(Unicode)

စစ်တွေ အခြေအနေ (၂၂.၈.၂၀၂၀)

ဒီမနက်မှာ ၁၆ ယောက် ထပ်တွေ့ပါတယ်။ ဒါဟာ စိုးရိမ်ရတဲ့ အနေအထားပါ။ ကူးနေတဲ့ပိုးက ၁၀ ယောက်မှာ ၆ ယောက်က G614 ပါ။ စစ်တွေမှာ GeneXpert စက် ၂ လုံးရှိနေသလို Microbiologist တွေလဲ ရောက်နေပါပီ။ အများကြီးတော့ မစစ်နိုင်သေးပါဘူး။ လိုအပ်ရင် ရန်ကုန်ပို့ပီး စစ်ပါမယ်။

ဗဟိုက အထူးကျွမ်းကျင်သူ ဆရာကြီး ၃ ဦး ရခိုင်ကို ဆင်းပီး အနီးကပ် ကြီးကြပ်နေပါတယ်။ အချိန်နဲ့ တပြေးညီ ဆောင်ရွက်နေပါတယ်။ အစိုးရကလဲ ကူညီနိုင်တာတွေ အကုန်လုပ်ပေးနေပါတယ်။ ရန်ကုန်က သွားရောက် အားဖြည့်မယ့် ဆရာဝန်တွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေက ၂၄ ရက်နေ့ကနေစပီး စတင်တာဝန်ထမ်းဆောင်ကြမှာပါ။



Stay at Home နဲ့ မထိန်းနိုင်ရင် ဒုတိယအဆင့်အနေနဲ့ Lock Down ချဖို့ လူကြီးတွေ စဉ်းစားနေပါတယ်။ မြန်မာပြည်မှာ နေထိုင်ကြတဲ့ ပြည်ထောင်စုသားအားလုံး တက်ညီလက်ညီ ပါဝင်ကူညီကြပါ။ အငြင်းအခုံတွေ မလုပ်ပဲ အားပေးကြပါ။ အခုဖြစ်နေတာက ကျနော်တို့ တိုင်းပြည်ထဲက ဒေသတခုပဲ ဖြစ်လို့ စိတ်ဝမ်းမကွဲပဲ ပြည်ထောင်စုစိတ်ဓာတ်နဲ့ စည်းလုံးကြပါ။

ပြည်သူအားလုံး အပြင်သွားရင် Mask တပ်ပါ။ ခပ်ခွာခွာနေပါ။ လက်ဆေးပါ။ လိုင်းပေါ်မှာပဲ ကြောက်ပြနေလို့ မရပါဘူး။ အပြင်မှာ တကယ်လိုက်နာမှ ရပါမယ်။ မလိုက်နာရင်တော့ အားလုံးဒုက္ခရောက်ကုန်ကြမှာပါ။

ဒုတိယလှိုင်းက ပိုအရေးကြီးပါတယ်။ လက်ခုတ်တီးပေးတာထက် စည်းကမ်းအတိုင်း လိုက်နာနေထိုင်တာကို ဆရာဝန်တွေက ပိုကျေးဇူးတင်ပါတယ်။ အထူး ဂရုပြုနေထိုင်ကြပါ။ (Nay Thway)



ရခိုင်ပြည်နယ် စစ်တွေမြို.မှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့သူ ရုတ်တရက်တက်လာပြီး၊ တစ်နိုင်ငံလုံးမှာလည်း (၄၀၀) ကျော်အဆင့်ကို ရောက်သွားပါပြီ။ ရခိုင်နဲ့ နယ်စပ်ထိနေတဲ့ ဘင်္ဂလားဒေ့ရှ်အပါအဝင်၊ အိန္ဒိယမှာလည်း ဒီ ကူးစက်မူနဲ့ သေနှုန်းတွေက တဟုန်ထိုးတက်နေချိန်မှာ အခုအခြေအနေက ဘယ်လောက်ထိ စိုးရိမ်ရပြီး၊ ဘယ်လိုပြင်ဆင်မူတွေလုပ်ထားပါလဲ။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဒေါက်တာ မြင့်ထွေးရဲ့ ပြောကြားချက်တွေကို ဖော်ပြလိုက်ပါတယ်-

