲ…ဘယ်သူ့ကိုမှ စော်ကားလိုခြင်းမရှိပါ…. အဖြစ်မှန်ကတော့ ဒါပါပဲ…တခါမှ ကိုယ်တွေ အဆိုတော်တွေနဲ့ meeting မှာ mv ဇာတ်လမ်းရိုက်မယ့်အကြောင်းလည်းမပြောခဲ့ပါ…ဒါပေမဲ့ အကို့မှာပြောလို့မရတဲ့နောက်ကွယ်က အကြောင်းတရားတွေရှိတာကို အခုသိလိုက်ရလို့ သနားသွားမိတယ်….. တကယ်စိတ်ရင်းပါ..အကို အနေရကျပ်နေတဲ့အခြေနေကို ညီမကမသိဘဲ အမှန်တွေပြောလိုက်တယ်ဆိုတာလည်း တကယ်မလုပ် မဟုတ် တဲ့အတွက်


တခြားသူတွေလည်း မထိခိုက်စေချင်လို့ပါ..ညမတို့ အကို့ကိုခွင့်လွှတ်ပါတယ်..ဒါပေမဲ့ အကို ဇာတ်လမ်းထည့်မယ်ဆိုတာကိုတခါမှ group chat မှာမပြောခဲ့ဘူးတာတော့ အမှန်အတိုင်းပြောစေချင်ပါတယ်…. ရိုက်ကူးရေးကဓာတ်ပုံလေးတပုံနှစ်ပုံပို့ပေးတာနဲ့တဖွဲ့လုးံကို ဇာတ်ညွှန်းပြတိုင်ပင်ခဲ့တယ်ဆိုတာတော့နည်းနည်းများသလားလို့ပါ….. edit မှာရိုက်တုန်းကမပါတာတွေထပ်ထည့်တာရော…တခြားကဒ်တေပါလာတာတေကြောင့် ညီမတို့ရှင်းရတာပါ.. အကိုညီမကိုမုန်းနိုင်ပါတယ်….


ပရိသတ်တွေလည်း မုန်းနိုင်ပါတယ်..အရာရာဟာအခုရှုပ်မှနောင်ရှင်းမှာမို့လို့ပါ… ဒီကိစ္စနဲ့ပတ်သက်လို့ ဒါနောက်ဆုးံပါပဲ..အမှန်တရားကအကို့ဘက်မှာရှိပါစေ..အမုန်းခံထပ်ပြောလိုက်ပါတယ်… အားလုးံနားလည်နိုင်ပါစေ” လို့ရေးသားကာ စကားပြောထားတဲ့ Group Chat တွေကို မျှဝေဖော်ပြခဲ့တာပဲ ဖြစ်ပါတယ် ပရိသတ်ကြီးရေ..

Credit Original

Post a Comment

Previous Post Next Post