(Unicode)

ဧရာဝတီတိုင်းအတွင်းမှာ ကိုဗစ်-၁၉ ကပ်ဘေးကာလ ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေ မလိုက်နာဘဲ ဖွင့်နေတဲ့ KTV တွေကို ပြည်သူတွေတိုင်ကြားလာပါက ရှောင်တခင် စစ်ဆေးအရေးယူသွားမယ်လို့ ဧရာဝတီတိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။ရဲတပ်ဖွဲ့အနေနဲ့ ခရိုင်အလိုက် မြို့နယ်အလိုက် အဖွဲ့စုံ စစ်ဆေးဆောင်ရွက်နေပေမဲ့ ပြည်သူတွေအနေနဲ့လည်း ပူးပေါင်းဆောင်ရွက်ပေးစေချင်တာပါ။ဧရာဝတီတိုင်း ရဲတပ်ဖွဲ့မှူးရုံး ဒုတိယရဲမှူးကြီးထွန်းရွှေက “ကျနော်တို့ရဲတပ်ဖွဲ့တွေအနေနဲ့ အဖွဲ့စုံစစ်ဆေးနေပါတယ်။ ဒီကာလမှာက အားလုံးက စည်းကမ်းရှိဖို့ လိုအပ်ပါတယ်။ မပေါ့ဆစေချင်ဘူး။ KTV တွေအနေနဲ့လည်း စည်းကမ်းချက်ကို မလိုက်နာရင် အဖမ်းခံရမယ်၊ အရေးယူခံရမှာပါ။ ပြည်သူတွေကလည်း ဘယ်နေရာမှာ ဘယ် KTV က ဖွင့်နေတယ်သာ ပြောလိုက်ရင် ရှောင်တခင်စစ်ဆေးပြီး အရေးယူသွားပါမယ်” လို့ ပြောပါတယ်။



ပုသိမ်မြို့၊ အမှတ်- ၂ ရပ်ကွက်၊ မကျီးပင်တန်းလမ်းရှိ ဟိုက်ဆွိ KTV ကို ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေ မလိုက်နာဘဲဖွင့်လှစ်နေကြောင်း ပုသိမ်နယ်မြေရဲစခန်းမှူးကို အကြောင်းကြားခဲ့လို့ ရှောင်တခင်စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။ KTV အခန်းတွေကို ရဲနဲ့ ပူးပေါင်းအဖွဲ့က အတူစစ်ဆေးရာမှာ သီဆိုသူတွေ မတွေ့ရသလို အနှိပ်ခန်းတွေ ပြုလုပ်နေတာလည်းမတွေ့ရှိခဲ့ဘူးလို့ ဒုတိယရဲမှူးကြီးထွန်းရွှေက ပြောပါတယ်။“ပြည်သူတွေအနေနဲ့ တိုင်ကြားရာမှာ မသေချာဘဲ တိုင်ကြားရင် ရဲတပ်ဖွဲ့အနေနဲ့လည်း အလုပ်ရှုပ်ပါတယ်။ ဒါကြောင့် တကယ်ဖွင့်တယ်၊ တွေ့တယ်ဆို သေချာမှ တိုင်ကြားပေးပါ။ မသေချာရင် ဘာမှ အရေးယူလို့မရပါဘူး။”



ပုသိမ်မြို့ခံ တစ်ဦးကတော့ “ကျနော်တို့တော့ KTV တွေဖွင့်နေတာ တွေ့နေတာပဲ အများကြီး၊ အမုန်းခံပြီး မတိုင်ချင်တာလည်း ပါတယ်။ ဖွင့်နေတာ လူတိုင်းလည်း သိနေကြတော့ တိုင်နေလည်း မထူးဘူးလေ။ ရဲတပ်ဖွဲ့အနေနဲ့ ပြည်သူနဲ့ ပူးပေါင်းဆောင်ရွက်တာတော့ ကောင်းပါတယ်။ သူတို့ကိုယ်တိုင် စုံစမ်းဖော်ထုတ်နိုင်ရင် အကောင်းဆုံးပေါ့”လို့ ပြောပါတယ်။ပုသိမ်မြို့မှာ လက်ရှိမှာ KTV တွေကို ရှောင်တခင်စစ်ဆေးရာမှာ ပုသိမ်-မုံရွာ လမ်းဘေးမှာဖွင့်ထားတဲ့ 999 KTV တခုတည်းသာ စည်းကမ်းချက်နဲ့မညီလို့ ကူးစက်ရောဂါ ကာကွယ်နိမ်နှင်းရေးဥပဒေ ပုဒ်မ ၁၈ နဲ့ အရေးယူခံထားရတာ ရှိပါတယ်။

Credit DVB


(Zawgyi)