စိုးရိမ်ရတယ်လေ၊ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ Genomic Sequencing (ဗိုင်းရပ်စ် မျိုးရိုးဗီဇအချက်အလက် ရှာဖွေဖော်ထုတ်ခြင်း) လုပ်လိုက်တယ်လေ၊ ကျနော်တို့ အိန္ဒိယက ဝင်လာတဲ့ပိုးရယ် နောက်တရုတ်က ဝင်လာတဲ့ပိုးရယ် Genomic Sequencing လုပ်လိုက်တဲ့အခါမှာ (၁၀) ခု လုပ်တဲ့အထဲမှာ (၆) ခုက D614 Gene (မျိုးရိုးဗီဇ) မှာ၊ D614 က G ဖြစ် (G614) ဖြစ်သွားတယ်။ ဆိုတော့ ဒီကောင် (G614) ဖြစ်လို့ရှိရင် ကမ္ဘာမှာ သိတဲ့အတိုင်း infectivity (ကူးစက်နိုင်မူ) က ၁၀ ဆလောက်အထိကို တက်သွားတယ်လို့ ပြောတဲ့အပြင် Viral Load (ဗိုင်းရပ်စ်ပိုးအရေအတွက်) ကလည်း အရမ်းများလာနိုင်တယ်လေ။ ဘာကြောင့်လဲဆိုတော့ နည်းနည်းစိုးရိမ်တယ်ဆိုတာက ရခိုင်မှာက ခဏလေးအတွင်း တော်တော်များသွားတယ်။



အခု ရခိုင်ကို ကျနော်တို့ စစ်ဖို့ ပြောထားတယ်။ ရခိုင်မှာ ရှိတဲ့ COVID- 19 ဗိုင်းရပ်စ်ရဲ့ Genome Sequencing ကို လုပ်ဖို့ပြောထားတယ်။ ဘာကြောင့်လဲဆိုတော့ ခါတိုင်း ဒီဘက် ရန်ကုန်မှာဖြစ်တဲ့ ဒီ အင်းစိန်တို့ ဖြစ်တာတွေက သိပ်မများဘူး၊ နှေးတယ်ပေါ့ Infection (ပိုးဝင်မူ) ကလေ ၊ transmission (ပိုးကူးမူ) က နှေးတယ်။ ဆိုတော့ ရခိုင်က နည်းနည်းလေး မြန်တယ်ဆိုတော့ ကျနော်တို့ တော်တော် သတိထားနေတယ်။ အဲ့ဒါကြောင့်၊ ကျွန်တော်တို့ Stay Home.

အခု Stay Home (အိမ်မှာအဓိကနေတာ) နဲ့ နိုင်ရင်နိုင်၊ မရရင် ကျနော်တို့ လုပ်ရမယ်၊ Second Stage (ဒုတိယအဆင်) ပေါ့နော် ။ ဒါပေမယ့် ဒီအချိန်မှာ ကျနော်တို့ မလျှော့ဘူးခင်ဗျ။ နည်းနည်းတော်တော်ကို ကြမ်းကြမ်းပေါ့လေ၊ Aggressively ကျနော်တို့လုပ်ပါတယ်။



Mask (ပါးစပ်နဲ့နှာခေါင်းစည်း) တပ်ရမယ်၊ ဆေးရုံကဆရာဝန်တွေက Mask အပြင် Face shield (မျက်နှာကာ) ပါ တပ်ရမယ်၊ နောက် လက်ဆေးတာ။ ဒါတွေပဲ သိပ်ထွေထွေထူးထူးမဟုတ်ပါဘူး။ ဒီရောဂါ ကို ပြည်သူက လုပ်ချင်တယ်ဆိုရင် အကုန်ပြီးတယ်ဗျာ၊ Social Distancing လုပ်လျှင်၊ ကိုယ့်အိမ်ထဲမှာ ကိုယ်နေလျှင် ဒါက ဘာမှမဖြစ်ဘူး၊ လုံးဝမဖြစ်နိုင်ဘူး။


(Zawgyi)

စစ္ေတြ အေျခအေန (၂၂.၈.၂၀၂၀)

ဒီမနက္မွာ ၁၆ ေယာက္ ထပ္ေတြ႕ပါတယ္။ ဒါဟာ စိုးရိမ္ရတဲ့ အေနအထားပါ။ ကူးေနတဲ့ပိုးက ၁၀ ေယာက္မွာ ၆ ေယာက္က G614 ပါ။ စစ္ေတြမွာ GeneXpert စက္ ၂ လုံးရွိေနသလို Microbiologist ေတြလဲ ေရာက္ေနပါပီ။ အမ်ားႀကီးေတာ့ မစစ္ႏိုင္ေသးပါဘူး။ လိုအပ္ရင္ ရန္ကုန္ပို႔ပီး စစ္ပါမယ္။

ဗဟိုက အထူးကြၽမ္းက်င္သူ ဆရာႀကီး ၃ ဦး ရခိုင္ကို ဆင္းပီး အနီးကပ္ ႀကီးၾကပ္ေနပါတယ္။ အခ်ိန္နဲ႔ တေျပးညီ ေဆာင္႐ြက္ေနပါတယ္။ အစိုးရကလဲ ကူညီႏိုင္တာေတြ အကုန္လုပ္ေပးေနပါတယ္။ ရန္ကုန္က သြားေရာက္ အားျဖည့္မယ့္ ဆရာဝန္ေတြနဲ႔ က်န္းမာေရးဝန္ထမ္းေတြက ၂၄ ရက္ေန႔ကေနစပီး စတင္တာဝန္ထမ္းေဆာင္ၾကမွာပါ။



Stay at Home နဲ႔ မထိန္းႏိုင္ရင္ ဒုတိယအဆင့္အေနနဲ႔ Lock Down ခ်ဖို႔ လူႀကီးေတြ စဥ္းစားေနပါတယ္။ ျမန္မာျပည္မွာ ေနထိုင္ၾကတဲ့ ျပည္ေထာင္စုသားအားလုံး တက္ညီလက္ညီ ပါဝင္ကူညီၾကပါ။ အျငင္းအခုံေတြ မလုပ္ပဲ အားေပးၾကပါ။ အခုျဖစ္ေနတာက က်ေနာ္တို႔ တိုင္းျပည္ထဲက ေဒသတခုပဲ ျဖစ္လို႔ စိတ္ဝမ္းမကြဲပဲ ျပည္ေထာင္စုစိတ္ဓာတ္နဲ႔ စည္းလုံးၾကပါ။

ျပည္သူအားလုံး အျပင္သြားရင္ Mask တပ္ပါ။ ခပ္ခြာခြာေနပါ။ လက္ေဆးပါ။ လိုင္းေပၚမွာပဲ ေၾကာက္ျပေနလို႔ မရပါဘူး။ အျပင္မွာ တကယ္လိုက္နာမွ ရပါမယ္။ မလိုက္နာရင္ေတာ့ အားလုံးဒုကၡေရာက္ကုန္ၾကမွာပါ။

ဒုတိယလႈိင္းက ပိုအေရးႀကီးပါတယ္။ လက္ခုတ္တီးေပးတာထက္ စည္းကမ္းအတိုင္း လိုက္နာေနထိုင္တာကို ဆရာဝန္ေတြက ပိုေက်းဇူးတင္ပါတယ္။ အထူး ဂ႐ုျပဳေနထိုင္ၾကပါ။ (Nay Thway)



ရခိုင္ျပည္နယ္ စစ္ေတြၿမိဳ.မွာ ကိုဗစ္-၁၉ ေရာဂါပိုးေတြ႕သူ ႐ုတ္တရက္တက္လာၿပီး၊ တစ္ႏိုင္ငံလုံးမွာလည္း (၄၀၀) ေက်ာ္အဆင့္ကို ေရာက္သြားပါၿပီ။ ရခိုင္နဲ႔ နယ္စပ္ထိေနတဲ့ ဘဂၤလားေဒ့ရွ္အပါအဝင္၊ အိႏၵိယမွာလည္း ဒီ ကူးစက္မူနဲ႔ ေသႏႈန္းေတြက တဟုန္ထိုးတက္ေနခ်ိန္မွာ အခုအေျခအေနက ဘယ္ေလာက္ထိ စိုးရိမ္ရၿပီး၊ ဘယ္လိုျပင္ဆင္မူေတြလုပ္ထားပါလဲ။

က်န္းမာေရးနဲ႔ အားကစားဝန္ႀကီး ေဒါက္တာ ျမင့္ေထြးရဲ႕ ေျပာၾကားခ်က္ေတြကို ေဖာ္ျပလိုက္ပါတယ္-