ဧရာဝတီတိုင္းအတြင္းမွာ ကိုဗစ္-၁၉ ကပ္ေဘးကာလ ထုတ္ျပန္ထားတဲ့ စည္းကမ္းခ်က္ေတြ မလိုက္နာဘဲ ဖြင့္ေနတဲ့ KTV ေတြကို ျပည္သူေတြတိုင္ၾကားလာပါက ေရွာင္တခင္ စစ္ေဆးအေရးယူသြားမယ္လို႔ ဧရာဝတီတိုင္းရဲတပ္ဖြဲ႕က ေျပာပါတယ္။ရဲတပ္ဖြဲ႕အေနနဲ႔ ခ႐ိုင္အလိုက္ ၿမိဳ႕နယ္အလိုက္ အဖြဲ႕စုံ စစ္ေဆးေဆာင္႐ြက္ေနေပမဲ့ ျပည္သူေတြအေနနဲ႔လည္း ပူးေပါင္းေဆာင္႐ြက္ေပးေစခ်င္တာပါ။ဧရာဝတီတိုင္း ရဲတပ္ဖြဲ႕မႉး႐ုံး ဒုတိယရဲမႉးႀကီးထြန္းေ႐ႊက “က်ေနာ္တို႔ရဲတပ္ဖြဲ႕ေတြအေနနဲ႔ အဖြဲ႕စုံစစ္ေဆးေနပါတယ္။ ဒီကာလမွာက အားလုံးက စည္းကမ္းရွိဖို႔ လိုအပ္ပါတယ္။ မေပါ့ဆေစခ်င္ဘူး။ KTV ေတြအေနနဲ႔လည္း စည္းကမ္းခ်က္ကို မလိုက္နာရင္ အဖမ္းခံရမယ္၊ အေရးယူခံရမွာပါ။ ျပည္သူေတြကလည္း ဘယ္ေနရာမွာ ဘယ္ KTV က ဖြင့္ေနတယ္သာ ေျပာလိုက္ရင္ ေရွာင္တခင္စစ္ေဆးၿပီး အေရးယူသြားပါမယ္” လို႔ ေျပာပါတယ္။





ပုသိမ္ၿမိဳ႕၊ အမွတ္- ၂ ရပ္ကြက္၊ မက်ီးပင္တန္းလမ္းရွိ ဟိုက္ဆြိ KTV ကို ထုတ္​ျပန္ထားတဲ့ စည္းကမ္းခ်က္ေတြ မလိုက္နာဘဲဖြင့္လွစ္ေနေၾကာင္း ပုသိမ္နယ္ေျမရဲစခန္းမႉးကို အေၾကာင္းၾကားခဲ့လို႔ ေရွာင္တခင္စစ္ေဆးခဲ့တယ္လို႔ ဆိုပါတယ္။ KTV အခန္းေတြကို ရဲနဲ႔ ပူးေပါင္းအဖြဲ႕က အတူစစ္ေဆးရာမွာ သီဆိုသူေတြ မေတြ႕ရသလို အႏွိပ္ခန္းေတြ ျပဳလုပ္ေနတာလည္းမေတြ႕ရွိခဲ့ဘူးလို႔ ဒုတိယရဲမႉးႀကီးထြန္းေ႐ႊက ေျပာပါတယ္။“ျပည္သူေတြအေနနဲ႔ တိုင္ၾကားရာမွာ မေသခ်ာဘဲ တိုင္ၾကားရင္ ရဲတပ္ဖြဲ႕အေနနဲ႔လည္း အလုပ္ရႈပ္ပါတယ္။ ဒါေၾကာင့္ တကယ္ဖြင့္တယ္၊ ေတြ႕တယ္ဆို ေသခ်ာမွ တိုင္ၾကားေပးပါ။ မေသခ်ာရင္ ဘာမွ အေရးယူလို႔မရပါဘူး။”

ပုသိမ္ၿမိဳ႕ခံ တစ္ဦးကေတာ့ “က်ေနာ္တို႔ေတာ့ KTV ေတြဖြင့္ေနတာ ေတြ႕ေနတာပဲ အမ်ားႀကီး၊ အမုန္းခံၿပီး မတိုင္ခ်င္တာလည္း ပါတယ္။ ဖြင့္ေနတာ လူတိုင္းလည္း သိေနၾကေတာ့ တိုင္ေနလည္း မထူးဘူးေလ။ ရဲတပ္ဖြဲ႕အေနနဲ႔ ျပည္သူနဲ႔ ပူးေပါင္းေဆာင္႐ြက္တာေတာ့ ေကာင္းပါတယ္။ သူတို႔ကိုယ္တိုင္ စုံစမ္းေဖာ္ထုတ္ႏိုင္ရင္ အေကာင္းဆုံးေပါ့”လို႔ ေျပာပါတယ္။ပုသိမ္ၿမိဳ႕မွာ လက္ရွိမွာ KTV ေတြကို ေရွာင္တခင္စစ္ေဆးရာမွာ ပုသိမ္-မုံ႐ြာ လမ္းေဘးမွာဖြင့္ထားတဲ့ 999 KTV တခုတည္းသာ စည္းကမ္းခ်က္နဲ႔မညီလို႔ ကူးစက္ေရာဂါ ကာကြယ္နိမ္ႏွင္းေရးဥပေဒ ပုဒ္မ ၁၈ နဲ႔ အေရးယူခံထားရတာ ရွိပါတယ္။

Credit DVB

Post a Comment

Previous Post Next Post