စိုးရိမ္ရတယ္ေလ၊ ဘာေၾကာင့္လဲဆိုေတာ့ ကြၽန္ေတာ္တို႔ Genomic Sequencing (ဗိုင္းရပ္စ္ မ်ိဳး႐ိုးဗီဇအခ်က္အလက္ ရွာေဖြေဖာ္ထုတ္ျခင္း) လုပ္လိုက္တယ္ေလ၊ က်ေနာ္တို႔ အိႏၵိယက ဝင္လာတဲ့ပိုးရယ္ ေနာက္တ႐ုတ္က ဝင္လာတဲ့ပိုးရယ္ Genomic Sequencing လုပ္လိုက္တဲ့အခါမွာ (၁၀) ခု လုပ္တဲ့အထဲမွာ (၆) ခုက D614 Gene (မ်ိဳး႐ိုးဗီဇ) မွာ၊ D614 က G ျဖစ္ (G614) ျဖစ္သြားတယ္။ ဆိုေတာ့ ဒီေကာင္ (G614) ျဖစ္လို႔ရွိရင္ ကမာၻမွာ သိတဲ့အတိုင္း infectivity (ကူးစက္ႏိုင္မူ) က ၁၀ ဆေလာက္အထိကို တက္သြားတယ္လို႔ ေျပာတဲ့အျပင္ Viral Load (ဗိုင္းရပ္စ္ပိုးအေရအတြက္) ကလည္း အရမ္းမ်ားလာႏိုင္တယ္ေလ။ ဘာေၾကာင့္လဲဆိုေတာ့ နည္းနည္းစိုးရိမ္တယ္ဆိုတာက ရခိုင္မွာက ခဏေလးအတြင္း ေတာ္ေတာ္မ်ားသြားတယ္။



အခု ရခိုင္ကို က်ေနာ္တို႔ စစ္ဖို႔ ေျပာထားတယ္။ ရခိုင္မွာ ရွိတဲ့ COVID- 19 ဗိုင္းရပ္စ္ရဲ႕ Genome Sequencing ကို လုပ္ဖို႔ေျပာထားတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ခါတိုင္း ဒီဘက္ ရန္ကုန္မွာျဖစ္တဲ့ ဒီ အင္းစိန္တို႔ ျဖစ္တာေတြက သိပ္မမ်ားဘူး၊ ေႏွးတယ္ေပါ့ Infection (ပိုးဝင္မူ) ကေလ ၊ transmission (ပိုးကူးမူ) က ေႏွးတယ္။ ဆိုေတာ့ ရခိုင္က နည္းနည္းေလး ျမန္တယ္ဆိုေတာ့ က်ေနာ္တို႔ ေတာ္ေတာ္ သတိထားေနတယ္။ အဲ့ဒါေၾကာင့္၊ ကြၽန္ေတာ္တို႔ Stay Home.

အခု Stay Home (အိမ္မွာအဓိကေနတာ) နဲ႔ ႏိုင္ရင္ႏိုင္၊ မရရင္ က်ေနာ္တို႔ လုပ္ရမယ္၊ Second Stage (ဒုတိယအဆင္) ေပါ့ေနာ္ ။ ဒါေပမယ့္ ဒီအခ်ိန္မွာ က်ေနာ္တို႔ မေလွ်ာ့ဘူးခင္ဗ်။ နည္းနည္းေတာ္ေတာ္ကို ၾကမ္းၾကမ္းေပါ့ေလ၊ Aggressively က်ေနာ္တို႔လုပ္ပါတယ္။



Mask (ပါးစပ္နဲ႔ႏွာေခါင္းစည္း) တပ္ရမယ္၊ ေဆး႐ုံကဆရာဝန္ေတြက Mask အျပင္ Face shield (မ်က္ႏွာကာ) ပါ တပ္ရမယ္၊ ေနာက္ လက္ေဆးတာ။ ဒါေတြပဲ သိပ္ေထြေထြထူးထူးမဟုတ္ပါဘူး။ ဒီေရာဂါ ကို ျပည္သူက လုပ္ခ်င္တယ္ဆိုရင္ အကုန္ၿပီးတယ္ဗ်ာ၊ Social Distancing လုပ္လွ်င္၊ ကိုယ့္အိမ္ထဲမွာ ကိုယ္ေနလွ်င္ ဒါက ဘာမွမျဖစ္ဘူး၊ လုံးဝမျဖစ္ႏိုင္ဘူး။

Post a Comment

Previous Post Next Post